Zawgyi ဖြင့်ဖတ်ရန်
Unicode ဖြင့်ဖတ်ရန်
Time City မှာ ပရလောကသားခြောက်လှန့်မှုတွေရှိနေတယ်ဆိုတဲ့ အပေါ် အသေးစိတ်ပြန်ပြောပြလာတဲ့ Times City Project Director ဦးမြတ်မင်း
အောက်တွင် ဗွီဒီယို တင်ထားပေးပါသည်။
အင်တာနက်လူမှုကွန်ရက်မှာ လူပြောများနေတဲ့ Times City ဟာဆိုရင် ယခင်က သချိုင်းမြေအဟောင်းဖြစ်တာကြောင့် ပရလောကသားတွေနဲ့ ဆက်နွယ်မှုတွေရှိနေတယ်ဆိုပြီးတော့ လူအပြောများနေခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအကြောင်းနဲ့ ပတ်သတ်ပြီး
တော့ လူအများကြားမှာ ဝေဖန်မှုတွေရှိနေသလို ၊ Times City ရှေ့က ညောင်ပင်ကြီးဟာလည်း ဘယ်သူမှ မခုတ်ရဲပဲရှိနေတယ်လို့ ဆိုပါတယ်။ဒါ့အပြင် အုတ်ဂူနှစ်ခုဟာလည်း ဘယ်လိုမှ ရွေ့မရပါဘူးတဲ့။
ဒီလို ကောလဟလတွေနဲ့ ပတ်သတ်ပြီးတော့ အများသူငါအကြား စိုးရိမ် သံသယတွေဖြစ်နေတာကို အမှန်အတိုင်းသိရှိအောင်လို့ Times City Project Directorတစ်ဦးဖြစ်တဲ့ ဦးမြတ်မင်းက မဟုတ်မှန်းကြောင်း ပြောပြပါတယ်။ ဒါဟာ ကောလဟလသာ ဖြစ်
ပါတယ်။ ညောင်ပင်ကြီးကလည်း ယခင်ကတည်းက သက်တမ်းရင့်အပင်မို့ မခုတ်လှဲပဲ တန်ဖိုးထားတဲ့အရာဖြစ်ပါတယ်။ အဆောက်အဦတွေနဲ့ လွတ်ကင်းအောင်သာ ခုတ်လဲပြီးတော့ ကျန်တာကို ချန်ထားဖြစ်တယ်လို့ဆိုပါတယ်။ ဒီလို အပင်ကြီးမျိုးရဖို့က နှစ်
ပေါင်း ရာချီကြာတာကြောင့် မခုတ်ရက်ပဲရှိနေတာလို့ဆိုပါတယ်။
ဒါ့အပြင် အုတ်ဂူတွေကိစ္စနဲ့ ပတ်သတ်ပြီးတော့လည်း ကားပါကင် အဝင်အခုံးအောက်မှာ ဂူတွေရှိနေတယ်ဆိုတာမဟုတ်ပဲနဲ့ တမင်ကို ကားသမားတွေ သတိထားနိုင်အောင်အခုံးပြုလုပ်ထားတာလို့ ဆိုပါတယ်။ ယခင်တုန်းက သချီုင်းဖြစ်ခဲ့ပေမယ့် နောက်ပိုင်း
မှာ ကားပွဲစားတန်း ဖြစ်နေခဲ့တာ ၁၅ နှစ်ခန့်ရှိပြီလို့လည်းသူကဆိုပါတယ်။
အဆောက်အဦအတွက် မြေတူး ၊ပိုင် ထည့်တွေလုပ်တုန်းကတော့ မြေအောက် ၆-၇ ပေလောက်မှာ အုတ်ဂူ ၄-၅ လုံးခန့်တွေ့ခဲ့ရပေမယ့် အခြား ပရလောဟနဲ့ ဆက်စပ်တာ ဘာတစ်ခုမှ မကြုံတွေ့ခဲ့ရဖူးဘူးလို့ သူကဆိုပါတယ်။
share from: shweyaunglan
Sign up here with your email
ConversionConversion EmoticonEmoticon