ရန်ကုန်၊ ခိုက်ရန်ဖြစ်ပွားမှုနှင့် မှုခင်းအဖြစ် များသည့် မြို့နယ်များတွင် ရဲတပ်ဖွဲ့အင်အား များတိုးချဲ့သွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိတွင် ရန်ကုန်မြို့တွင်း၌ ခိုက်ရန် ဖြစ်ပွားမှုများ၊ မှုခင်းများ မကြာခဏ ဖြစ် ပွားလျက်ရှိပြီး ယင်းဖြစ် စဉ်များအား လျော့ နည်းစေရန်အတွက် ယခုကဲ့သို့ ပြုလုပ်ရ ခြင်းဖြစ်ကြောင်း သိရသည်။
''ကျွန်တော်တို့ ခိုက်ရန်ဖြစ်ပွားမှုတွေ၊ မှုခင်းတွေ အဖြစ်များတဲ့ မြို့နယ်တွေမှာ ရဲတပ်ဖွဲ့အင်အားတွေ တိုးချဲ့ ချသွားမှာပါ။ ဒီလိုပြုလုပ်ရတာလဲ မှုခင်းဖြစ်စဉ်တွေ၊ ခိုက် ရန်ဖြစ်ပွားမှုတွေ လျော့နည်းစေဖို့ပါပဲ''ဟု ယင်းက ဆက်ပြောသည်။
ယင်းကဲ့သို့ ရဲတပ်ဖွဲ့ဝင်များ တိုးချဲ့ချရာ တွင် ညဘက်ပိုင်း၌ လှည့်ကင်း၊ ပတ်ကင်း နှင့် ၂၄ နာရီ အလှည့် ကျကင်းများ ချမှတ် သွားမည် ဖြစ်ကြောင်း သိရသည်။
''ကျွန်တော်တို့ အင်အားတိုးချဲ့ချရာ မှာ ရဲတပ်ဖွဲ့ဝင် အင်အားတွေတင် မကပါ ဘူး။ လှည့်ကင်းတွေ၊ ပတ် ကင်းတွေနဲ့ ၂၄ နာရီ အလှည့်ကျကင်းတွေ အကုန်လုံး ကို ပြုလုပ်သွားမှာပါ။ ခိုက်ရန်ဖြစ်ပွားမှုနဲ့ မှုခင်း ဖြစ်စဉ်တွေလဲ လျော့ကျသွား မယ် လို့ ထင် ပါတယ်''ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ပြောသည်။
ယင်းကဲ့သို့ ပြုလုပ်မည်ဆိုပါက ည ဘက်ပိုင်း၌ အပြင်ထွက်ရာတွင် လုံခြုံမှုရှိပြီး အန္တရာယ်ကင်းရှင်းသွား မည်ထင်ကြောင်း လည်း ရွှေပြည်သာမြို့နယ်တွင် နေထိုင်သူ မအေးမြင့်က ပြောသည်။
''အဲဒီလို အင်အားတိုးချဲ့လိုက်မယ်ဆို ရင်တော့ ယခင်ကထက် လုံခြုံမှု ပိုရှိလာမယ် လို့ ထင်ပါတယ်။ အရင် တုန်းက ညပိုင်းတွေ ကိစ္စရှိလို့ အပြင်ထွက် ရင်တောင် စိတ်မချရ ပါဘူး''ဟု ယင်းက ဆက်ပြောသည်။
ရန်ကုန်မြို့တွင်း၌ မှုခင်းအဖြစ်အများ ဆုံးမြို့နယ်များမှာ လှိုင်သာယာ၊ ရွှေပြည် သာနှင့် အင်းစိန်မြို့နယ် တို့ဖြစ်ပြီး ခိုက်ရန်ဖြစ် ပွားမှု အများဆုံးဖြစ်ပွားသည့် မြို့နယ်များမှာ ဒဂုံမြို့သစ်တောင်ပိုင်းနှင့် သာကေ တမြို့နယ် တို့ဖြစ်ကြောင်း သိရသည်။
အာကာထက် | Yangon Media Group
Sign up here with your email
ConversionConversion EmoticonEmoticon