မြန်မာလူငယ်ဒါရိုက်တာ သည်မော်နိုင် ရိုက်ကူးတဲ့ The Monk (ရဟန်း) ဆိုတဲ့ ဇာတ်လမ်းရုပ်ရှင်ဟာ ရိုမေး နီးယားနိုင်ငံ ရုပ်ရှင်ပွဲတော်မှာ အထူးဆု ဆွတ်ခူးသွားပါတယ်။
ရိုမေးနီးယားနိုင်ငံ ဘူခါရက်မြို့မှာကျင်းပတဲ့ ၁၁ ကြိမ်မြောက် anonimul International Independence Film Festival အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်မှာ Premiere Special အထူးဆု ရရှိတာပါ။
မြန်မာ့ကျေးလက်က ကိုရင်ငယ်ဘ၀ကနေ အရွယ်ရောက်လာတဲ့ ရဟန်းတစ်ပါးကို ဇာတ်အိမ်တည်ထားတဲ့ အဲဒီဇာတ်ကားဟာ ပြသချိန် ၉၄ မိနစ်ရှိပြီး တောင်ကိုရီးယားနိုင်ငံမှာ ဒီနှစ် အောက်တိုဘာ ၂ ရက်နေ့ကနေ ၁၁ ရက်နေ့အထိကျင်းပမယ့် ၁၉ ကြိမ်မြောက် ဘူဆန်းရုပ်ရှင်ပွဲတော်မှာ ပြသဖို့လည်း ရွေးချယ်ခံထားရပါ တယ်။
A Window on Asian Cinema အာရှရုပ်ရှင်ပြတင်းဆိုတဲ့ အစီအစဉ်မှာ ပြသမှာဖြစ်ပြီး ဒီကဏ္ဍဟာ အရည် အချင်းရှိ ရုပ်ရှင်ထုတ်လုပ်သူတွေရဲ့ ရုပ်ရှင်ကားသစ်တွေကို အဓိကရွေးချယ်ပြသတာ ဖြစ်ပါတယ်။
RFA Burmese
Sign up here with your email

ConversionConversion EmoticonEmoticon