Zawgyi ျဖင့္ဖတ္ရန္
မိဘ နဲ႔ သားသမီးေတြၾကားခ်စ္ေမတၱာေတြဟာ အေတာ္ေလးကိုခိုင္ၿမဲလြန္းလွပါတယ္ ။ အထူးသျဖင့္ ငယ္႐ြယ္လြန္းေသးတဲ့ကေလးငယ္နဲ႔ ရင္အုပ္မကြာေစာင့္ၾကပ္ၾကည့္ရႈေနတဲ့ မိခင္ေတြ အၾကားမွာဆိုရင္ေပါ့ ။ ဒီတစ္ေခါက္မွာလည္း ကေလးငယ္တစ္ေယာက္ဟာ သူ၏မိခင္ကိုသူဘယ္ေလာက္ခ်စ္ျမတ္ႏိုးၿပီး ကာကြယ္ေပးႏိုင္ခဲ့ေၾကာင္း ကိုသက္ေသျပလိုက္သလိုပါပဲ ။ ျဖစ္စဥ္ကေတာ့ အဆိုပါမူႀကိဳကေလးငယ္ ႏွင့္ သူ၏မိခင္ျဖစ္သူတို႔ဟာ လမ္းမႀကီးတစ္ေနရာရဲ႕ လူကူးမ်ဥ္းၾကားကေနလမ္းျဖတ္ကူးေနတုန္း အျဖဴ ေရာင္ Nissan SUV ကားတစ္စီးဟာ အရွိန္မထိန္ႏိုင္ေတာ့ဘဲ ၎တို႔သားအမိကိုဝင္ေရာက္တိုက္မိခဲ့ပါေတာ့တယ္ ။
ကားမွာ မိခင္ျဖစ္သူကိုအရင္ဦးဆုံးတိုက္မိခဲ့တာျဖစ္တဲ့အတြက္ အရွိန္ေၾကာင့္ မိခင္ေရာ ၊ ကေလးငယ္ပါ အနည္းငယ္လြင့္စင္သြားခဲ့ပါတယ္ ။ ထို႔ေနာက္မိခင္ဟာ နာက်င္မႈဒဏ္ေၾကာင့္ မထႏိုင္ဘဲ ျဖစ္သြားခဲ့ရၿပီး ၊ သားငယ္ေလးမွာေတာ့ မိခင္အျဖစ္ကိုၾကည့္ၿပီး အေတာ္ေလးစိတ္ဆိုးေဒါသထြက္ခဲ့ၿပီးေနာက္ မိခင္၏အေျခအေနကိုစစ္ေဆးၿပီးေနာက္ အဆိုပါကားထံသို႔အေရာက္သြားၿပီး ကားကိုေျခေထာက္ျဖင့္လွန္းကန္ပစ္ခဲ့ၿပီးေနာက္ ၊ ကားသမားထံသို႔သြားကာ လက္ညိဳးထိုးၿပီး အားရပါးရေအာ္ေျပာပစ္ခဲ့ပါတယ္ ။ ထို႔ေနာက္ မိခင္ျဖစ္သူဆီ အေျပးအလႊားျပန္လာၿပီးငိုယိုကာ မိခင္ကို ထူမေပးဖို႔ႀကိဳးစားခဲ့ပါတယ္ ။
ထို႔ေနာက္ ကားသမားကလည္းကားေပၚမွဆင္းလားၿပီး ၊ အနီးအနားဝန္းက်င္မွလူမ်ားကလည္း မိခင္ျဖစ္သူကိုထူမကူၾကကာ အဆိုပါကားအျဖဴေရာင္ေပၚသို႔ တင္ၿပီး ေဆး႐ုံသို႔ေဆးစစ္မႈမ်ားျပဳလုပ္ေပးရန္အတြက္ သားအမိႏွစ္ေယာက္လုံးေခၚေဆာင္သြားခဲ့ၾကပါတယ္ ။ အဆိုပါ မူႀကိဳအ႐ြယ္ေက်ာင္းသားေလးရဲ႕ မိခင္အေပၚ ဂ႐ုစိုက္တတ္တဲ့ စိတ္ ႏွင့္ မိခင္ကိုေရွ႕ကေနမားမားမတ္မတ္ကာကြယ္ေပးခဲ့တဲ့လုပ္ရပ္ဟာ social media ေပၚမွာအေတာ္ေလးကို နာမည္ႀကီးေနလ်က္ရွိၿပီး ၊ လူတိုင္းကို ၾကည္ႏူးဝမ္းသာသည့္မ်က္ရည္မ်ိဳး က်ေစခဲ့ပါတယ္ ။
share from: Every Time Story
Unicode ဖြင့်ဖတ်ရန်
မိခင်ကို ကားတိုက်သွား လို့ဆိုပြီး ကားသမား ကိုပါ ရန်တွေ့ခဲ့တဲ့ မူကြိုကလေးငယ်
