ရွေးကောက်ပွဲမတိုင်မီ တပ်မတော်ထိပ်ပိုင်း အပြောင်းအလဲလုပ်မည်


မြန်မာ့တပ်မ တော်အကြီးအကဲ ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်သည် လာ မည့်နှစ်လအတွင်း ရာထူးမှနုတ် ထွက်ကာ နိုင်ငံရေးလောကထဲ သို့ ဝင်ရောက်မည်ဖြစ်ကြောင်း သတင်းရင်းမြစ်များ၏ အဆိုအရ သိရကြောင်း မြန်မာ့အရေး ကျွမ်း ကျင်သူ လယ်ရီဂျေဂင်က ဆောင်း ပါးရေးသားထားသည်။ 

လက်ရှိတပ်မတော် ဒုတိယ အကြီးအကဲ ဒုတိယဗိုလ်ချုပ်မှူး ကြီး စိုးဝင်းက ၎င်း၏နေရာကို ရက်သတ္တပတ် အနည်းငယ် အတွင်း အစားထိုးနေရာယူသွား မည်ဖြစ်ကြောင်း သတင်းရင်း မြစ်များက ဆိုသည်။
တရားဝင် အမိန့်ထုတ်ပြန် ချက်ကို ယခုလဆန်းတွင် လက် မှတ်ရေးထိုးထားပြီးဖြစ်သည်ဟု ဆောင်းပါး၌ ဖော်ပြသည်။

ယခုလှုပ်ရှားမှုမှာ မြန်မာ နိုင်ငံတွင် နှစ်ကုန်ပိုင်း၌ကျင်းပ မည့် ပါတီစုံရွေးကောက်ပွဲအ တွက် အကြိုပြင်ဆင်နေခြင်း ဖြစ် ဖွယ်ရှိသည်။

‘‘ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်ဟာ နိုင်ငံရေးရည်မှန်းချက် တွေရှိတာ အထင်အရှားပါပဲ။ သူအနားယူပြီး နိုင်ငံရေးထဲ ၀င်မှာပဲ’’ ဟု လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဗဟို ကော်မတီဝင် ဦးဝင်းထိန်က ဆိုသည်။

ရာထူးမှ ဆင်းတော့မည့် စစ်တပ်အကြီးအကဲသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တည်ထောင်ခဲ့သော လက်ရှိအာဏာရ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) သို့ ဝင်ရောက်ရန် မျှော်လင့်ထားကြသည်။

သို့သော် ထိုအချက်မှာ မသေချာလှဘဲ အနားယူမည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သမ္မတလောင်း စာရင်း တင်သွင်းမှုတွင် ရွေးကောက်ခံ အမတ်တစ်ဦးဖြစ်ရန် မလိုအပ် ဘဲ နိုင်ငံရေးသို့ မည်သည့်ပါတီဝင်အဖြစ်မှ မဟုတ်ဘဲ ဝင်ရောက်နိုင်စွမ်းရှိနေသည်။

စစ်တပ်အကြီးအကဲ၏ အ နာဂတ်စီမံကိန်းများနှင့် ပတ် သက်၍ စူးစမ်းမှုများ လက်ရှိ အချိန်တွင် ရှိနေဆဲဖြစ်ပြီး အ များစုကလည်း ၎င်းသည် ယခုနှစ် အတွင်း အနားယူနိုင်သည်ဟု ယုံကြည်နေသည်။ စစ်တပ်တွင် အငြိမ်းစားယူရန် သက်တမ်းမှာ (၆၀) နှစ်ဖြစ်သော်လည်း ယခုနှစ်အစောပိုင်းကပင် ၎င်းအနေဖြင့် လာမည့် ၂၀၁၆ မတိုင်မီအထိ ထိုအရွယ်သို့ မရောက်နိုင်သေးကြောင်း အတည်ပြုခဲ့ပြီးဖြစ်သည်။

သို့သော်လည်း အချို့သော ရင်းမြစ်များက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကျန်းမာ ရေး အကြောင်းပြချက်များဖြင့် အနားယူနိုင်သည်ဟု ဆိုနေ သည်။

