Zawgyiဖြင့်ဖတ်ရန်
Rowena
Photo: Htet Paing Ye
Credit:momolay
Unicodeဖြင့်ဖတ်ရန်
မရဲ့ အမောပြေလေးက မောင်သာဖြစ်ပါရစေဆိုပြီး ချွဲချွဲနွဲ့နွဲ့ပြောလာတဲ့ ပိုင်တံခွန်
မော်ဒယ် သရုပ်ဆောင်မင်းသားချောလေး ပိုင်တံခွန်ဟာဆိုရင် နှင်းဆီခိုင် အမျိုးသမီးတွေရဲ့ သဲသဲလှုပ်ချစ်ခြင်းကို ခံနေခဲ့ရတဲ့ သူလေးတစ်ယောက်ပါ။ အများရဲ့ ချစ်ခြင်းတွေကို ရရှိထားခဲ့တဲ့ ပိုင်တံခွန်ကတော့ ယခုဆိုရင် ရုပ်ရှင်၊ ဇာတ်လမ်းတွဲတွေများစွာမှာလည်း သရုပ်ဆောင်ပြီး ဖြစ်ပါတယ်။တစ်နေ့တခြား အောင်မြင်မှုတွေ ရရှိလာတဲ့ ပိုင်တံခွန်ကအနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်၊
ဒီနေ့မှာတော့ ပိုင်တံခွန် သူ့ရဲ့ မိန်းကလေးပရိသတ်တွေ ကြွေဆင်းသွားရအောင် အမိုက်စားပုံရိပ်တွေကို မျှဝေပေးထားပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် ပိုင်တံခွန်ရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
ပိုင်တံခွန်က "အတ္တကြီးတယ်လို့ပဲပြောပြော...မရဲ့ အမောပြေလေးက မောင်သာဖြစ်ပါရစေ 😁" ဆိုပြီး ပရိသတ်ထဲက မမတွေ ကြွေသွားရအောင် ချွဲချွဲနွဲ့နွဲ့လေး ပြောထားပါသေးတယ်။
ပိုင်တံခွန်က အနီးကပ် ကြည့်တာတောင် အပြစ်ဆိုစရာမရှိအောင် ချောမောလွန်းနေတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ပရိသတ်တွေက တစ်နေ့တစ်ခြား အချစ်တွေ ပိုနေရတာ ဖြစ်ပါတယ်။
ပိုင်တံခွန်ကတော့ မိန်းကလေးတွေရဲ့ အသည်းနှလုံးကို အမိုက်စား ပုံရိပ်တွေနဲ့ ဖမ်းစားလိုက်တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပိုင်တံခွန်ရဲ့ ပုံရိပ်တွေကို သဘောကျရင် Like & Share လုပ်ဖို့ မမေ့ပါနဲနော်။
Rowena
Source: Paing Takhon's fb
Photo: Htet Paing Ye
Credit:momolay
Sign up here with your email


ConversionConversion EmoticonEmoticon