မိဘ နဲ့ သားသမီးတွေကြားချစ်မေတ္တာတွေဟာ အတော်လေးကိုခိုင်မြဲလွန်းလှပါတယ် ။ အထူးသဖြင့် ငယ်ရွယ်လွန်းသေးတဲ့ကလေးငယ်နဲ့ ရင်အုပ်မကွာစောင့်ကြပ်ကြည့်ရှုနေတဲ့ မိခင်တွေ အကြားမှာဆိုရင်ပေါ့ ။ ဒီတစ်ခေါက်မှာလည်း ကလေးငယ်တစ်ယောက်ဟာ သူ၏မိခင်ကိုသူဘယ်လောက်ချစ်မြတ်နိုးပြီး ကာကွယ်ပေးနိုင်ခဲ့ကြောင်း ကိုသက်သေပြလိုက်သလိုပါပဲ ။ ဖြစ်စဉ်ကတော့ အဆိုပါမူကြိုကလေးငယ် နှင့် သူ၏မိခင်ဖြစ်သူတို့ဟာ လမ်းမကြီးတစ်နေရာရဲ့ လူကူးမျဉ်းကြားကနေလမ်းဖြတ်ကူးနေတုန်း အဖြူ ရောင် Nissan SUV ကားတစ်စီးဟာ အရှိန်မထိန်နိုင်တော့ဘဲ ၎င်းတို့သားအမိကိုဝင်ရောက်တိုက်မိခဲ့ပါတော့တယ် ။
ကားမှာ မိခင်ဖြစ်သူကိုအရင်ဦးဆုံးတိုက်မိခဲ့တာဖြစ်တဲ့အတွက် အရှိန်ကြောင့် မိခင်ရော ၊ ကလေးငယ်ပါ အနည်းငယ်လွင့်စင်သွားခဲ့ပါတယ် ။ ထို့နောက်မိခင်ဟာ နာကျင်မှုဒဏ်ကြောင့် မထနိုင်ဘဲ ဖြစ်သွားခဲ့ရပြီး ၊ သားငယ်လေးမှာတော့ မိခင်အဖြစ်ကိုကြည့်ပြီး အတော်လေးစိတ်ဆိုးဒေါသထွက်ခဲ့ပြီးနောက် မိခင်၏အခြေအနေကိုစစ်ဆေးပြီးနောက် အဆိုပါကားထံသို့အရောက်သွားပြီး ကားကိုခြေထောက်ဖြင့်လှန်းကန်ပစ်ခဲ့ပြီးနောက် ၊ ကားသမားထံသို့သွားကာ လက်ညိုးထိုးပြီး အားရပါးရအော်ပြောပစ်ခဲ့ပါတယ် ။ ထို့နောက် မိခင်ဖြစ်သူဆီ အပြေးအလွှားပြန်လာပြီးငိုယိုကာ မိခင်ကို ထူမပေးဖို့ကြိုးစားခဲ့ပါတယ် ။
ထို့နောက် ကားသမားကလည်းကားပေါ်မှဆင်းလားပြီး ၊ အနီးအနားဝန်းကျင်မှလူများကလည်း မိခင်ဖြစ်သူကိုထူမကူကြကာ အဆိုပါကားအဖြူရောင်ပေါ်သို့ တင်ပြီး ဆေးရုံသို့ဆေးစစ်မှုများပြုလုပ်ပေးရန်အတွက် သားအမိနှစ်ယောက်လုံးခေါ်ဆောင်သွားခဲ့ကြပါတယ် ။ အဆိုပါ မူကြိုအရွယ်ကျောင်းသားလေးရဲ့ မိခင်အပေါ် ဂရုစိုက်တတ်တဲ့ စိတ် နှင့် မိခင်ကိုရှေ့ကနေမားမားမတ်မတ်ကာကွယ်ပေးခဲ့တဲ့လုပ်ရပ်ဟာ social media ပေါ်မှာအတော်လေးကို နာမည်ကြီးနေလျက်ရှိပြီး ၊ လူတိုင်းကို ကြည်နူးဝမ်းသာသည့်မျက်ရည်မျိုး ကျစေခဲ့ပါတယ် ။
share from: Every Time Story
Sign up here with your email
ConversionConversion EmoticonEmoticon