‘‘စစ်တပ်တစ်ခုလုံးရဲ့ အ ကျိုးစီးပွားဟာ ပုဂ္ဂိုလ်ရေးပြိုင် ဆိုင်မှုတွေ၊ အကျိုးစီးပွားတွေ ထက် အမြဲပဲ ကျော်လွန်နေပါ တယ်။ နိုင်ငံတစ်ခုလုံးရဲ့ လုံခြုံ ရေးနဲ့ အကျိုးစီးပွားတွေကို ကာ ကွယ်ရမယ့် အင်စတီကျူးရှင်း တစ်ခုအနေနဲ့ရော၊ မက်မော လောက်ဖွယ် ဘုံစီးပွားရေး အ ကျိုးစီးပွားတွေ ရှိနေတာကြောင့် သူတို့ဟာ အမြဲပဲ ညီညွတ်တဲ့ တပ်ဦးကို ထိန်းသိမ်းထားပါ တယ်’’ ဟု ဩစတြေးလျ မက်ကွာ ရီ တက္ကသိုလ်မှ မြန်မာ့ရေးရာ ကျွမ်းကျင်သူ ရှောင်တန်နယ်က ဆိုသည်။

ဆန်းစစ်သူ တော်တော်များ များက ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးအား တစ်ပေးထားပြီး မင်းအောင်လှိုင် အနားယူချိန်တွင် ၎င်းနေရာဆက်ခံရန် ပြီးခဲ့သည့် နှစ်အနည်းငယ်ကပင် ရာထူး တိုးပေးထားခဲ့ကြောင်း ဆိုကြသည်။

၎င်းသည် စစ်ထောက်လှမ်း ရေး အကြီးအကဲအဖြစ်လည်း ယမန်နှစ်က ခန့်အပ်ခံခဲ့ရသည်။ မကြာသေးမီက ၎င်းသည် ရှမ်း ပြည်မြောက်ပိုင်း ကိုးကန့် စစ် ဆင်ရေးတွင် ဦးစီးခဲ့သည်။

ဒုဗိုလ်ချုပ်ကြီး မြထွန်းဦး သည် ယခင် ၂၀၀၉ ဩဂုတ်တွင် ကိုးကန့်တပ် (MNDAA) နှင့် ခေါင်းဆောင် ဖုန်ကြားရှင်ကို တိုက်ခဲ့ရာ၌ စစ်ဆင်ရေး ကြီးကြပ်ခဲ့သူဖြစ်သည်။ မည်သို့ပင်ဆိုစေ ထိုတိုက်ပွဲ မှာ စစ်တပ်ပုံရိပ်ကို မြင့်တက်စေ ခဲ့ပြီး တပ်မတော်အတွင်း အမျိုး သားဇာတိမာန်ကို တက်ကြွစေ ခဲ့ကာ ပြည်သူထောင်ပေါင်းများ စွာမှာလည်း ရှေ့တန်းရောက် စစ်သားများကို အားကျလေး စားကြောင်း နိုင်ငံ၏ ဆိုရှယ်မီဒီ ယာ စာမျက်နှာများတွင် ဖော်ပြ ဖြစ်စေခဲ့သည်။

နေပြည်တော်တွင် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်၏ နိုင်ငံ ရေးဩဇာကိုလည်း တိုးတက်စေ ခဲ့သည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ လဆန်းတွင် တိုက်ပွဲများ စတင် ခဲ့ပြီးနောက် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်မှာ အပတ်စဉ်ကျင်းပ သည့် အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီ အစည်း အဝေးများတွင် လွှမ်းမိုးလာခဲ့ သည်ဟု သတင်းရင်းမြစ်များက ဆိုထားသည်။

