Zawgyi ျဖင့္ဖတ္ရန္
လိင္တံထိပ္ အေရျပား ျဖတ္ရန္ ေဆးခန္းေရာက္လာသူကို အေမရိကရွိဆရာဝန္က သားေၾကာမွားျဖတ္လိုက္သျဖင့္ နစ္နာသူ ျမန္မာေ႐ႊ႕ေျပာင္းလုပ္သားသည္ေဒၚလာ ၁ ဒသမ ၄ သန္း ေလ်ာ္ေၾကးရေတာ့မည္ျဖစ္သည္။အသက္ ၃၈ ႏွစ္အ႐ြယ္ ေဇာ္ေဇာ္သည္ ၂၀၁၅ ခုႏွစ္ ဒီဇင္ဘာလတြင္အိုင္အိုဝါေဆးခန္းတြင္ လိင္တံထိပ္အေရျပား သြားျဖတ္ခဲ့ေသာ္လည္း သားေၾကာမွားျဖတ္ခံလိုက္ရျခင္းျဖစ္သည္။
၄င္းသည္ ဆရာဝန္လႊဲစာျဖင့္ထိုေဆးခန္းသို႔ ေရာက္သြားျခင္းျဖစ္သည္။ ခြဲစိတ္ဆရာဝန္ ေဒါက္တာကီဗင္ဘရပ္ဆင္သည္ ေဇာ္ေဇာ္ကို နစ္နာေၾကး ေဒၚလာႏွစ္သန္း ေပးရမည္ဟုဂ်ဴရီလူႀကီးတစ္ဦးက ပထမတြင္ ဆုံးျဖတ္ခဲ့ေသာ္လည္း အဆိုပါမွားယြင္းမႈတြင္ေဇာ္ေဇာ့္ဘက္မွ တာဝန္ ၃၀ ရာခိုင္ႏႈန္းရွိသည္ဟု ဂ်ဴရီလူႀကီးအဖြဲ႕ဝင္မ်ားကဆုံးျဖတ္ျပန္ကာ နစ္နာေၾကး ေဒၚလာ ၁ ဒသမ ၄ သန္းသာ ေပးရန္သတ္မွတ္လိုက္သည္။
အထက္ပါမွားယြင္းမႈတြင္ ခြဲစိတ္ဆရာဝန္၏တာဝန္ရ၀ ရာခိုင္ႏႈန္း ရွိသျဖင့္ ဆရာဝန္ကသာ တာဝန္ခံရမည္ဟု ဂ်ဴရီလူႀကီးကဆိုေသးသည္။ မွားယြင္းမႈ ျဖစ္သြားအၿပီးတြင္ ေဇာ္ေဇာ္က ေဆးခန္းကိုဆက္သြယ္ကာေက်ေအးေငြ ရရန္ႀကိဳးပမ္းခဲ့ေသာ္လည္း မရသျဖင့္ မွားယြင္းမႈျဖစ္ပြားအၿပီးႏွစ္ႏွစ္နီးပါးအၾကာ ၂၀၁၇ ခုႏွစ္ ႏွစ္ကုန္ပိုင္းတြင္မွ စတင္တရားစြဲဆိုလိုက္သည္။ သို႔ေသာ္လည္းေဆးခန္းတြင္ တာဝန္မရွိ၊ ဆရာဝန္တြင္သာ တာဝန္ရွိသည္ဟု ဂ်ဴရီလူႀကီးမ်ားကဆုံးျဖတ္လိုက္သည္။
မည္သို႔ပင္ဆိုေစကာမူ အထက္ပါျမန္မာေ႐ႊ႕ေျပာင္းလုပ္သားသည္ေဒၚလာ ၁ ဒသမ ၄ သန္း ရေတာ့မည္ျဖစ္သည္။
share from:xyznews
gtr
Unicode ဖြင့်ဖတ်ရန်
သားကြောမှားဖြတ်ခံရသည့် အမေရိကရောက် မြန်မာတစ်ဦး သိန်းနှစ်သောင်းကျော် ( $ 1.4 သန်း ) လျော်ကြေးရ
လိင်တံထိပ် အရေပြား ဖြတ်ရန် ဆေးခန်းရောက်လာသူကို အမေရိကရှိဆရာဝန်က သားကြောမှားဖြတ်လိုက်သဖြင့် နစ်နာသူ မြန်မာရွှေ့ပြောင်းလုပ်သားသည်ဒေါ်လာ ၁ ဒသမ ၄ သန်း လျော်ကြေးရတော့မည်ဖြစ်သည်။အသက် ၃၈ နှစ်အရွယ် ဇော်ဇော်သည် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင်အိုင်အိုဝါဆေးခန်းတွင် လိင်တံထိပ်အရေပြား သွားဖြတ်ခဲ့သော်လည်း သားကြောမှားဖြတ်ခံလိုက်ရခြင်းဖြစ်သည်။
၎င်းသည် ဆရာဝန်လွှဲစာဖြင့်ထိုဆေးခန်းသို့ ရောက်သွားခြင်းဖြစ်သည်။ ခွဲစိတ်ဆရာဝန် ဒေါက်တာကီဗင်ဘရပ်ဆင်သည် ဇော်ဇော်ကို နစ်နာကြေး ဒေါ်လာနှစ်သန်း ပေးရမည်ဟုဂျူရီလူကြီးတစ်ဦးက ပထမတွင် ဆုံးဖြတ်ခဲ့သော်လည်း အဆိုပါမှားယွင်းမှုတွင်ဇော်ဇော့်ဘက်မှ တာဝန် ၃၀ ရာခိုင်နှုန်းရှိသည်ဟု ဂျူရီလူကြီးအဖွဲ့ဝင်များကဆုံးဖြတ်ပြန်ကာ နစ်နာကြေး ဒေါ်လာ ၁ ဒသမ ၄ သန်းသာ ပေးရန်သတ်မှတ်လိုက်သည်။
အထက်ပါမှားယွင်းမှုတွင် ခွဲစိတ်ဆရာဝန်၏တာဝန်ရ၀ ရာခိုင်နှုန်း ရှိသဖြင့် ဆရာဝန်ကသာ တာဝန်ခံရမည်ဟု ဂျူရီလူကြီးကဆိုသေးသည်။ မှားယွင်းမှု ဖြစ်သွားအပြီးတွင် ဇော်ဇော်က ဆေးခန်းကိုဆက်သွယ်ကာကျေအေးငွေ ရရန်ကြိုးပမ်းခဲ့သော်လည်း မရသဖြင့် မှားယွင်းမှုဖြစ်ပွားအပြီးနှစ်နှစ်နီးပါးအကြာ ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းတွင်မှ စတင်တရားစွဲဆိုလိုက်သည်။ သို့သော်လည်းဆေးခန်းတွင် တာဝန်မရှိ၊ ဆရာဝန်တွင်သာ တာဝန်ရှိသည်ဟု ဂျူရီလူကြီးများကဆုံးဖြတ်လိုက်သည်။
မည်သို့ပင်ဆိုစေကာမူ အထက်ပါမြန်မာရွှေ့ပြောင်းလုပ်သားသည်ဒေါ်လာ ၁ ဒသမ ၄ သန်း ရတော့မည်ဖြစ်သည်။
share from:xyznews
Sign up here with your email
ConversionConversion EmoticonEmoticon