![]() |
| ၂၀၁၃ ဆီးဂိမ်းပွဲစဉ်တစ်ခုမစတင်မီ သန်းသန်းထွေးနှင့် စန်းစန်းမော်တို့ကို တွေ့ရစဉ် (သန်းသန်းထွေးဖေ့စ်ဘွတ်ခ်) |
စန်းစန်းမော်နှင့် သန်းသန်း ထွေးတို့သည် ၂၀၀၁ ဆီးဂိမ်းပြိုင် ပွဲမှစတင်ကာ အမျိုးသမီး လက် ရွေးစင်အသင်းတွင် ပါဝင်ကစားခဲ့ ပြီး အအောင်မြင်ဆုံးအဖြစ်၂၀၀၄ နှင့် ၂၀၀၇ တို့၌ အသင်းနှင့်အတူ အာဆီယံအမျိုးသမီးချန်ပီယံ ဆု ဖလားရရှိအောင် စွမ်းဆောင်ပေး နိုင်ခဲ့သည်။
မြန်မာအမျိုးသမီးလက်ရွေး စင်အသင်းတွင် နှစ်ပေါင်း ၁၄ နှစ် ကျော် လက်ရွေးစင်အဖြစ် ကစား ခဲ့သည့် ကွင်းလယ်ကစားသမား သန်းသန်းထွေးသည် အိုလံပစ်ခြေ စစ်ပွဲမတိုင်မီ ခြေသလုံးကြွက်သား ဒဏ်ရာကြောင့် ကာလရှည်အနား ယူခဲ့ရသည်။ ယင်းပြိုင်ပွဲနှင့် လွဲချော်ရန် အခြေအနေများရှိခဲ့ကာ ပြိုင်ပွဲမတိုင်မီ ဒဏ်ရာပြန်လည်သက်သာလာ၍ ခြေစစ်ပွဲဝင်ပြိုင်မည့် လူစာရင်းတွင် ပါဝင်လာခဲ့သော်လည်း လူစားဝင်ကစားသမားအဖြစ်သာ ကစားခဲ့ရသည်။
‘‘လက်ရွေးစင်ကစားသမား ဘ၀က အနားယူဖို့အတွက် ဆုံး ဖြတ်လိုက်ပါပြီ။ ဒဏ်ရာအခြေအနေနဲ့ အသက်အရွယ်ကြောင့် ဘောလုံးသမားဘ၀က အနားယူဖို့ ဆုံးဖြတ်လိုက်တာပါ။ ဘောလုံးသမားဘ၀က အနားယူပြီးရင် နည်းပြသင်တန်းတွေတက်ပြီး နည်းပြလုပ်ဖို့ အစီအစဉ်ရှိပါတယ်’’ဟု သန်းသန်းထွေးကပြောသည်။
အမျိုးသမီးလက်ရွေးစင် က စားသမား သန်းသန်းထွေးသည် အသက် (၂၉)နှစ်အရွယ်ရှိပြီဖြစ် ပြီး အမျိုးသမီးဘောလုံးအသင်း အောင်မြင်မှုရရှိရေးနှင့် လူငယ်မျိုးဆက်သစ် ကစားသမားများ ပေါ်ထွက်လာရန် အမျိုးသမီးလိဂ်ပြိုင်ပွဲနှင့် အမျိုးသမီးဘောလုံးပြိုင်ပွဲများ ကျင်းပသင့်ကြောင်း ၎င်းကပြောသည်။
မြန်မာ့လက်ရွေးစင် အမျိုး သမီးအသင်း၏ အဓိကစားသမား စန်းစန်းမော်သည်လည်း အသက် အရွယ်ကြောင့် လက်ရွေးစင်ကစား သမားဘ၀မှ အနားယူမည်ဖြစ်ပြီး စန်းစန်းမော်သည် အသက်(၃၆) နှစ်ရှိပြီဖြစ်သည်။
သန်းသန်းထွေးနှင့် စန်းစန်း မော်တို့သည် အိုလံပစ်အာရှဇုန်ဒုတိယအဆင့် ခြေစစ်ပွဲ အုပ်စုနောက်ဆုံးပွဲ တရုတ်(တိုင်ပေ) အသင်းနှင့်ပွဲတွင် လူစားဝင်ကစားခဲ့ကာ သန်းသန်းထွေးက ၇၉ မိနစ်၌ ဂိုးသွင်းယူနိုင်ခဲ့ပြီး ပွဲအပြီးတွင် မြန်မာအသင်းက ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ချစ်ဝိုင်း - 7day
Sign up here with your email

ConversionConversion EmoticonEmoticon