မည်သို့ပင်ဖြစ်စေ စစ်တပ်အ တွင်း အငြင်းအခုံနှင့် ကွဲပြားမှုများ ရှိနေသော်လည်း နေရာဆက်ခံမှု ကိစ္စမှာ ခင်မင် ရင်းနှီးစွာပင် ဖြေ ရှင်းပြီး ဖြစ်သည်။ ဒုဗိုလ်ချုပ် မှူးကြီး စိုးဝင်းမှာဇူလိုင်လတွင် ကာချုပ်နေရာကို ရယူမည်ဟု သတင်းရင်းမြစ်များကဆိုသည်။ စစ်တပ်၏ ကြီးစဉ်ငယ်လိုက် သဘာဝနှင့် အင်စတီကျူးရှင်း တည်ငြိမ်မှုကို ဦးစားပေးရန် လိုအပ်ချက်ကြောင့် ဒုတိယ ဗိုလ်ချုပ်ကြီးမြထွန်းဦးမှာ ၎င်း၏ အလှည့်ကျရောက်ရန် စောင့်ဆိုင်းရမည်ဖြစ်သည်။

သို့သော် နိုင်ငံရေးအကျဉ်းသားဟောင်း လူရွှင်တော် ဇာဂနာ ပြောသကဲ့သို့ပင် ‘‘၎င်းမှာ စောင့် ကြည့်ရမည့်သူတစ်ဦး’’ သာ ဖြစ် နေဆဲဖြစ်သည်။

ဒုတိယကာကွယ်ရေး ဦးစီးချုပ်မှာ မည်သူဖြစ်လာမည်မှာ မသေချာဘဲ ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် နီးစပ်သည့် ဒုဗိုလ်ချုပ်ကြီးကျော်ဆွေမှာလည်း ဖြစ်နိုင်သည်ဟု သတင်းအချို့က ဆိုသည်။

‘‘ဒါက စစ်တပ်တွင်းမှာ အ စဉ်အလာထုံးစံဖြစ်ပါတယ်။ ရာ ထူးတိုးတာနဲ့ ဆက်ခံတာတွေ ကို သူ့အတွင်းထဲမှာပဲ တင်းကျပ် စွာလုပ်တာ ဖြစ်ပါတယ်။ မင်း အောင်လှိုင်နဲ့ စိုးဝင်းတို့က စစ် တပ်ရဲ့ အနာဂတ်ထဲမှာ ပါပြီး သားဖြစ်ပြီး အဓိက ဆုံးဖြတ် ချက်တွေကိုလည်း စုပေါင်းလုပ် ဆောင်သွားဖို့ သဘောတူထား ခဲ့ပြီး ဖြစ်ပါတယ်’’ ဟု ရှောင်တန် နယ်က ဆိုသည်။ 

ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ အဓိက ဦးစားပေးတာဝန်များမှ တစ်ခုမှာ နိုင်ငံ၏ နိုင်ငံရေးတွင် စစ် တပ်၏ အခန်းကဏ္ဍကို အပြည့် အဝထိန်းသိမ်းရေး ဖြစ်မည်မှာ သေချာသည်။ လွှတ်တော်တွင် အလိုအလျောက် ပါဝင်ခွင့်နှင့် စစ်တပ်ကိုယ်စားလှယ် အမတ် များ ၂၅ ရာခိုင်နှုန်းကို ဆက်လက် ကာကွယ်ထားရှိရေးတို့ အပါအဝင်ဖြစ်သည်။

စစ်တပ်အမတ် ၁၆၆ ဦးကို ခန့်အပ်မည်မှာ ကာကွယ်ရေးဦး စီးချုပ် အသစ်ပင်ဖြစ်ပါသည်။ အခြေခံဥပဒေအရ ကာချုပ်သည် ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေး နှင့် နယ်စပ်ရေးရာဝန်ကြီးသုံးဦးကိုလည်း ခန့်အပ်ရမည်ဖြစ်ရာ ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ရွေးချယ်ရမည်ဖြစ်သည်။ အနာဂတ်စီမံကိန်း အစိတ်အပိုင်း တစ်ခုအဖြစ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် စစ်တပ်အမတ်များအား ပါလီမန်တွင် ရွေးချယ်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဒုသမ္မတ အဖြစ် ရွေးချယ်စေမည်ဖြစ်ပါသည်။

