၀ါရင့္သမိုင္းပညာရွင္ ဆရာမႀကီး ေဒၚၾကန္ အသက္ ၁၀၁ ႏွစ္အ႐ြယ္တြင္ ကြယ္လြန္




Zawgyi ျဖင့္ဖတ္ရန္

ျမန္မာစာေပေလာကမွာ ထင္ရွားတဲ့ စာေရးဆရာမႀကီးတဦးျဖစ္တဲ့ စာေရးဆရာမႀကီး ေဒၚၾကန္(မၾကန္)ဟာ ႏိုဝင္ဘာ ၁၆ ရက္ေန႔ည ၈ နာရီမွာ ကြယ္လြန္သြားခဲ့ပါတယ္။သမိုင္းစာတမ္းေတြကို တစိုက္မတ္မတ္ ေရးသားခဲ့ၿပီး နာမည္ႀကီးတဲ့ ဝါရင့္သမိုင္းပညာရွင္ ဆရာမႀကီးကို ရခိုင္ျပည္နယ္၊ သံတြဲခ႐ိုင္၊ ေတာင္ကုတ္ၿမိဳ႕မွာ ၁၉၁၈ ခုႏွစ္က ေမြးဖြားခဲ့တာျဖစ္ၿပီး ကြယ္လြန္ခ်ိန္မွာေတာ့ အသက္ ၁၀၁ ႏွစ္ရွိေနခဲ့ၿပီ ျဖစ္ပါတယ္။ ဆရာမႀကီးဟာ ၁၉၃၅ ခုႏွစ္မွာ သံတြဲၿမိဳ႕ အစိုးရဟိုက္စကူးေက်ာင္းမွ ဟိုက္စကူး ဖိုင္နယ္ေခၚ ဆယ္တန္းကို (က) အဆင့္မွ ေအာင္ျမင္ခဲ့ၿပီး အဲဒီေက်ာင္းမွာပဲ အလယ္တန္း ဆရာမအျဖစ္နဲ႔ ေခတၱဝင္ေရာက္ အလုပ္လုပ္ခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ ရခိုင္ျပည္နယ္၊ စာတိုက္ဌာန (သံတြဲနဲ႔ စစ္ေတြၿမိဳ႕)ေတြမွာ အထက္တန္းစာေရးအျဖစ္ ဝင္ေရာက္ လုပ္ကိုင္ခဲ့တာပါ။


၁၉၅၁ ခုႏွစ္မွာေတာ့ ရန္ကုန္တကၠသိုလ္ကို တက္ေရာက္ၿပီး ပညာဆက္လက္ ဆည္းပူးခဲ့ရာ ၁၉၅၄ ခုႏွစ္မွာ အထူးတန္း အခြင့္အေရးတက္ေရာက္ခြင့္ ရရွိခဲ့တဲ့အတြက္ ရန္ကုန္တကၠသိုလ္ရဲ႕ ဝိဇၨာ (ဘီေအ)ဘြဲ႕ကို သုံးႏွစ္အတြင္း ေအာင္ျမင္ရရွိခဲ့ပါတယ္။၁၉၅၆ ခုႏွစ္မွာ ျမန္မာသမိုင္းေကာ္မရွင္ (ယခုသမိုင္းသုေတသနဌာန) မွာ က်မ္းျပဳ အရာရွိရာထူးနဲ႔ စတင္တာဝန္ထမ္းေဆာင္ခဲ့ၿပီး ၁၉၅၉ ခုႏွစ္မွာ မဟာဝိဇၨာဘြဲ႕ (သမိုင္းအ ထူးျပဳ) ရရွိေအာင္ျမင္ကာ ရန္ကုန္တကၠသိုလ္ အဂၤလိပ္စာဌာနမွာ နည္းျပဆရာမအျဖစ္ ၂ ႏွစ္ တာဝန္ထမ္းေဆာင္ခဲ့ပါတယ္။ ၁၉၅၇ ခုႏွစ္နဲ႔ ၁၉၅၉ ခုႏွစ္ေတြမွာ ျမန္မာ့သမိုင္း အေထာက္အထားမ်ား ကူးယူ စုေဆာင္းေရးစီမံကိန္းအရ အဂၤလန္ႏိုင္ငံကို သြားေရာက္အမႈထမ္း ေလ့လာႏိုင္ခဲ့ၿပီး ၁၉၆၃ ခုႏွစ္မွာ သမိုင္းသုေတသနဌာန အႀကီးတန္း သုေတသနရာထူးနဲ႔ တာဝန္ထမ္းေဆာင္ခဲ့ပါတယ္။၁၉၇၇ ခုႏွစ္မွာ Cultural Award Scheme နဲ႔ ဩစေၾတးလ်ႏိုင္ငံရွိ ၿမိဳ႕ႀကီးေတြဆီ သြားေရာက္ေလ့လာခဲ့ရၿပီး ၁၉၇၈ ခုႏွစ္မွာေတာ့ သက္ျပည့္ပင္စင္နဲ႔ အၿငိမ္းစားယူခဲ့ပါ တယ္။



