အီလက်ထရောနစ်ဆေးလိပ်တွေက ဆေးခြောက်ရွက်ပါတဲ့ ဆေးလိပ်တွေထက် သောက်တဲ့သူနဲ့ သူတို့နီး နားက သူတွေအတွက် ပိုပြီး အန္တရာယ်ကင်းတယ်လို့ သိပ္ပံနည်းကျလေ့လာမှု တစ်ရပ်ကဆိုပါတယ်။
ရေရှည်ကျန်းမာရေး ထိခိုက်မှုရှိမရှိ မသိရသေးပေမဲ့ ဒီဆေးလိပ်တွေသောက်သုံးခြင်းနဲ့ ပတ်သက်ပြီုး ရိုးရိုးဆေးလိပ်တွေလို စည်းကမ်းချမှတ်ထားခြင်း မရှိသေးပါဘူး။
Queen Mary University of London (QMUL) က သုတေသီတွေရဲ့ အစီရင်ခံစာအရ ကျန်းမာရေလုပ် သားတွေအနေနဲ့ ဆေးလိပ်သောက်သုံးမှု လျော့ချချင်တဲ့သူတွေကို အီလက်ထရောနစ်ဆေးလိပ် ပြောင်း လဲသောက်စေသင့် တယ်လို့ ဆိုပါတယ်။
အီလက်ထရောနစ်ဆေးလိပ်တွေကို ဈေးကွက်အတွင်း ရိုးရိုးဆေးလိပ်တွေနဲ့ ယှဉ်ပြိုင်ရောင်းချခွင့်ပြုသင့် တယ်လို့ ( UK Centre for Tobacco and Alcohol Studies at QMUL) က ပါမောက္ခ Peter Hajek ပြော ဆိုခဲ့ပါတယ်။
ဆရာဝန်တွေအနေနဲ့လည်း နီကိုတင်းကို မဖြတ်ချင်တဲ့ ဆေးလိပ်သောက်သူတွေကို အီလက်ထရော နစ်ဆေးလိပ်ပြောင်းသောက်ဖို့ အကြံအဥာဏ်ပေးနိုင်ပါတယ်။
Britonမှာဆိုရင် လူအယောက် ၁.၃မီလျံဝန်းကျင်က ဘက်ထရီအားသုံး အီလက်ထရောနစ်ဆေးလိပ်ကို သုံးနေကြပါတယ်။
အဲဒီကိရိယာတွေဟာ နီကိုတင်းရည်ကို အငွေ့အဖြစ်သို့ ပြောင်းလဲပြီး ဆေးခြောက်ပါ ဆေးလိပ်သောက် သုံးမှုကြောင့် ဖြစ်လာတဲ့ အန္တရာယ်ကင်းလျက် ဆေးကိုရှုသွင်းစေပါတယ်။
ဆေးလိပ်ထဲမှာ ဆေးခြောက်နဲ့ တခြား ကင်ဆာဖြစ်စေနိုင်တဲ့ ပစ္စည်းပါဝင်မှုမရှိတာကြောင့် အီလက်ထရော နစ်ဆေးလိပ်ဟာ သာမန်ဆေးလိပ်တွေ သောက်သုံးခြင်းထက် ကျန်းမာရေးထိခိုက်မှုပိုနည်းတယ်လို့ ယူဆရပါတယ်။
ဆေးခြောက်နဲ့ပတ်သက်ပြီး ထိပ်တန်းသုတေသနပြုသူတွေရဲ့ အစီရင်ခံစာအရ အီလက်ထရောနစ် ဆေး လိပ်သောက်သုံးရာမှာ ရေရှည်ကျန်းမာရေးထိခိုက်မှု မတွေ့ရဘူးလို့ ဆိုပါတယ်။
အီလက်ထရောနစ်ဆေးလိပ် မှာပါတဲ့ အရည်တွေ၊ အေရိုဆိုလ်အဆိပ်ပါဝင်မှုနဲ့ စပ်လျင်းပြီး သုတေသနအ ချက်အလက်အရ သာမန်ဆေးလိပ်သောက်သုံးမှုနဲ့ နှိုင်းယှဉ်ရင် သောက်သုံးသူတွေနှင့် သူတို့နီးနားက သူတွေအတွက် အသက်အန္တရာယ် ကင်းရှင်းတဲ့ အလားအလာပိုရှိပါတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
အီလက်ထရောနစ်ဆေးလိပ်ရောင်းချမှု အရေအတွက်များလာတာနဲ့အမျှ ငယ်ရွယ်တဲ့ ဆေးလိပ်သောက် သူရေအတွက်လည်း လျော့လာခဲ့ပါတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆေးရုံက ဆရာဝန်တွေအကြား စစ်တမ်းကောက်ယူရာမှာ ခုနစ်ယောက်ထဲက တစ်ယောက်က အီလက်ထရောနစ်ဆေးလိပ်အသုံးပြုခြင်းဟာ ဆရာဝန်ရဲ့ ညွန်ကြား ချက်အတိုင်း သာဖြစ်သင့်ကြောင်းနှင့် ခြောက်ယောက်မှာ တစ်ယောက်က အီလက်ထရော နစ်ဆေးလိပ် ကို ဈေးကွက်အတွင်းလုံးဝမရောင်းချသင့် ကြောင်းပြောဆိုခဲ့ကြပါတယ်။
Victor. Paa Tung | Trend Myanmar
Sign up here with your email
ConversionConversion EmoticonEmoticon