အတိုက်အခံများထဲတွင်မူ တချို့က ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် လူသစ်ဖြစ်ရာ ချဉ်း ကပ်နည်းအသစ်ဖြင့် ဖြစ်မည်ဟု ယုံကြည်နေပါသည်။

‘‘မင်းအောင်လှိုင်နဲ့ ယှဉ်ရင် စိုးဝင်းက ပိုပွင့်လင်းပြီး နှစ်လိုဖွယ် ဖြစ်ပါတယ်’’ ဟု NLD မှ ဦးဝင်း ထိန်က ပြောသည်။

သို့သော် NDF အကြီးအကဲ ဦးခင်မောင်ဆွေက စိုးဝင်းသည် မင်းအောင်လှိုင်ထက် ပိုခေါင်းမာ မည်ဟု ယုံကြည်နေသည်။

ရှမ်း SNLD ခေါင်းဆောင် ဦး ခွန်ထွန်းဦးကလည်း ဗိုလ်ချုပ်စိုး ဝင်းနှင့် အတိတ်က ထိတွေ့ဆက် ဆံခဲ့ရသည့် တိုင်းရင်းသား လူ နည်းစုများမှာ စိတ်ကျေနပ်မှုရှိ မည် မဟုတ်ဟု ဆိုပါသည်။

အခြားတစ်ဖက်တွင်တော့ ကချင်အမတ်များက ၎င်းသည် မြောက်ပိုင်းတိုင်း တိုင်းမှူးဖြစ်စဉ် ရိုးသားပြီး ပျော့ပျောင်းသူဖြစ် သည်ဟု ခံစားရကာ ပို၍စိတ်အားထက်သန်နေကြပါသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်မှာ ၎င်းကိုယ်ကိုယ် မာကျော သည့်၊ ယုံကြည်မှုရှိသည့် စစ်ဦးစီး ချုပ်တစ်ဦးအနေဖြင့် အသွင်ယူ ထားသည်။ ၎င်း၏ ရုံးတွင် အောက်ခြေ အရာရှိများကိုပင် ကျည်ကာအင်္ကျီများ ဝတ်ဆင် ထားစေသည်။ တစ်ဖက်တွင်တော့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းမှာ အထီးကျန်သူဖြစ်ခြင်း၊ ခြစားမှုများကို စိုးရိမ်ခြင်းနှင့် ပဋိပက္ခများနှင့် တင်းမာမှုများကို ဆွေးနွေးညှိနှိုင်းခြင်းနည်းဖြင့် ဖြေရှင်းလိုခြင်းတို့ ရှိကြောင်း ကျော်ကြားသူဖြစ်သည်။

ဤသည်မှာ အမှန်ဖြစ်လျှင်လာမည့် ရွေးကောက်ပွဲများပြီးလျှင် ဆွေးနွေးညှိနှိုင်းမှုများဖြင့် ညွန့်ပေါင်းအစိုးရတည်ဆောက်လိုသူ ဒေါ်အောင်ဆန်းစုကြည်အတွက် သတင်းကောင်းဖြစ်ပါ လိမ့်မည်။

အခြေခံဥပဒေ ပြုပြင်ရေးဆွဲ ရေးနှင့် နိုင်ငံရေး ဆွေးနွေးမှုများ ပြုလုပ်ရေး တောင်းဆို ဖိအားပေးနေသည့် လူနည်းစု တိုင်းရင်းသားများနှင့် ဖက်ဒရယ်အရေး၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် လက်မှတ်ရေးထိုးနိုင်ရေး တို့အတွက် ဗိုလ်ချုပ်စိုးဝင်း ကာချုပ်ဖြစ်လာလျှင် ရနိုင်သည်။

‘‘ဗိုလ်ချုပ်စိုးဝင်း ကာချုပ် ဖြစ်လာတာနဲ့အတူ ဆွေးနွေးမှု တွေ စတင်ဖို့ လမ်းပွင့်လာမှာ သေချာ ပါတယ်’’ ဟု ဦးဝင်းထိန်က အကောင်းမြင်ဖြင့် ပြောသည်။

7Day Daily
Previous
Next Post »
Powered by Blogger.