အဲဒီေနာက္ သမိုင္းသုေတသနဌာနမွာ အႀကံေပးပုဂၢိဳလ္အေနနဲ႔ ၄ ႏွစ္ေလာက္ ဆက္လက္တာဝန္ထမ္းေဆာင္ခဲ့ၿပီး ၁၉၈၆ ခုႏွစ္မွ ၁၉၉၁ ခုႏွစ္အထိ အမွတ္ (၁) စက္မႈ ဝန္ႀကီးဌာနမွာ “ျမန္မာႏိုင္ငံ စက္မႈလက္မႈသမိုင္း” အတြဲမ်ား ပုံႏွိပ္ထုတ္ေဝႏိုင္ေရးအတြက္ အႀကံေပးပညာရွင္အျဖစ္ ပါဝင္ေရးသားျပဳစုခဲ့ပါတယ္။ ၁၉၉၁ ခုႏွစ္မွာေတာ့ ပညာေရးဝန္ႀကီးဌာန ျမန္မာစာအဖြဲ႕ဝင္အျဖစ္ ဒီကေန႔အခ်ိန္ထိ အခ်ိန္ျပည့္ တာဝန္ထမ္းေဆာင္ခဲ့ပါတယ္။ဆရာမႀကီးဟာ သမိုင္းသုေတသန စာတမ္းေတြ၊ ေဆာင္းပါးေတြနဲ႔ စာအုပ္ေပါင္း မ်ားစြာကို ေရးသားခဲ့ၿပီး ၁၉၇၈ ခုႏွစ္မွာ ျမန္မာႏိုင္ငံအေျခအေန (၁၈၈၅-၈၆) စာအုပ္နဲ႔ အမ်ိဳးသားစာေပ(သုတဝိဇၨာ)ဆု၊ ၂ဝဝ၂ ခုႏွစ္မွာ သမိုင္းရွာပုံေတာ္ခရီးႏွင့္ အျခားစာတမ္းမ်ား စာအုပ္နဲ႔ အမ်ိဳးသားစာေပ(သုတဝိဇၨာ)ဆု၊ ၂ဝဝ၃ ခုႏွစ္မွာ မဟာဝန္ရွင္ေတာ္မင္းႀကီး အုပ္ခ်ဳပ္ေရး (၁၈၈၆-၉၇) စာအုပ္နဲ႔ အမ်ိဳးသားစာေပ(သုတဝိဇၨာ)ဆု၊ ၂ဝဝ၄ ခုႏွစ္မွာ ပခု ကၠဴဦးအုန္းေဖ တသက္တာစာေပဆု၊ ၂ဝဝ၅ ခုႏွစ္မွာ ကိုလိုနီေခတ္ဦး ေက်း႐ြာအုပ္ခ်ဳပ္ ေရး(၁၈၈၆-၉၇)စာအုပ္နဲ႔ အမ်ိဳးသားစာေပ(သုတဝိဇၨာ)ဆု၊ ၂ဝဝ၆ ခုႏွစ္မွာ ဝိဇၨာပညာ ထူး ခြၽန္ဆု(ပထမဆင့္)၊ ၂ဝဝ၆ ခုႏွစ္အတြက္ အမ်ိဳးသားစာေပ တသက္တာဆု၊ Selected Writing of Daw Kyan(Bilingual) စာအုပ္နဲ႔ ထြန္းေဖာင္ေဒးရွင္းစာေပဆု၊ ၂ဝဝ၉ ခုႏွစ္မွာ ကုန္းေဘာင္ခတ္ အခြန္ေတာ္ေရးရာစာအုပ္နဲ႔ အမ်ိဳးသားစာေပဆု၊ ၂၀၁၂ ခုႏွစ္မွာေတာ့ ႏိုင္ငံေတာ္သမၼတထံမွ စည္သူဘြဲ႕တံဆိပ္ေတြကို ရရွိခဲ့ပါတယ္။



ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္ ဇူလိုင္လ ၁ ရက္ေန႔မွာေတာ့ ဆရာမႀကီး ေဒၚၾကန္ရဲ႕ အသက္ ၁၀၀ ျပည့္ ေမြးေန႔ရာျပည့္ပြဲကို ရန္ကုန္ၿမိဳ႕၊ စာေပဗိမာန္ခန္းမမွာ ျပဳလုပ္ခဲ့တာပါ။ေဒၚၾကန္ဟာ ၁၉၆ဝ ျပည့္ႏွစ္ေလာက္ကေန ခုခ်ိန္ထိ သမိုင္းစာတမ္းေတြ ေရးသားလာတဲ့ ပညာရွင္ အမ်ိဳးသမီးႀကီး ျဖစ္တာမို႔ ခုလိုဆုံးရႈံးရမႈအေပၚ မိသားစုဝင္ေတြ၊ တပည့္ တပန္းေတြေရာ၊ ပညာရွင္ေတြကပါ ႏွေျမာတသ ျဖစ္ေနခဲ့ၾကတာ ျဖစ္ပါတယ္။ရန္ကုန္တကၠသိုလ္ ျမန္မာစာဌာန ပါေမာကၡ (ဌာနမႉး) ေဒါက္တာေအာင္ျမင့္ဦးကလည္း သူ႔ရဲ႕ ေဖ့စ္ဘြတ္ခ္လူမႈကြန္ရက္ေပၚမွတဆင့္ ခုလိုေရးသားၿပီး နာေရးသတင္းကို မွ်ေဝထားခဲ့တာပါ။




“သမိုင္းပညာရွင္ စည္သူ မၾကန္ (ေဒၚၾကန္)အသက္ ၁၀၁ ႏွစ္ မေန႔ည ၈နာရီဝန္းက်င္၌ ကြယ္လြန္”အဂၤလိပ္၊ ျမန္မာ မွတ္တမ္း အေထာက္အထားေတြ သုံးၿပီး ျမန္မာ့သမိုင္းကို ျပန္လည္ေရးသားရာမွာ အဓိက ပါဝင္ခဲ့တဲ့ ပညာရွင္တေယာက္ျဖစ္တဲ့ စာေရးဆရာမႀကီး ေဒၚၾကန္ရဲ႕ စာတမ္းေတြ၊ လက္ရာေဆာင္းပါးေတြကိုေတာ့ ျမန္မာသမိုင္းကို သိလိုသူေတြ ဆက္လက္ၿပီး ဖတ္ရႈေနရဦးမွာပဲ ျဖစ္ပါတယ္။

share form:burmese.asia



Unicode ဖြင့်ဖတ်ရန်

ဝါရင့်သမိုင်းပညာရှင် ဆရာမကြီး ဒေါ်ကြန် အသက် ၁၀၁ နှစ်အရွယ်တွင် ကွယ်လွန်

မြန်မာစာပေလောကမှာ ထင်ရှားတဲ့ စာရေးဆရာမကြီးတဦးဖြစ်တဲ့ စာရေးဆရာမကြီး ဒေါ်ကြန်(မကြန်)ဟာ နိုဝင်ဘာ ၁၆ ရက်နေ့ည ၈ နာရီမှာ ကွယ်လွန်သွားခဲ့ပါတယ်။သမိုင်းစာတမ်းတွေကို တစိုက်မတ်မတ် ရေးသားခဲ့ပြီး နာမည်ကြီးတဲ့ ဝါရင့်သမိုင်းပညာရှင် ဆရာမကြီးကို ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့မှာ ၁၉၁၈ ခုနှစ်က မွေးဖွားခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာတော့ အသက် ၁၀၁ နှစ်ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ ဆရာမကြီးဟာ ၁၉၃၅ ခုနှစ်မှာ သံတွဲမြို့ အစိုးရဟိုက်စကူးကျောင်းမှ ဟိုက်စကူး ဖိုင်နယ်ခေါ် ဆယ်တန်းကို (က) အဆင့်မှ အောင်မြင်ခဲ့ပြီး အဲဒီကျောင်းမှာပဲ အလယ်တန်း ဆရာမအဖြစ်နဲ့ ခေတ္တဝင်ရောက် အလုပ်လုပ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ရခိုင်ပြည်နယ်၊ စာတိုက်ဌာန (သံတွဲနဲ့ စစ်တွေမြို့)တွေမှာ အထက်တန်းစာရေးအဖြစ် ဝင်ရောက် လုပ်ကိုင်ခဲ့တာပါ။



