အသံတိတ်တိုက်ခိုက်ခံနေရသည့် တရုတ်နိုင်ငံ အိမ်တွင်း အကြမ်းဖက်မှုများကို ဖြေရှင်းပေးမည့်အဖွဲ့မရှိဟုဆို

         တရုတ်နိုင်ငံတွင် အိမ်တွင်းအကြမ်းဖက်မှုခံခဲ့ရသူ အိမ်ထောင်ရှင်အမျိုးသမီး ‘မာ’က သူ့အတွေ့အကြုံကိုရှင်းပြနေစဉ်။            ဓာတ်ပုံ – အေအက်ဖ်ပီ
လင်မယားနှစ်ယောက် ရန်ပွဲမှာ မင်္ဂလာဆောင်ပြီး တစ်လကြာကတည်းက စခဲ့ခြင်းဖြစ်သည်ဟု ခင်ပွန်းဖြစ် သူ၏ တွန်းထုတ်ခြင်း၊ ဗဆာင့်ကန်ခြင်း၊ ကျာပွတ် ဖြင့်ရိုက်ခြင်း စသည့်နည်းအမျိုးမျိုးဖြင့် နျိပ်စက်ညှဉ်းပန်းခံ ခဲ့ရသူ အမျိုးသမီးကဆိုသည်။ သားယောက်ျားလေး လိုချင်သော ၎င်း၏ ခင်ပွန်းသည်က ဇနီးကိုသာမက သမီးကလေး ကိုပါ ယင်းသို့ ကြမ်းတမ်းစွာဆက်ဆံလေ့ရှိသည်ဟု ဆိုသည်။

မာသည် ပေကျင်းရဲကို အကူအညီ တောင်းခဲ့ပြီးသည့်တိုင် တစ်ခုသော ညဦးပိုင်း တွင် သူ့ခင်ပွန်းက
၎င်းကို ဂွမ်းစောင်ဖြင့် ပတ်ပြီး ခန္ဓာကိုယ်ပေါ်တက်ထိုင်ကာ မေ့မျော လုနီးပါးဖြစ်သည်အထိ လည်
ပင်းကို ညှစ်ခဲ့ သည်ဟုဆိုသည်။ ယင်းသို့ ဖြစ်ပျက်ခဲ့သော်လည်း ရဲက မာ၏ခင်ပွန်းကို ဖမ်းဆီး
ထိန်းသိမ်းခြင်း မလုပ်ခဲ့သောကြောင့် အစ်ကိုဖြစ်သူက ၀င်ရောက် ကယ်တင်ခဲ့ရသည်။

“ကျွန်မရဲ့ဒဏ်ရာတွေက သိပ်မပြင်းထန်ဘူးလို့ ရဲတွေကထင်တယ်။ ပြီးတော့ ကျွန်မ တို့ရန်ပွဲက
လင်မယားတွေကြားမှာ ဖြစ်နေကျ ရန်ပွဲလို့တွေးပြီး ကျွန်မခင်ပွန်းကို ရဲတွေက မဖမ်းခဲ့ဘူး” ဟု
အသက် ၃၆ နျစ်ရှိ မာက ပြောသည်။ မာ၏ခင်ပွန်းသည် လသားအရွယ် သူတို့ သမီးကို ထိန်းသိမ်း
စောင့်ရှောက်ခွင့်နှင့် ထိုသို့ စောင့်ရှောက်ရသဖြင့် အခကြေးငွေ ယွမ် ၁,၅၀၀ (၂၄၂ ဒေါ်လာ) ကို
မာထံမှ တောင်းဆိုပြီး တရားဝင်ကွာရှင်းရန် ကြိုးစားနေသည်။

မာ၏ အပြန်အလှန် တရားစွဲဆိုမှုကိုမူ သက်သေမခိုင်လုံဟုဆိုကာ တရားရုံးက ပယ်ချပြီး အစ်ကို
ဖြစ်သူမှာလည်း ထောင် ရှစ်လ ကျခံနေရသည်။ မိသားစုများတွင်ခန့်မှန်းခြေ လေးပုံတစ်ပုံ ခန့်မှာ
အိမ်တွင်းအကြမ်းဖက်မှု ဖြစ်ပွားနေသော တရုတ်နိုင်ငံတွင် ထိုသို့သော ဖြစ်ရပ် များမှာ မထူးဆန်း
တော့ဘဲ အာဏာပိုင်များ ကလည်း မိသားစုအရေးကိစ္စများကြား ၀င်မပါချင်ကြကြောင်း အမျိုး
သမီးများ၏ အခွင့် အရေးများ စည်းရုံးလှုံ့ဆော်သူ တစ်ဦးဖြစ် ခဲ့ပြီး မာ၏ အတိုင်ပင်ခံလည်းဖြစ်
သူ ဟိုဝူကျီမင်က ပြောသည်။

