Zawgyi ဖြင့်ဖတ်ရန်
Unicode ဖြင့်ဖတ်ရန်
အဖော်အချွတ်နဲ့ အနုပညာကြေးမြင့်နေကြသူတွေကို ဝေဖန်လိုက်တဲ့ သင်္ဇာမြင့်မိုရ်
သင်္ဇာမြင့်မိုရ်ဟာဆိုရင်အခုနောက်ပိုင်းမှာ ပရိသတ်တွေရင်ထဲဝင်ရောက်လာပြီး ပရိသတ်အားပေးမှုများစွာရနေတဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။ သင်္ဇာမြင့်မိုရ်က လက်ရှိမှာရုပ်ရှင်ဇာတ်ကားတွေဆက်တိုက်ရိုက်နေသလိုကြော်ငြာတွေလည်းရိုက်နေရပြီး အနုပညာအလုပ်တွေဇယ်ဆက်သလိုလုပ်နေရတဲ့မင်းသမီးတစ်လက်ဆိုရင်လည်းမမှားပါဘူး။ ချစ်စရာကောင်းတဲ့အပြုံးနဲ့ အေးချမ်းတဲ့ကာရိုက်တာကြောင့်လည်း သင်္ဇာကိုပရိသတ်တွေကပိုချစ်နေရတယ်ဆိုရင်မမှားပါဘူး။
မကြာသေးမီက မီဒီယာတွေနဲ့အင်တာဗျူးမှာ သင်္ဇာက သူမရိုက်ထားတဲ့ ရုပ်ရှင်တွေအကြောင်းနဲ့ ဒီမှာ အောင်မြင်တာနဲ့ ကျော်ကြားတာနဲ့မကွဲကြတဲ့အကြောင်းကိုဖြေကြားသွားခဲ့ပါတယ်။သင်္ဇာက လတ်တလောအနုပညာလှုပ်ရှားမှုနဲ့ပတ်သက်ပြီး “ညီမ ကြော်ငြာလေးတွေရိုက်တယ်။ TV Programme လေးတွေရိုက်တဲ့ဟာလေးတွေရှိတယ်။ သီချင်းဆိုဖြစ်တယ်ပေါ့နော်၊သင်္ဇာရိုက်ထားတဲ့ရုပ်ရှင်ကားကြီးတွေက အချို့ကလည်း ဆင်ဆာကျဖို့အတွက်စောင့်နေတယ်။ အချို့ကလည်း edit လုပ်တုန်း မပြီးသေးဘူးပေါ့”လို့ ပြောပြထားပါတယ်။
ဆိုရှယ်မီဒီယာတွေပေါ်မှာ ဆယ်လီတွေဖြစ်ပြီး အောင်မြင်သွားကြတဲ့အပေါ်ကိုတော့ သင်္ဇာကလူတွေက အောင်မြင်မှုနဲ့ကျော်ကြားမှုကိုမကွဲကြဘူးလို့ “ခုခေတ်ကတော့ မျိုးစုံပေါ့။ပေါက်ကရလုပ်မယ်ဆိုရင်လည်းအောင်မြင်တာပဲ။နည်းနည်းလေး လူသိများသွားအောင် လှုပ်လှုပ်ယှက်ယှက်လေးဆိုရင်လည်းအောင်မြင်တာပဲ။ အဓိကက မဧသင်ပြောသွားသလိုပဲ လူတွေက အောင်မြင်တာနဲ့ ကျော်ကြားတာနဲ့ကိုမသဲကွဲကြဘူးဖြစ်နေတာပေါ့။ အောင်မြင်တာကတော့အချိန်ကြာကြာရပ်တည်နိုင်ဖို့အတွက်ကိုအရည်အချင်းတစ်ခုနဲ့ သွားရတာမျိုးပေ့ါ”လို့ ပြောပြထားပါတယ်။
အဖော်အချွတ်တွေနဲ့လူသိများပြီး အနုပညာကြေးပိုမြင့်နေကြတယ်လို့လည်း “အဖော်အချွတ်တွေနဲ့ လူအရမ်းသိလာတယ်။ အဲဒီမှာ အစ်မတို့နဲ့ သီချင်းဆိုတာပဲဖြစ်ဖြစ် ရုပ်ရှင်ရိုက်တာဲဖြစ်ဖြစ်သူတို့ရဲ့အနုပညာကြေးတွေက အစ်မတို့ထက်ပိုမြင့်နေတဲ့အခါကျတော့လုံးဝ amazing ကြီးတွေဖြစ်နေတာကွာ။ လူတွေကအဲဒါကို social media မှာခေတ်စားလာတဲ့အပေါ်မူတည်ပြီးတော့ စီးပွားရေးလုပ်ငန်းရှင်တွေက နေရာကောင်းကောင်းပေးနေတာဆိုတော့ အစ်မတို့လည်းဘာမှလုပ်လို့မရဘူး။ ဒါတွေက ကိုယ့်ရဲ့ကံတရားတွေပဲပေါ့နော်။အဲဒီလိုပဲယူဆပါတယ်”လို့ ဖြေကြထားပါတယ်။
ပြောချင်လွန်းလို့ပရိသတ်ကြီးရော သင်္ဇာမြင့်မိုရ်ကိုအားပေးကြလား။ သင်္ဇာပြောသွားတဲ့ ဆိုရှယ်မီဒီယာကဆယ်လီတွေ အဖော်အချွတ်တွေနဲ့အောင်မြင်လာသူတွေက နေရာရနေကြတဲ့အပေါ်ကိုရော ဘယ်လိုသဘောရလဲ။ ပြောခဲ့ကြပါဦး။
share from: theesaychin
Sign up here with your email
ConversionConversion EmoticonEmoticon