၁၉၅၁ ခုနှစ်မှာတော့ ရန်ကုန်တက္ကသိုလ်ကို တက်ရောက်ပြီး ပညာဆက်လက် ဆည်းပူးခဲ့ရာ ၁၉၅၄ ခုနှစ်မှာ အထူးတန်း အခွင့်အရေးတက်ရောက်ခွင့် ရရှိခဲ့တဲ့အတွက် ရန်ကုန်တက္ကသိုလ်ရဲ့ ဝိဇ္ဇာ (ဘီအေ)ဘွဲ့ကို သုံးနှစ်အတွင်း အောင်မြင်ရရှိခဲ့ပါတယ်။၁၉၅၆ ခုနှစ်မှာ မြန်မာသမိုင်းကော်မရှင် (ယခုသမိုင်းသုတေသနဌာန) မှာ ကျမ်းပြု အရာရှိရာထူးနဲ့ စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၅၉ ခုနှစ်မှာ မဟာဝိဇ္ဇာဘွဲ့ (သမိုင်းအ ထူးပြု) ရရှိအောင်မြင်ကာ ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာနမှာ နည်းပြဆရာမအဖြစ် ၂ နှစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၅၇ ခုနှစ်နဲ့ ၁၉၅၉ ခုနှစ်တွေမှာ မြန်မာ့သမိုင်း အထောက်အထားများ ကူးယူ စုဆောင်းရေးစီမံကိန်းအရ အင်္ဂလန်နိုင်ငံကို သွားရောက်အမှုထမ်း လေ့လာနိုင်ခဲ့ပြီး ၁၉၆၃ ခုနှစ်မှာ သမိုင်းသုတေသနဌာန အကြီးတန်း သုတေသနရာထူးနဲ့ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။၁၉၇၇ ခုနှစ်မှာ Cultural Award Scheme နဲ့ ဩစတြေးလျနိုင်ငံရှိ မြို့ကြီးတွေဆီ သွားရောက်လေ့လာခဲ့ရပြီး ၁၉၇၈ ခုနှစ်မှာတော့ သက်ပြည့်ပင်စင်နဲ့ အငြိမ်းစားယူခဲ့ပါ တယ်။