လွန်ခဲ့သည့်ဆယ်စုနှစ် နှစ်စုနီးပါးအချိန် က ကမ္ဘာ့အမျိုးသမီးရေးရာညီလာခံ တစ်ရပ်ကို ပေကျင်း
တွင် ကျင်းပခဲ့ပြီး ကမ္ဘာတစ်ဝန်းရှိ အမျိုးသမီးများ၏ အခွင့်အရေးများကို ထောက်ခံအားပေးသွား
ရန် အစီအစဉ်တစ်ရပ်ကို ချမှတ်ခဲ့သည်။ သို့သော် တရုတ်နိုင်ငံတွင် အိမ်တွင်းအကြမ်းဖက်မှုဆိုင်
ရာ ဥပဒေထုတ်ပြန်ခြင်းမရှိသေးပေ။

“ဒီလို ဆောင်ရွက်တဲ့အခါ ထိခိုက်နစ်နာမှုတွေ ရှိလာနိုင်ပါတယ်။ တစ်ကမ္ဘာလုံး အတိုင်းအတာအရ အိမ်တွင်း အကြမ်းဖက်မှုတိုက်ဖျက်ရေးကို စနစ်တကျကိုင်တွယ်ဖြေရှင်းဖို့ဆိုရင် ကျွန်မတို့မှာလုပ်ပိုင်ခွင့် အာဏာရှိလေ ဒီကိစ္စတွေ ဖြေရှင်းတဲ့အခါပိုအဆင်ပြေလေပါပဲ ” ဟု အိမ်တွင်းအကြမ်း ဖက်မှု ဆန့်ကျင် တိုက်ဖျက်ရေး ကွန်ရက် (ADVN)အဖွဲ့ဝင် ၇၂ ဦးတွင် တစ်ဦးဖြစ်သည့် ပေကျင်းအခြေစိုက် Maple Women’s Psychological Counselling Centre က ဟိုဝူကျီမင်က ပြောသည်။

လွန်ခဲ့သည့် အနှစ် ၂၀ နီးပါး အချိန်က နှင့်ယှဉ်လျှင် သဘောထားအမြင်များ ပြောင်းလဲလာပြီဖြစ်
သော်လည်း ၂၄ ဒသမ ၇ ရာခိုင်နှုန်းသော တရုတ်လူမျိုး မိသားစုများတွင် ညှဉ်းပန်းနျိပ်စက်မှုများ
ဖြစ်ပွားနေဆဲဖြစ်ကြောင်း အာဏာရကွန်မြူနစ်ပါတီ နှင့်ချိတ်ဆက်မှုရှိသော တရုတ်နိုင်ငံ၏အမျိုး
သမီးများဆိုင်ရာ အဖွဲ့ကဆိုသည်။

၂၀၁၂ ခုနှစ်တွင် တက်ကြွလှုပ်ရှားသူများ ရေးဆွဲထားသည့် အိမ်တွင်းအကြမ်းဖက်မှု ဆိုင်ရာ
ဥပဒေမူကြမ်းကို ထည့်သွင်းစဉ်းစား ပေးမည်ဟု တရုတ်နိုင်ငံ၏ အာဏာရ ကွန်မြူနစ်ပါတီက
ချုပ်ကိုင်ထားသော အမျိုး သား ပြည်သူ့ကွန်ဂရက်အဖွဲ့က သဘောတူခဲ့သော်လည်း လက်တွေ့
တွင် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းမရှိသေးပေ။

“တရုတ်နိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အပျက်သဘောဆောင်တဲ့ အရာတွေကို အစိုးရ မဟုတ်တဲ့
အရပ်ဘက်အဖွဲ့အစည်းတွေက ထောက်ပြပြောဆိုပြီး အစိုးရအပေါ် ဝေဖန် ပြောဆိုတာတွေကို
သူတို့က မလိုလားဘူး” ဟု အမည်မဖော်လိုသူတစ်ဦးက ပြောသည်။ တရုတ်နိုင်ငံ၏ ထုံးစံအရ
အိမ်တွင်း အကြမ်းဖက်မှုကို အရှက်ရစရာ ကိစ္စအဖြစ် တားမြစ်ထားသော်လည်း ယင်းဖြစ်ရပ်များ
မှာ မကြာသေးမီနှစ်များအတွင်း ဖြစ်ပွားနှုန်း သိသိသာသာ မြင့်တက်လာခဲ့သည်။

“ကျွန်မက ဥပဒေအရ ဆောင်ရွက်နိုင်တဲ့ ပညာရှင်လည်းမဟုတ်ဘူး။ ရဲအရာရှိလည်း မဟုတ်ဘူး။
ဒါကြောင့်မို့ ဒီကိစ္စတွေ တော်တော် များများကို သိပ်နားမလည်ပါဘူး။ ဒါပေမဲ့ ကျွန်မတို့သိထား
တာက လူတိုင်းမှာ သူကိုယ်တိုင် လုပ်ဆောင်ခဲ့တဲ့ အရာတွေအတွက် တာဝန်ယူသင့်တဲ့အရာတွေ
ရှိတယ်။ ကျွန်မ ခင်ပွန်းဆို သူ့အပြစ်နဲ့ထိုက်တန်တဲ့ ပြစ်ဒဏ်ကိုကျခံသင့် တယ် မဟုတ်လား” ဟု
မာစူယွင် က ဆိုသည်။ (အေအက်ဖ်ပီ)

mmtimes
Previous
Next Post »
Powered by Blogger.