သူ႔ကို ဘယ္ေတာ့မွ မမုန္းတဲ့ တစ္စုံတစ္ေယာက္ကို ေျပာျပလိုက္တဲ့ G-Fatt




Zawgyi ျဖင့္ဖတ္ရန္


Mic Skill ေကာင္းေကာင္းနဲ႔ ကာရန္ အခ်ိတ္ဆက္ေတြေကာင္းတဲ့ Hip-Hop အဆိုေတာ္ G Fattကိုေတာ့ အားလုံးပဲ သိၾကမယ္ထင္ပါတယ္။ သူရဲ႕ သီခ်င္းေတြကေတာ့ လူငယ္ေတြၾကားမွာ တစ္ပုဒ္ဆိုတစ္ပုဒ္ဆိုရေအာင္ ေရပန္းစားေက်ာ္ၾကားပါတယ္။ သူရဲ႕ အေစာပိုင္းႏွစ္ေတြမွာထြက္ခဲ့တဲ့ သို႔ျမန္မာျပည္သီခ်င္းကလည္း လူႀကီးလူငယ္ေတြအကုန္ႀကိဳက္ခဲ့တဲ့ သီခ်င္းေကာင္းတစ္ပုဒ္ဆိုတာ အားလုံးသိၿပီးသားျဖစ္ပါတယ္။ သူကေတာ့ ေနာက္ပိုင္းမွာ ခံစားခ်က္အျပည့္နဲ႔ သီခ်င္းေတြကို ေရးစပ္သီဆိုေလ့ရွိတာေၾကာင့္ အခ်စ္သီခ်င္းေတြေတာ္ေတာ္မ်ားမ်ားထြက္လာခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ရက္ပိုင္းကပဲ သူရဲ႕ တစ္ကိုယ္ေတာ္ ေဖ်ာ္ေျဖပြဲႀကီးကို ျမန္မာႏိုင္ငံအလယ္ပိုင္းရဲ႕ ၿမိဳ႕ႀကီးတစ္ၿမိဳ႕ျဖစ္တဲ့ ေနာက္ဆုံး ျမန္မာမင္းဆက္ေတြ နန္းတည္ရာ ဌာနျဖစ္ခဲ့တဲ့ မႏၲေလးၿမိဳ႕မွာ ေအာင္ျမင္စြာ ခ်ိမ့္ခ်ိမ့္သဲသဲ က်င္းပၿပီးစီးခဲ့တာကိုလည္း အားလုံးသိၾကၿပီးျဖစ္မွာပါ ။ အခု က်ေနာ္တို႔ေျပာခ်င္လြန္းလို႔ ပရိသတ္ေတြကို ေဖာ္ျပေပးသြားခ်င္တဲ့အေၾကာင္းကေတာ့ G_Fattရဲ႕ ခံစားခ်က္ေလးေတြကို ကဗ်ာဆန္ဆန္တင္စားထားတဲ့ အေၾကာင္းအရာေလးျဖစ္ပါတယ္။

G-Fatt ကေတာ့ သူရဲ႕အခ်စ္ေရးမွာ မိုးေလဝသ မေကာင္းမြန္တဲ့အေၾကာင္းနဲ႔ သူရဲ႕ ခံစားခ်က္ေလးေတြကို “ေတာင္တန္းေတြကို ခ်စ္ပါ သူတို႔က ဘယ္ေတာ့မွ ကိုယ့္ကိုခ်စ္တယ္ေျပာၿပီး မုန္းမသြားတက္ၾကဘူး” ဆိုၿပီးေရးသားထားပါတယ္။ သူကေတာ့ ၿပီးခဲ့တဲ့ရက္ပိုင္းက ၿဖိဳးေလး နဲ႔ ဝါဆိုမိုးဦးတို႔စုံတြဲနဲ႔ အတူ ကေလာၿမိဳ႕ကို ေရာက္ရွိေနခဲ့တာျဖစ္ၿပီး ဒီစာသားေလးကလည္း အဲ့ဒီၿမိဳ႕မွာ ရွိေနတဲ့အခ်ိန္မွာတင္ထားခဲ့တာပဲျဖစ္ပါတယ္။ G Fatt ကေတာ့ သူရဲ႕ One Man Show ႀကီးမွာလည္း သီခ်င္းအသစ္စက္စက္တစ္ပုဒ္ကို ဆိုျပသြားပါေသးတယ္။ ေနာက္ၿပီး ကဗ်ာဆရာ မိုးရင့္ၾကယ္ ရဲ႕ ေက်ာင္း ဒ႑ာရီဆိုတဲ့ ကဗ်ာကိုလည္း အဲ့ဒီပြဲမွာ ႐ြတ္ဆိုခဲ့တယ္လို႔သိရပါတယ္။ ေျပာခ်င္လြန္းလို႔က မိတ္ေဆြေတြေရာ အဲ့ဒီပြဲကို သြားၾကည့္ခဲ့ၾကတဲ့ သူေတြရွိၾကလား ေျပာခဲ့ၾကပါဦး ။

