လတ်တလော တနိုင်ငံလုံး နေရာအနှံ့ ဖြစ်ပေါ်နေတဲ့ လက်နက်ကိုင်တိုက်ပွဲတွေကို ချက်ခြင်းရပ်တန့်ပေးဖို့ ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ (ယူအန်အက်ဖ်စီ) က တောင်းဆို လိုက်ပါ တယ်။
အစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား တနိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးဆိုင်ရာ သဘော တူညီမှုရရှိရေး ရန်ကုန်မှာ ကြိုးပမ်းဆွေးနွေးနေချိန် ရှမ်ပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်တွေမှာ မြေပြင်သာမက ဝေဟင်ကပါ စစ်ဆင်ရေး တိုးမြှင့်တဲ့အတွက် ဒီတွေ့ဆုံ ဆွေးနွေးပွဲ အချည်းနှီးသာဖြစ် တယ်လို့ ယူအန်အက်စီက ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
ဆွေးနွေးမှုတွေလုပ်နေချိန်မှာ ဒီလိုထိုးစစ်ဆင်တဲ့အတွက် ဒီဆွေးနွေးမှုဟာ အလဟသဖြစ်သလို အချိန်ကုန် လူပင်ပန်းပြီး ငြိမ်းချမ်းရေးမျှော်လင့်ချက် အလှမ်းကွာဝေးဦးမယ်လို့ ကြေညာ ချက်မှာဖော်ပြပါတယ်။
ဒါကြောင့် အစိုးရ၊ လွတ်တော်နဲ့ တပ်မတော် အနေနဲ့ တိုင်းပြည်အတွက် အမှန်တကယ် မေတ္တာစေနာ ထားရင် တိုင်းရင်းသားပြည်သူတွေနဲ့ လက်တွဲပြီး ပြဿနာအရပ်ရပ်ကို စိတ်ရှည်သည်းခံကာ စားပွဲဝိုင်းမှာ တွေ့ ဆုံဆွေးနွေးဖို့နဲ့ နေရာအနှံ့ ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေ ချက်ချင်းရပ်တန့်ဖို့ တိုင်းရင်းသားလက်နက်ကိုင် တပ်ပေါင်းစုက တောင်းဆိုပါတယ်။
DVB
Sign up here with your email
ConversionConversion EmoticonEmoticon