အသက္ ၉၀ ေက်ာ္ အေမျဖစ္သူကို ေဈးထဲလိုက္ေတာင္းစားခိုင္းတဲ့ သမီးကို စုံစမ္းစစ္ေဆးေန




Zawgyi ျဖင့္ဖတ္ရန္

မိဘေက်းဇူးဆိုတာ အထူးႀကီးမားလွပါတယ္…အေမ့ႏို႔ဖိုးနဲ႔ အေဖေခြၽးဖိုးက ဘယ္လိုမွ ေၾကေအာင္ဆပ္ႏိုင္တဲ့ အရာမဟုတ္ပါဘူး…ခုဘဝမွာေတာင္ အေမ့ႏို႔တစ္လုံးဖိုးကို ဘယ္သူမွ ေၾကေအာင္ မဆပ္ႏိုင္ၾကဘူးမဟုတ္လား….. အေမေတြကေတာ့ သူမဘယ္ေလာက္ ငတ္ျပတ္ေနပါေစ သားသမီးစားဖို႔အတြက္ ဟင္းတစ္ခြက္ေတာ့ မရရေအာင္ ရွာေပးတတ္ၾကတာပါ….. မိဘေတြ အိုမင္းမစြမ္းျဖစ္လာရင္လည္း သားသမီးေတြက တလွည့္ျပန္ ျပဳစုေစာင့္ေရွာက္ရမွာ လူ႔က်င့္ဝတ္တစ္ခု သားသမီး ဝတၳရားတစ္ခုပဲ မဟုတ္လား…





ခုေျပာျပေပးမယ့္ အျဖစ္အပ်က္ေလးကေတာ့ သမီးျဖစ္သူက အသက္ႀကီးေနတဲ့ မိခင္ကို ရွာေကြၽးျပဳစုမႈ မလုပ္တဲ့ အျပင္ ရပ္တကာလွည့္ေတာင္းစားခိုင္းၿပီး ရတဲ့ေငြေတြ ယူေနတဲ့ ဝမ္းနည္းဖြယ္အျဖစ္အပ်က္ပါ…ျဖစ္စဥ္ကေတာ့ ဇင္းက်ိဳက္က ဗိုလ္ခ်ဳပ္ေဈးထဲမွာ အသက္၉၅ ႏွစ္အ႐ြယ္မိခင္ကို သမီးျဖစ္သူက ေတာင္းရမ္းခိုင္းေနတာပါ…ရတဲ့ေငြေတြကိုေတာ့ သူယူပါတယ္တဲ့…အဲဒီျဖစ္စဥ္ေလးကို သိတဲ့ ျပည္သူေတြက တာဝန္ရွိသူေတြကို သတင္းေပးတယ္ဆိုပါတယ္…



တနသၤာရီတိုင္းေဒသႀကီး ေလာင္းလုံးၿမိဳ႕နယ္ အန္ေတာပ်ံေက်း႐ြာေနတဲ့ ခင္သန္းမူ ၄၅ ႏွစ္ (ဘ)ဦးသံေခ်ာင္းဟာ အသက္ ၉၅ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ မိခင္ေဒၚေသာင္းတင္ ကို ေဈးေတြမွာ လိုက္လံေတာင္းရမ္းခိုင္းေနၿပီး ရရွိတဲ့ ေငြေတြကို ယူေနပါတယ္လို႔ တိုင္တာပါ……အဲတာေၾကာင့္ ဇင္းက်ိဳက္ရဲကင္းစခန္းမွာ ဒီဇင္ဘာ ၉ ရက္ေန႔က ေခၚယူစစ္ေဆးေနတယ္လို႔ သိရပါတယ္…..



ဒါတကယ့္ကို မျဖစ္သင့္တဲ့ ကိစၥပါပဲ…မိဘရွာေကြၽးႏိုင္တုန္းကေတာ့ အခန႔္သားစားၿပီး မိဘအိုမင္းမစြမ္းခ်ိန္ေရာက္ေတာ့ ကိုယ္က ရွာမေကြၽးတဲ့အျပင္ ေတာင္းပါစားခိုင္းတာပါ…. အသက္ ၉၅ ႏွစ္အ႐ြယ္ဆိုတာ တရားနဲ႔ေပ်ာ္ေမြ႕ေနရမဲ့အခ်ိန္မွာ လူၾကားထဲမွာ လိုက္လံေတာင္းရမ္းရတဲ့ အျဖစ္ေလးကေတာ့ တကယ့္ကို ရင္နာစရာပါ…..ဒါေလးဖတ္ၿပီး ေၾသာ္ ေလာကမွာ ဒီလို သားသမီးလည္း ရွိေသးပါလားလို႔ သံေဝဂရမိပါတယ္…..