share from: theesaychin

Unicode ဖြင့်ဖတ်ရန်

သူ့ကို ဘယ်တော့မှ မမုန်းတဲ့ တစ်စုံတစ်ယောက်ကို ပြောပြလိုက်တဲ့ G-Fatt




Mic Skill ကောင်းကောင်းနဲ့ ကာရန် အချိတ်ဆက်တွေကောင်းတဲ့ Hip-Hop အဆိုတော် G Fattကိုတော့ အားလုံးပဲ သိကြမယ်ထင်ပါတယ်။ သူရဲ့ သီချင်းတွေကတော့ လူငယ်တွေကြားမှာ တစ်ပုဒ်ဆိုတစ်ပုဒ်ဆိုရအောင် ရေပန်းစားကျော်ကြားပါတယ်။ သူရဲ့ အစောပိုင်းနှစ်တွေမှာထွက်ခဲ့တဲ့ သို့မြန်မာပြည်သီချင်းကလည်း လူကြီးလူငယ်တွေအကုန်ကြိုက်ခဲ့တဲ့ သီချင်းကောင်းတစ်ပုဒ်ဆိုတာ အားလုံးသိပြီးသားဖြစ်ပါတယ်။ သူကတော့ နောက်ပိုင်းမှာ ခံစားချက်အပြည့်နဲ့ သီချင်းတွေကို ရေးစပ်သီဆိုလေ့ရှိတာကြောင့် အချစ်သီချင်းတွေတော်တော်များများထွက်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ သူရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲကြီးကို မြန်မာနိုင်ငံအလယ်ပိုင်းရဲ့ မြို့ကြီးတစ်မြို့ဖြစ်တဲ့ နောက်ဆုံး မြန်မာမင်းဆက်တွေ နန်းတည်ရာ ဌာနဖြစ်ခဲ့တဲ့ မန္တလေးမြို့မှာ အောင်မြင်စွာ ချိမ့်ချိမ့်သဲသဲ ကျင်းပပြီးစီးခဲ့တာကိုလည်း အားလုံးသိကြပြီးဖြစ်မှာပါ ။ အခု ကျနော်တို့ပြောချင်လွန်းလို့ ပရိသတ်တွေကို ဖော်ပြပေးသွားချင်တဲ့အကြောင်းကတော့ G_Fattရဲ့ ခံစားချက်လေးတွေကို ကဗျာဆန်ဆန်တင်စားထားတဲ့ အကြောင်းအရာလေးဖြစ်ပါတယ်။

G-Fatt ကတော့ သူရဲ့အချစ်ရေးမှာ မိုးလေဝသ မကောင်းမွန်တဲ့အကြောင်းနဲ့ သူရဲ့ ခံစားချက်လေးတွေကို “တောင်တန်းတွေကို ချစ်ပါ သူတို့က ဘယ်တော့မှ ကိုယ့်ကိုချစ်တယ်ပြောပြီး မုန်းမသွားတက်ကြဘူး” ဆိုပြီးရေးသားထားပါတယ်။ သူကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက ဖြိုးလေး နဲ့ ဝါဆိုမိုးဦးတို့စုံတွဲနဲ့ အတူ ကလောမြို့ကို ရောက်ရှိနေခဲ့တာဖြစ်ပြီး ဒီစာသားလေးကလည်း အဲ့ဒီမြို့မှာ ရှိနေတဲ့အချိန်မှာတင်ထားခဲ့တာပဲဖြစ်ပါတယ်။ G Fatt ကတော့ သူရဲ့ One Man Show ကြီးမှာလည်း သီချင်းအသစ်စက်စက်တစ်ပုဒ်ကို ဆိုပြသွားပါသေးတယ်။ နောက်ပြီး ကဗျာဆရာ မိုးရင့်ကြယ် ရဲ့ ကျောင်း ဒဏ္ဍာရီဆိုတဲ့ ကဗျာကိုလည်း အဲ့ဒီပွဲမှာ ရွတ်ဆိုခဲ့တယ်လို့သိရပါတယ်။ ပြောချင်လွန်းလို့က မိတ်ဆွေတွေရော အဲ့ဒီပွဲကို သွားကြည့်ခဲ့ကြတဲ့ သူတွေရှိကြလား ပြောခဲ့ကြပါဦး ။

share from: theesaychin

Previous
Next Post »
Powered by Blogger.