RUN YGN Clothing ဆိုင်သစ်ဖွင့်ပွဲ


Hip Hopper တစ်ယောက်ဖြစ်တဲ့ Sz ရဲ့ ဒုတိယမြောက် RUN YGN brand မိတ်ဆက်ပွဲနဲ့ ဆိုင်သစ်ဖွင့်ပွဲ အခမ်းအနားကို ဇူလိုင်လ ၃၀ရက်နေ့ မနက် ၁၀ နာရီခွဲ က ဆိုင်တည်ရှိရာ (A-19) 1st floor , Yuzana Plaza မှာကျင်း ပပြုလုပ်ခဲ့ပြီး ဖွင့်ပွဲကို ဟစ်ဟော့ ဂီတအဆိုတော်တွေ၊ အနုပညာရှင်တွေ စုံစုံလင်လင် တက်ရောက်ခဲ့ ပါတယ်။

RUN YGN ဆိုင်မှာ RUN YGN Clothing အပြင် ယောင်္ကျားလေးဝတ်၊ မိန်းကလေးဝတ် တီရှပ်ဒီဇိုင်း ဆန်းတွေ၊ စွပ်ကျယ်၊ Hoodie၊ Student Coat၊ ဘောင်းဘီ၊ Snapback၊ ဖိနပ်၊ backpack နဲ့ အခြားအဆင် တန်ဆာများစွာကိုလည်း ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ ဒီဆိုင်ဟာ RUN YGN Clothing ရဲ့ ဒုတိယ ဆိုင်မြောက်ဆိုင်ဖြစ်ပြီး ပထမတစ်ဆိုင်ကတော့ ဗိုလ်အောင်ကျော်လမ်း(အပေါ်ဘလောက်) မှာဖွင့်လှစ် ထားတာပဲ ဖြစ်ပါတယ်။

ခင်ဆွေသက် | Trend Myanmar
Previous
Next Post »
Powered by Blogger.