တက်သစ်စ မော်ဒယ်သရုပ်ဆောင် အေးချမ်းမြတ်မိုး သတ်ခံရတဲ့အမှုနဲ့ပတ်သက်ပြီး အနောက်ပိုင်းခရိုင် တ ရားရုံးမှာ နိုဝင်ဘာ ၂၇ရက်နေ့က ၄ကြိမ်မြောက်ရုံးချိန်းမှာ လူသတ်မှုမှာ သုံးစွဲခဲ့တဲ့ဓားဟာ သေဆုံးသူရဲ့ ဓားဖြစ်တယ်လို့ စွပ်စွဲခံရသူက အစစ်ခံခဲ့ပါတယ်။ ဒီအမှု အခြေအနေဘယ်လိုရှိနေလဲ။
လည်ပင်းမှာ ဓားဒဏ်ရာကြောင့် လေပြွန်ပေါက်ပြီး သေဆုံးခဲ့တဲ့ အေးချမ်းမြတ်မိုးကို ဒဂုံမြို့နယ် ဦးဝိစာရ အိမ်ရာဝင်းအတွင်းမှာ လူသတ်မှုနဲ့ စွပ်စွဲခံထားရတဲ့ ကိုအံ့ဖြိုးပိုင်က လာရောက်ချောင်းမြောင်းနေတာကို ဆယ်အိမ်မှူးက တွေ့မြင်တဲ့အကြောင်း တရားလိုအကျိုးဆောင်ရှေ့နေ ဦးဇော်မင်းက ပြောပါတယ်။
ရုံးချိန်း ၄ခုအတွင်း သက်သေ ၅ယောက်ကို စစ်ဆေးခဲ့အပြီး ဒီလူသတ်မှုမှာ အေးချမ်းမြတ်မိုးရဲ့သူငယ်ချင်း စန္ဒကူးလှိုင်က လူသတ်မှုမဖြစ်ခင် ရက်ပိုင်းအလိုမှာ ခြိမ်းခြောက်ခံခဲ့ရတယ်လို့ ထွက်ဆိုခဲ့ပြီး မကွယ်လွန်ခင် ၃ရက်အလိုမှာ မျှော်စင်ကျွန်းကို လိုက်လာခဲ့ပြီး သူ့ဖက်မပါရင် နင့်ကိုသတ်ပြီး ငါ့ကိုယ်ငါသတ်မယ်လို့ ပြော ဆို ခဲ့တယ်အကြောင်း ထွက်ဆိုခဲ့တယ်လို့ ဆိုပါတယ်။
လူသတ်မှုနဲ့ စွပ်စွဲခံထားရတဲ့ ကိုအံ့ဖြိုးပိုင်က သူနဲ့ သေဆုံးသူ အေးချမ်းမြတ်မိုးတို့ဟာ ချစ်သူတွေပါလို့ ထွက်လိုထားပေမယ့် သေဆုံးသူရဲ့ မိသားစုကတော့ ကိုအံ့ဖြိုးပိုင်က လိုက်လံနှောင့်ယှက်လို့ သမီးဖြစ်သူ စိတ်ညစ်နေတဲ့အကြောင်း တိုင်ကြားဖူးတယ်လို့ ဆိုပါတယ်။
ဦးဝိစာရအိမ်ရာမှာ နေထိုင်နေတဲ့ မော်ဒယ်သရုပ်ဆောင် အေးချမ်းမြတ်မိုးဟာ ပြီးခဲ့တဲ့ သြဂုတ် ၂၆ရက်နေ့ ညက အပြင်ကနေ အိမ်ပြန်အလာ လှေခါးခွင်မှာ ကိုအံ့ဖြိုးပိုင်က လည်ပင်းကို ဓားနဲ့ ထိုးသတ်ခဲ့ပြီးနောက်
အော်ဟစ်အကူအညီတောင်းခံရာကနေ ဆေးရုံအပို့ လမ်းမှာဆုံးပါးသွားခဲ့ပါတယ်။
kamayutmedia
Sign up here with your email
ConversionConversion EmoticonEmoticon