ဗီယက်နမ်နိုင်ငံ Giang Province က မြို့ငယ်လေးတစ်ခုမှာ နေထိုင်တဲ့ အမျိုးသမီး တစ်ဦးဟာ အဓမ္မပြုကျင့်ခံရပြီးနောက် စိတ်မနံ့ ဖြစ်ခဲ့ပါတယ်။ ယင်း စိတ်ဒဏ်ရာကြောင့် အထိန်းမဲ့ ဖြစ်နေပြီး အမေဖြစ်သူဟာ သူမကို လှောင်အိမ်ထဲ ထည့်ပြီးတော့ ကျွေးမွေးပြုစုရပါတော့တယ်။
ယင်း rape ဖြစ်စဉ်ကြောင့် ကိုယ်ဝန်ရပြီး သားတစ်ယောက် မွေးပါတယ်။ မွေးဖွားတဲ့ သားငယ်ကိုလည်း မပြုစုနိုင်တာကြောင့် အဖွားဖြစ်သူကိုယ်တိုင် မိဘမဲ့ကျောင်း တစ်ခုစီ သွားထားရပါတယ်။ အသက် ကြီးပြီ ဖြစ်တဲ့ အမေအိုဟာ စိတ်မနံ့တဲ့ သမီးကို ဆေးကုသရန်လည်း ငွေကြေး မရှိတာကြောင့် အိမ်မှာပဲ သံလှောင်
အိမ်ထဲ ထည့်လို့ ပြုစုကျွေးမွေးရခြင်း ဖြစ်ပါတယ်။ အသက်ကြီးသည့်တိုင် သမီးကို ကျွေးဖို့အတွက် အလုပ်
လုပ်နေဆဲ ဖြစ်ပါတယ်။
သားငယ်လေးကိုတော့ မိဘမဲ့ ဂေဟာက လက်ခံလို့ သက်သာရာ တစ်ခုတော့ ရခဲ့ပါတယ်။ မြေးငယ်လေးကို အဖွားက မကြာမကြာ သွားတွေ့သတဲ့။ ဆင်းရဲသား မိသားစုဘဝ တစ်ခုမှာ ဒုက္ခ ကြုံဆုံရပြီး အမေဖြစ်သူတစ်ယောက်ရဲ့ မေတ္တာကို ထင်ဟပ်စေတဲ့ ယင်းဖြစ်ရပ်မှာ ဗီယက်နမ်မှာ ဝမ်းနည်းဖွယ် သတင်းတစ်ပုဒ်အ

ဖြစ် လူသိများလာပါတယ်။ သူတို့ မိသားစုအတွက် အလှူငွေကို ဗီယက်နမ်မှ လူအချို့က ထည့်ဝင်ပေးခဲ့ပြီး သတင်းအပြည့်အစုံကို http://karenmystory.blogspot.com/…/full-storymother-locked-… ထဲမှာ
ဖတ်ရှု နိုင်ပါတယ်။
ရိုးရာလေး
ရိုးရာလေး
Sign up here with your email

ConversionConversion EmoticonEmoticon