ရုပ်ရည်အမိုက်စား ဘော်ဒီအလန်းစားနဲ့ Maja Pavlovic ဟာ နိုင်ငံရေးသမားတစ်ဦးဖြစ်ရုံမကဘူး ဆေး
ကျောင်းသူတစ်ဦးလည်း ဖြစ်ပါတယ်။
၂၃ နှစ်အရွယ် သူမဟာ ဆားဘီယားနိုင်ငံ Kragujevac မြို့မှာ ဆေးကျောင်းနောက်ဆုံးနှစ် တက်ရောက်နေ သူတစ်ဦးဖြစ်ပါတယ်။
နှလုံးအထူးကုတစ်ဦးအဖြစ် လေ့လာနေတဲ့သူမဟာ ကျောင်းတစ်ဖက်နဲ့ နိုင်ငံရေးပြုလုပ်နေသူတစ်ဦးဖြစ်ပြီး ဆာဘီးယားနိုင်ငံတောင်ပိုင်း သူမရဲ့မြို့ Cacak မှာ မြို့တော်ကောင်စီဝင်တစ်ဦးအဖြစ် နိုင်ငံရေးလှုပ်ရှား မှုတွေ လုပ်နေပါတယ်။
“ကျွန်မ ဆေးပညာကိုလည်း သဘောကျတယ်။ ဒီနေရာမှာလည်း အောင်မြင်မှုကြီးတွေ ရချင်တယ်။ ဒါပေမဲ့ ကျွန်မက နိုင်ငံရေးကိုလည်းသဘောကျတယ်။ ဒီမှာလည်း ကျွန်မ နေချင်သေးတယ်။ ကျွန်မက အလှ မယ်ပြိုင်ပွဲမှာလည်းပါတော့ခရီးထွက်ပြီးစိတ်ဝင်စားစရာကောင်းတဲ့နေရာတွေကိုကြည့်ဖို့ မျှော်လင့်ထား တယ်” လို့ သူမက ပြောကြားခဲ့ပါတယ်။
သူမပါဝင်တဲ့ အလှမယ်ပြိုင်ပွဲဟာ အောက်တိုဘာလရောက်မှ ကနေဒါနိုင်ငံ Montreal မြို့မှာ ကျင်းပမှာဖြစ် တာကြောင့် လက်ရှိမှာတော့ ပညာရေးကိစ္စ၊ နိုင်ငံရေးကိစ္စတွေနဲ့ မအားလပ်အောင် ဖြစ်နေတယ်လို့ဆိုပါ တယ်။
သူမဟာ စပိန်နိုင်ငံမှာကျင်းပတဲ့ အလှမယ်ပြိုင်ပွဲ တစ်ခုမှာလည်း ဆုတံဆိပ် ချိတ်ခဲ့ဖူးသူဖြစ်ပါတယ်။
phothutaw
Sign up here with your email



ConversionConversion EmoticonEmoticon