![]() |
မြို့တော် လေဆိပ်ကို ဆော်ဒီ တပ်တွေ ဝေဟင်ကနေ တိုက်ခိုက်ပြီးတဲ့နောက် ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေကြစဉ် (Credit: Reuters) |
ဆော်ဒီအာရေးဘီးယားနဲ့ တခြား ညွန့်ပေါင်းတပ်ဖွဲ့တွေဟာ Houthi သူပုန်တွေကို ဒုတိယမြောက်နေ့အဖြစ် ဝေဟင်ကနေ တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။
အခုအချိန်အထိ စစ်သားတွေကို မြေပြင် ပို့မပို့ ဆိုတာ မဆုံးဖြတ်ရသေးပေမယ့် စစ်သားတွေတော့ အသင့်ဖြစ်နေပြီလို့ ဆော်ဒီအာရေးဘီးယား စစ်တပ်က ပြောပါတယ်။
ဆော်ဒီအာရေးဘီးယားက Houthi သူပုန်တွေကို တိုက်ခိုက်နေတာကို Houthi သူပုန်ကို ထောက်ခံတဲ့ အီရန်နိုင်ငံက ရှုတ်ချခဲ့တာ ဖြစ်ပါတယ်။
Houthi သူပုန်တွေရဲ့ ထိုးစစ်ဆင်မှုတွေကြောင့် ရီမန် သမ္မတက Aden မြို့ကနေ ရေကြောင်းနဲ့ ထွက်ပြေး ခဲ့ရပြီး ဆော်ဒီအာရေးဘီးယား နိုင်ငံမှာ ရှိနေတယ်လို့လည်း သိရပါတယ်။
ဆော်ဒီ အာရေးဘီးယား တပ်တွေရဲ့ တိုက်ခိုက်မှုအတွင်း ပြည်သူ တချို့ သေဆုံးခဲ့ရတာတွေလည်း ရှိခဲ့ပါ တယ်။
ABC Radio Australia
Sign up here with your email
ConversionConversion EmoticonEmoticon