ဂမ္ဘီယာ လံုၿခံဳေရး တပ်ဖွဲ့များသည် မြို့တော် ဘန်ဂျူလ်တွင် ဒီဇင်ဘာ ၂ ရက်မှ စတင်ကာ မသင်္ကာသူများ ကို လိုက်လံ ရှာဖွေနေကြောင်း ဒေသခံများက ဆိုသည်။ အနောက်အာဖရိက ဒေသရှိ နိုင်ငံ၏ သမ္မတဖြစ် သူ ယာယာ ဂျမ်မားက နိုင်ငံအတွင်း အာဏာသိမ်းရန် ကြံစည်မှုတစ်ခု ပေါ်ပေါက်ခဲ့ကြောင်း အတည်ပြုခဲ့ပြီး ယင်းအကြံအစည်ကို ဟန့်တားနိုင်ခဲ့ကြောင်း ပြောကြားထားသည်။
မျက်မြင်များက စစ်သားများသည် လမ်းတစ်လမ်းချင်းစီတွင် စစ်ဆေးရေးဂိတ်များ ထားရှိပြီး အာဏာသိမ်းရန် လှုပ်ရှားမှုနှင့် စပ်လျဉ်းသည့် မသင်္ကာသူများကို ရှာဖွေနေကြောင်း ပြောကြားခဲ့သည်။
ဒီဇင်ဘာ ၃၀ က သမ္မတ နန်းတော်ကို ဦးတည် တိုက်ခိုက်မှုတစ်ခု ကြုံခဲ့ရသော်လည်း လုံခြုံရေး တပ်ဖွဲ့များ က တွန်းလှန်နိုင်ခဲ့သည်။ ထိုအချိန်က သမ္မတ ဂျမ်မားသည် ဒူဘိုင်းသို့ သွားရောက် လည်ပတ်နေကြောင်း လည်း သိရသည်။
“ဂမ်ဘီယာစစ်သားတွေက သေနတ်တွေလွယ်ပြီး တစ်အိမ်ချင်းစီ လိုက်စစ်နေပါတယ်”ဟု ဘန်ဂျူလ်တွင် နေ ထိုင်သည့် အမျိုးသမီး တစ်ဦးက AFP သို့ ပြောကြားခဲ့သည်။ သူမကပင် “စစ်သားတွေက အာဏာသိမ်းဖို့ ကြိုးစားသူတွေဟာ မြို့တော်ထဲမှာပဲ ရှိနေဆဲလို့ ယူဆနေပါတယ်”ဟုလည်း ဆိုသည်။
အာဏာသိမ်းရန် ကြံစည်မှု တစ်ရပ်ကို တွန်းလှန်ခဲ့ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း ဂမ်ဘီ ယာ အစိုးရနှင့် စစ်ဘက်က လက်ရှိ အခြေအနေများအပေါ် မှတ်ချက်မပေးဘဲ နှုတ်ဆိတ်နေသည်။
ထောက်လှမ်းရေးဌာနမှ အမည်မဖော်ပြသည့် တာဝန်ရှိသူ တစ်ဦးက နံနက်အစောပိုင်း ဝင်ရောက် စီးနင်း တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ဇန်နဝါရီ ၁ ရက်တွင် လူပေါင်း အတော်များများကို ဖမ်းဆီးခဲ့ကြောင်း ပြော ကြားခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုတွင် လက်နက်ခဲယမ်း စုံလင်စွာ တပ်ဆင်ထားသူများသည် မြစ်ကြောင်း အတိုင်း လှေဖြင့် ရောက်ရှိလာကာ သမ္မတ နန်းတော်ကို စီးနင်းရန် ကြိုးပမ်းခဲ့ကြသည်။
စစ်ဘက်၏ အဆိုအရ အဆိုပါ ပုန်ကန်မှုတွင် စစ်ဘက်ပြေး ဗိုလ်ကြီးတစ်ဦးက ခေါင်းဆောင်ပြီး လုံခြုံရေး တပ်ဖွဲ့များ၏ တုံ့ပြန်မှုကြောင့် ၎င်းအပြင် အခြားသော သူပုန်အဖွဲ့သားနှစ်ဦးပါ သေဆုံးခဲ့ကြောင်း သိရ သည်။ ပုန်ကန်မှုကို အကူအညီပေးသည်ဟု ယူဆရသည့် စစ်တပ် အရာရှိ (၄)ဦးသည်လည်း အိမ်နီးချင်း ဂီနီယာဘစ်ဆော နိုင်ငံသို့ ခိုလှုံသွားကြောင်း စစ်တပ်က ပြောကြားခဲ့သည်။
အသက်(၄၉)နှစ် အရွယ်ရှိ သမ္မတ ဂျမ်မားကိုယ်တိုင်သည်လည်း အာဏာသိမ်းမှု တစ်ခုဖြင့် ဂမ်ဘီယာကို စတင် အုပ်ချုပ်ခဲ့သည်မှာ နှစ်ပေါင်း(၂၀)မျှ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ၎င်းသည် သမ္မတ သက်တမ်းအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ စွပ်စွဲမှုများနှင့်လည်း ရင်ဆိုင်ခဲ့ရသည်။
7day
Sign up here with your email
ConversionConversion EmoticonEmoticon