Zawgyi ဖြင့်ဖတ်ရန်
Unicode ဖြင့်ဖတ်ရန်
မွေးရာပါ လက်နှစ်ဖက်မပါသည့် အမျိုးသမီး အံ့သြဖွယ် လေယာဉ်မောင်းလိုင်စင်ရရှိ
လောကကြီးမှာ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး မဖြစ်သေးတာပဲ ရှိတယ်လို့ ဆိုတဲ့စကားမှားတယ်လို့ တချို့ ထင်ခဲ့ဖူးကြလိမ့်မယ်။ တစ်ခါတစ်ရံမှာ မလုပ်ကြည့်သေးဘဲနဲ့ မဖြစ်နိုင်ဘူးလို့ ပြောတဲ့သူက ပိုများခဲ့ပါတယ်။ အောင်မြင်မှုဆိုတာ ကိုယ့်ရဲ့ကြိုးစားမှုနဲ့ အချိုးကျတာကြောင့် မဖြစ်နိုင်ဘူးဆိုတာ မရှိခဲ့ပါတယ်။ အခုလည်း ပရိတ်သတ်ကြီးကို တင်ဆက်ပေးမယ့်သတင်းလေးကတော့ မွေးရာပါ လက် ၂ ဖက်မပါတဲ့ အမျိုးသမီးတစ်ဦးက လေယာဉ်မောင်းလိုင်စင် ရရှိသွားတဲ့အကြောင်းလေးးပဲဖြစ်ပါတယ်။ ဘယ်လောက်တောင် အံသြဖို့ကောင်းလဲနော်……..။
သာမန်လူတွေတောင်မှ လေယာဉ်မောင်းလိုင်စင်ရဖို့ ခက်ခဲနေချိန်မှာ သူမ ရရှိခဲ့တယ်ဆိုတော့ အံသြဝမ်းသာမိသလို၊ လောကကြီးမှာ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးဆိုတဲ့ စကားကို လက်ခံလာခဲ့မိပါတယ်။ သူမဟာ အမေရိကန်နိုင်ငံသားဖြစ်ပြီး ၃၆ နှစ်အရွယ်မှာတော့ လေယာဉ်မောင်းလိုင်စင်ကို ရရှိခဲ့တာဖြစ်ပါတယ်။ မျိုးရိုးဗီဇ ချွတ်ယွင်းမှုကြောင့် မွေးရပါ လက် ၂ ဖက် မရှိသူလေးရဲ့နာမည်က ဂျက်ဆီကာကော့စ် ဖြစ်ပါတယ်။ သူမဟ အခုချိန်မှာတော့ ခြေထောက်နဲ့ လေယာဉ်ကို မောင်းနှင်သူအဖြစ် ဂင်းနစ် စံချိန်ဝင်သွားခဲ့ပြီဖြစ်ပါတယ်။
ဂျက်ဆီကာဟာ အမေရိကန် နိုင်ငံရဲ့ အရီဇိုးနား တက္ကသိုလ်ကနေ စိတ်ပညာနဲ့ ဘွဲ့ရရှိခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ သူမဟာ ပထမဦးဆုံး ခြေထောက်နဲ့ လေယာဉ်မောင်းနိုင်သူဖြစ်ယုံမျှမကဘဲ၊ အမေရိကန် တိုက်ကွမ်ဒိုအသင်းရဲ့ လက်နှစ်ဘက် မပါရှိဘဲ ပထမဦးဆုံး ခါးပါတ်နက်ကို ပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။ သူမဟာ အသက် ၁၄ နှစ်အရွယ်ထိ လက်အတုကို တပ်ဆင်အသုံးပြုခဲ့သော်လည်း နောက်ပိုင်းမှာတော့ ခြေထောက်ကိုသာ အသုံးပြုခဲ့ပါတယ်။
ဒါတွေအပြင် စန္ဒရားတီးနိုင်သူတစ်ဦးဖြစ်ပြီး၊ ရေငုပ်သမားတစ်ဦးအဖြစ် ကျွမ်းကျင်စွာ လုပ်နိုင်ပါသေးတယ်။ တခြားသော လူတို့ထက်တောင်မှ ဂျက်ဆီကပိုလို့တောင် စွမ်းနေပါသေးတယ်နော်။ မသန်ပေမယ့်စွမ်းတယ်လို့ ဆိုရမှာဖြစ်သလို၊ သူမကို ကြည့်ပြီး မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးဆိုတဲ့ စကားကိုယုံကြည်ခဲ့မိပါတယ်။ ပရိတ်သတ်ကြီးရော သူမရဲ့ စိတ်ဓါတ်ကို လေးစား အားမကြမိဘူးလား …………?
Writer- ME(Shwe Yaung Lan)
Sign up here with your email
ConversionConversion EmoticonEmoticon