အဲဒီနောက် သမိုင်းသုတေသနဌာနမှာ အကြံပေးပုဂ္ဂိုလ်အနေနဲ့ ၄ နှစ်လောက် ဆက်လက်တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၈၆ ခုနှစ်မှ ၁၉၉၁ ခုနှစ်အထိ အမှတ် (၁) စက်မှု ဝန်ကြီးဌာနမှာ “မြန်မာနိုင်ငံ စက်မှုလက်မှုသမိုင်း” အတွဲများ ပုံနှိပ်ထုတ်ဝေနိုင်ရေးအတွက် အကြံပေးပညာရှင်အဖြစ် ပါဝင်ရေးသားပြုစုခဲ့ပါတယ်။ ၁၉၉၁ ခုနှစ်မှာတော့ ပညာရေးဝန်ကြီးဌာန မြန်မာစာအဖွဲ့ဝင်အဖြစ် ဒီကနေ့အချိန်ထိ အချိန်ပြည့် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ဆရာမကြီးဟာ သမိုင်းသုတေသန စာတမ်းတွေ၊ ဆောင်းပါးတွေနဲ့ စာအုပ်ပေါင်း များစွာကို ရေးသားခဲ့ပြီး ၁၉၇၈ ခုနှစ်မှာ မြန်မာနိုင်ငံအခြေအနေ (၁၈၈၅-၈၆) စာအုပ်နဲ့ အမျိုးသားစာပေ(သုတဝိဇ္ဇာ)ဆု၊ ၂ဝဝ၂ ခုနှစ်မှာ သမိုင်းရှာပုံတော်ခရီးနှင့် အခြားစာတမ်းများ စာအုပ်နဲ့ အမျိုးသားစာပေ(သုတဝိဇ္ဇာ)ဆု၊ ၂ဝဝ၃ ခုနှစ်မှာ မဟာဝန်ရှင်တော်မင်းကြီး အုပ်ချုပ်ရေး (၁၈၈၆-၉၇) စာအုပ်နဲ့ အမျိုးသားစာပေ(သုတဝိဇ္ဇာ)ဆု၊ ၂ဝဝ၄ ခုနှစ်မှာ ပခု က္ကူဦးအုန်းဖေ တသက်တာစာပေဆု၊ ၂ဝဝ၅ ခုနှစ်မှာ ကိုလိုနီခေတ်ဦး ကျေးရွာအုပ်ချုပ် ရေး(၁၈၈၆-၉၇)စာအုပ်နဲ့ အမျိုးသားစာပေ(သုတဝိဇ္ဇာ)ဆု၊ ၂ဝဝ၆ ခုနှစ်မှာ ဝိဇ္ဇာပညာ ထူး ချွန်ဆု(ပထမဆင့်)၊ ၂ဝဝ၆ ခုနှစ်အတွက် အမျိုးသားစာပေ တသက်တာဆု၊ Selected Writing of Daw Kyan(Bilingual) စာအုပ်နဲ့ ထွန်းဖောင်ဒေးရှင်းစာပေဆု၊ ၂ဝဝ၉ ခုနှစ်မှာ ကုန်းဘောင်ခတ် အခွန်တော်ရေးရာစာအုပ်နဲ့ အမျိုးသားစာပေဆု၊ ၂၀၁၂ ခုနှစ်မှာတော့ နိုင်ငံတော်သမ္မတထံမှ စည်သူဘွဲ့တံဆိပ်တွေကို ရရှိခဲ့ပါတယ်။



ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှာတော့ ဆရာမကြီး ဒေါ်ကြန်ရဲ့ အသက် ၁၀၀ ပြည့် မွေးနေ့ရာပြည့်ပွဲကို ရန်ကုန်မြို့၊ စာပေဗိမာန်ခန်းမမှာ ပြုလုပ်ခဲ့တာပါ။ဒေါ်ကြန်ဟာ ၁၉၆ဝ ပြည့်နှစ်လောက်ကနေ ခုချိန်ထိ သမိုင်းစာတမ်းတွေ ရေးသားလာတဲ့ ပညာရှင် အမျိုးသမီးကြီး ဖြစ်တာမို့ ခုလိုဆုံးရှုံးရမှုအပေါ် မိသားစုဝင်တွေ၊ တပည့် တပန်းတွေရော၊ ပညာရှင်တွေကပါ နှမြောတသ ဖြစ်နေခဲ့ကြတာ ဖြစ်ပါတယ်။ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန ပါမောက္ခ (ဌာနမှူး) ဒေါက်တာအောင်မြင့်ဦးကလည်း သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှတဆင့် ခုလိုရေးသားပြီး နာရေးသတင်းကို မျှဝေထားခဲ့တာပါ။



“သမိုင်းပညာရှင် စည်သူ မကြန် (ဒေါ်ကြန်)အသက် ၁၀၁ နှစ် မနေ့ည ၈နာရီဝန်းကျင်၌ ကွယ်လွန်”အင်္ဂလိပ်၊ မြန်မာ မှတ်တမ်း အထောက်အထားတွေ သုံးပြီး မြန်မာ့သမိုင်းကို ပြန်လည်ရေးသားရာမှာ အဓိက ပါဝင်ခဲ့တဲ့ ပညာရှင်တယောက်ဖြစ်တဲ့ စာရေးဆရာမကြီး ဒေါ်ကြန်ရဲ့ စာတမ်းတွေ၊ လက်ရာဆောင်းပါးတွေကိုတော့ မြန်မာသမိုင်းကို သိလိုသူတွေ ဆက်လက်ပြီး ဖတ်ရှုနေရဦးမှာပဲ ဖြစ်ပါတယ်။

share form:burmese.asia

Previous
Next Post »
Powered by Blogger.