Zawgyiဖြင့်ဖတ်ရန်
Credit:momolay
Unicodeဖြင့်ဖတ်ရန်
ရန်ဖြစ်တဲ့ ချစ်သူစုံတွဲတွေက ပိုအချစ်ကြီးကြကြောင်း တွေ့ရှိ
လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် ပေါင်းသင်းဆက်ဆံရေးမှာ တစ်ယောက်အကြောင်းတစ်ယောက် မသိဘဲပေါင်းသင်းဖို့ဆိုတာမလွယ်ကူပါဘူး။တကယ်လို့ နှစ်အကြာကြီးပေါင်းခဲ့တယ်ဆိုရင် စကားများ ၊ ရန်မဖြစ်ဘူးတဲ့ ပေါင်းသင်းဆက်ဆံရေးဟာအတော်နည်းပါလိမ့်မယ်။ မကြာသေးမီ ကလုပ်ထားတဲ့စစ်တမ်းတစ်ခုအရဆိုရင် လက်ထပ်ပြီးသားစုံတွဲ ၄၄ရာခိုင်နှုန်းဟာ တပတ်မှာ အနည်းဆုံးတစ်ခေါက်လောက်တော့ စကားများရန်ဖြစ်ကြခြင်းဟာ သူတို့ရဲ့ပေါင်းသင်းဆက်ဆံရေးကိုရေရှည်ခိုင်ခံ့စေတယ်လို့ ယုံကြည်ကြတယ်လို့ဆိုပါတယ်။ ဘယ်လိုအချက်တွေပိုပြီးကောင်းမွန်စေတဲ့ဆက်ဆံတစ်ခုအဖြစ်တည်ဆောက်နိုင်မှာလည်းဆိုတာကို ပြောချင်လွန်းလို့ပရိသတ်ကြီးသိအောင်ပြောပြပေးလိုက်ပါတယ်နော်။
၁။ ရန်ဖြစ်ခြင်းက သင့်ချစ်သူအပေါ်ငြီးငွေ့နေခြင်းကနေကာကွယ်ပေးပါတယ်
သင်တို့သာနှစ်အနည်းကြာထိတွဲလာခဲ့တယ်ဆိုရင် ဒီအချက်ကိုသဘောတူလိမ့်မယ်မထင်ပါဘူး ။ ဒါက သင့်ရဲ့ကိုယ်ပိုင်အခွင့်အရေးပါ။ သင့်ချစ်သူနဲ့သင်သာအရာအားလုံးစိတ်တူကိုယ်တူဖြစ်နေရတာကဘယ်လောက်ပျင်းဖို့ကောင်းလဲလို့စိတ်ကူးကြည့်လိုက်ပါ။ အဲ့ဒီလိုပြောလိုက်လို့လည်း လန့်မသွားပါနဲ့။ တကယ်လို့နောင်တချိန် သင်သာ အပေါ်ကလိုတွေးမိသွားခဲ့ရင် သင်တို့တတွေစကားများရန်ဖြစ်ရင်းအချစ်တွေပိုပြီးခိုင်မြဲ ပြီးရေရှည်တည်တံ့စေနိုင်မှာပါ။
၂။ ရန်ဖြစ်စကားများခြင်းက ပိုပြီးသင်တို့ကိုအတူတူရှိနေစေပါတယ်။
လေ့လာတွေရှိချက်တွေအရ စုံတွဲတွေကြားမှာ အကြီးမှားဆုံးအမှားကြီးတစ်ခုရှိပါတယ် လို့သိရပြီး အဲ့ဒီအမှားကတော့ သင်တို့ဆက်ဆံရေးမှာ ကိုယ်တိုင်ကပဲဖြစ်ဖြစ် တခြားအကြောင်းအရာတစ်ခုခုကပဲဖြစ်ဖြစ် မှားနေပြီလို့ခံစားရတဲ့အခါ ရေငုံနှုတ်ပိတ်နေနေခြင်းပါပဲ ။ အဲ့လိုနေတာကြောင့် သင်တို့ရဲ့ဆက်ဆံရေးကိုပိုပြီးဆိုးရွားလာစေပြီး နောက်ဆုံး ပြတ်စဲသွားတဲ့အထိတောင်ဖြစ်နိုင်ပါတယ်။
