ပါကစ္စတန် ကျောင်းတစ်ကျောင်းကို တာလီဘန်တို့ တိုက်ခိုက်၊ ကလေးအများစု အပါအဝင် (၁၀၀)ကျော် သေဆုံး





ပါကစ္စတန် နိုင်ငံရှိ ကျောင်းတစ်ကျောင်းကို တာလီဘန် သေနတ်သမားများက စီးနင်းတိုက်ခိုက်သဖြင့် ကလေးငယ် အများစု အပါအဝင် လူ(၁၀၀)ကျော် အသက်ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၁၆ ရက်က လုံခြုံရေးဝန်ထမ်း ယူနီဖောင်း ဝတ်ဆင်ထားသည့် တာလီဘန် စစ်သွေးကြွ (၅)ဦး၊ သို့မဟုတ် (၆)ဦးခန့်သည် ပီရှာဝါရှိ စစ်တပ်နှင့် ဆက်စပ်သော စာသင်ကျောင်း တစ်ကျောင်းထဲ ဝင်ရောက် လာပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ကျောင်းအတွင်းမှ ပစ်ခတ်သံများနှင့် ပေါက်ကွဲသံများကို ဆူညံစွာ ကြားနေရကြောင်း အနီးအနားမှ ဒေသခံ များက ဆိုသည်။ သေဆုံးသူ (၁၀၀)ကျော်အနက် (၈၀)ကျော်သည် ကလေးငယ်များ ဖြစ်ကြောင်းလည်း သတင်းများက ဖော်ပြခဲ့သည်။

ကျောင်းထဲရှိ ကလေးငယ် (၅၀၀)ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးပြီး ဖြစ်သော်လည်း အဆောက် အအုံထဲတွင် အရေအတွက် မည်မျှထိ တာလီဘန်တို့၏ ဓားစာခံအဖြစ် ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသည်
ဆိုခြင်းကို ကွဲကွဲပြားပြား မသိရသေးချေ။

တာလီဘန် ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ယခုတိုက်ခိုက်မှုသည် မိမိတို့အပေါ် ပါကစ္စတန်စစ်တပ်၏ ထိုးစစ်များအတွက် တုံ့ပြန်ခြင်းဟု ပြောကြားခဲ့သည်။ မြောက်ပိုင်းဝါဇီရစ္စတန်တွင် စစ်တပ်က အရှိန်မြှင့် ထိုးစစ်ဆင်မှုများကြောင့် ပြီးခဲ့သည့် လပိုင်းများအတွင်း တာလီဘန် စစ်သွေးကြွ ရာနှင့်ချီ သေဆုံးခဲ့သည်။

စစ်တပ်က ဖွင့်လှစ်ထားသည့် ပြည်သူ့ပညာရေး ကျောင်းထဲသို့ တာလီဘန် လက်နက်ကိုင်များ ဝင်ရောက် လာစဉ် ကျောင်းဝင်းထဲ၌ စစ်ဘက် ပညာရှင် အဖွဲ့တစ်ဖွဲ့က ကျောင်းသားများကို ရှေးဦးသူနာပြု ကုသနည်း များကို လက်တွေ့ သင်ကြားပေးနေကြောင်း လွတ်မြောက်လာသည့် ကျောင်းဝန်ထမ်း တစ်ဦးက ဆိုသည်။

မူဒက်ဆာ အေဝမ်က “သူတို့ စပစ်တာနဲ့ ကျွန်တော်တို့လည်း နီးရာ စာသင်ခန်းထဲ ဝင်ပြေးတာပဲ။ သူတို့က လည်း အခန်းတွေထဲထိ ဝင်ပြီးတော့ ကလေးတွေကို ပစ်သတ်ပါတယ်”ဟု ပြောကြားခဲ့သည်။ ၎င်းက အတိ အကျ မမှတ်မိသော်လည်း သေနတ်သမား (၆)ဦး၊ (၇)ဦးခန့်ကို မြင်မိကြောင်းလည်း လုံခြုံရေး တပ်ဖွဲ့များ ကို အသိပေးခဲ့သည်။

ကျောင်းရှေ့တွင် လူနာတင်ယာဉ်များ၊ သံချပ်ကာယာဉ်များ ဝန်းရံ စောင့်ဆိုင်းနေပြီး လွတ်မြောက်လာသည့် ဒဏ်ရာရသူများကို နီးစပ်ရာ ဆေးရုံတစ်ခုသို့ အလျင်အမြန် ပို့ဆောင်ပေးနေသည်။

စစ်တပ်သည် ကျောင်းပရဝုဏ် အပြင်ဘက်တွင် နေရာယူပြီး တာလီဘန် တပ်ဖွဲ့များကို စစ်ဆင်ရေးတစ်ရပ် ဆင်နွှဲရန် လုပ်ဆောင်နေဆဲဟု သိရှိရသည်။

7day



ConversionConversion EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng
Powered by Blogger.