ဒါပေမယ့် မခံမရပ်နိုင်လောက်တဲ့အကြောင်းအရာကိုဆွေးနွှေးဆက်ဆံတာမျိုးတွေလုပ်လို့ကတော့ သင်တို့ဆက်ဆံရေးအတွက်လည်းကောင်းမွန်မှာမဟုတ်ပါဘူး။ ရန်ဖြစ်စကားများခြင်းက သင့်တို့ရဲ့ပြဿနာတွေကို မကြီးလာခင်မှာပဲဖြေရှင်းပစ်လိုက်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် တချို့စုံတွဲတွေကဆိုရင် အတူတူစိတ်ဆိုးပြီး ဘဝတစ်လျှောက်လုံးအတူတူ ဖြတ်သန်းနေထိုင်သွားကြမယ်ဆိုပြီးတောင် ပြောကြပါတယ်။
၃။ စကားများရန်ဖြစ်ခြင်းက သင့်တို့ကြားကဆက်သွယ်မှုတွေကို ပိုပြီးခိုင်မာစေပါတယ်။
သင့်ရဲ့တွဲဘက်နဲ့ သင်စကားများရန်ဖြစ်တဲ့အချိန်ဟာသင့်ကိုနိုင်စေမယ့်အကြောင်းအရင်းလည်းမရှိသလို ရှုံးစေမှာလည်းမဟုတ်ပါဘူး ။ တန်ဖိုးအကြီးဆုံးရရှိတဲ့ အတွေ့အကြုံကတော့ သင်တို့ဟာအခြားအရာပေါင်းများစွာကိုအတူတူသင်ယူလိုက်ရတာပါ။ အဲ့ဒီထက်ပိုတောင်ပိုနိုင်ပါသေးတယ်။ လူတွေဟာစကားများရန်ဖြစ်တဲ့အချိန်တွေမှာသူရဲ့ပုံစ့အမှန်ကိုတွေ့ရလေ့ရှိပါတယ်။ အဲ့တာကြောင့်စကားများရန်ဖြစ်ရင်းသင်ရဲ့ပုံစံအမှန်ကို သင့်ရဲ့တွဲဘက်ကိုပြလိုက်ခြင်းကလည်း သင်နဲ့သင့်တွဲဘက်ကိုပိုပြီးခိုင်မာတဲ့ ဆက်ဆံရေးတစ်ခုဖြစ်လာစေနိုင်တဲ့အထိဖြစ်လာမှာပါ.။
၄။ စကားများရန်ဖြစ်ခြင်းကအခြေနေကောင်းဆက်ဆံရေးအတွက်သင်္ကေတတစ်ခုပါ
စိတ်ပညာရှင်အချို့ရဲ့ဆိုစကားအရလည်း စကားများရန်ဖြစ်ခြင်းကစုံတွဲတွေကြားမှာကောင်းမွန်တဲ့အကျင့်တစ်ခုပါလို့ဆိုပါတယ်။တစ်အကြောင်းကိုတစ်ယောက်ပိုပြီးသိလာတော့ နားလည်ရတာလဲပိုပြီးလွယ်ကူလာမှာပါ။စကားရန်ဖြစ်တဲ့အခါမှာသင်အသံကျယ်ကျယ်နဲ့မပြောဘဲ သေချာအောင်ရှင်းပြီးပြောပြဖို့တော့လိုပါတယ်။
၅။စကားများရန်ဖြစ်ချင်းကသင့်ဆက်ဆံရေးကိုပိုပြီးခိုင်မာစေမှာပါ
အဆိုအမိန့်တွေအရတော့ သင့်တို့ဆက်ဆံရေးကိုယုံကြည်နေတယ်ဆိုရင်တောင်မှ ဆိတ်ဆိတ်မနေသင့်ပါဘူး။တစ်ယောက်နဲ့တစ်ယောက်စကားပြောတဲ့အချိန်မှာ အပြန်အလှန်လေးစားမှုတွေနဲ့သေချာဂရုစိုက်ပြီးနားထောင်သင့်ပါတယ်။အဲ့ဒီလိုက်နာပြီးစကားများရန်ဖြစ်တဲ့အခါသူထက်ငါ လုမပြောရင်တော့ သင့်တို့ရဲ့ဆက်ဆံရေးဟာရိုးမြေကျတည်တံ့နေမှာပါ။
ကဲပြောချင်လွန်းလို့ပရိသတ်ရေ စကားများရန်ဖြစ်ခြင်းနဲ့သံယောစဉ်တွေပိုပိုတိုးလာပါစေနော်။
Credit:momolay
Sign up here with your email
ConversionConversion EmoticonEmoticon