Writer – HW (Shwe Yaung Lan)




Unicode ဖြင့်ဖတ်ရန်

အသက် ၉၀ ကျော် အမေဖြစ်သူကို ဈေးထဲလိုက်တောင်းစားခိုင်းတဲ့ သမီးကို စုံစမ်းစစ်ဆေးနေ


မိဘကျေးဇူးဆိုတာ အထူးကြီးမားလှပါတယ်…အမေ့နို့ဖိုးနဲ့ အဖေချွေးဖိုးက ဘယ်လိုမှ ကြေအောင်ဆပ်နိုင်တဲ့ အရာမဟုတ်ပါဘူး…ခုဘဝမှာတောင် အမေ့နို့တစ်လုံးဖိုးကို ဘယ်သူမှ ကြေအောင် မဆပ်နိုင်ကြဘူးမဟုတ်လား….. အမေတွေကတော့ သူမဘယ်လောက် ငတ်ပြတ်နေပါစေ သားသမီးစားဖို့အတွက် ဟင်းတစ်ခွက်တော့ မရရအောင် ရှာပေးတတ်ကြတာပါ….. မိဘတွေ အိုမင်းမစွမ်းဖြစ်လာရင်လည်း သားသမီးတွေက တလှည့်ပြန် ပြုစုစောင့်ရှောက်ရမှာ လူ့ကျင့်ဝတ်တစ်ခု သားသမီး ဝတ္ထရားတစ်ခုပဲ မဟုတ်လား…



ခုပြောပြပေးမယ့် အဖြစ်အပျက်လေးကတော့ သမီးဖြစ်သူက အသက်ကြီးနေတဲ့ မိခင်ကို ရှာကျွေးပြုစုမှု မလုပ်တဲ့ အပြင် ရပ်တကာလှည့်တောင်းစားခိုင်းပြီး ရတဲ့ငွေတွေ ယူနေတဲ့ ဝမ်းနည်းဖွယ်အဖြစ်အပျက်ပါ…ဖြစ်စဉ်ကတော့ ဇင်းကျိုက်က ဗိုလ်ချုပ်ဈေးထဲမှာ အသက်၉၅ နှစ်အရွယ်မိခင်ကို သမီးဖြစ်သူက တောင်းရမ်းခိုင်းနေတာပါ…ရတဲ့ငွေတွေကိုတော့ သူယူပါတယ်တဲ့…အဲဒီဖြစ်စဉ်လေးကို သိတဲ့ ပြည်သူတွေက တာဝန်ရှိသူတွေကို သတင်းပေးတယ်ဆိုပါတယ်…



တနင်္သာရီတိုင်းဒေသကြီး လောင်းလုံးမြို့နယ် အန်တောပျံကျေးရွာနေတဲ့ ခင်သန်းမူ ၄၅ နှစ် (ဘ)ဦးသံချောင်းဟာ အသက် ၉၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မိခင်ဒေါ်သောင်းတင် ကို ဈေးတွေမှာ လိုက်လံတောင်းရမ်းခိုင်းနေပြီး ရရှိတဲ့ ငွေတွေကို ယူနေပါတယ်လို့ တိုင်တာပါ……အဲတာကြောင့် ဇင်းကျိုက်ရဲကင်းစခန်းမှာ ဒီဇင်ဘာ ၉ ရက်နေ့က ခေါ်ယူစစ်ဆေးနေတယ်လို့ သိရပါတယ်…..



ဒါတကယ့်ကို မဖြစ်သင့်တဲ့ ကိစ္စပါပဲ…မိဘရှာကျွေးနိုင်တုန်းကတော့ အခန့်သားစားပြီး မိဘအိုမင်းမစွမ်းချိန်ရောက်တော့ ကိုယ်က ရှာမကျွေးတဲ့အပြင် တောင်းပါစားခိုင်းတာပါ…. အသက် ၉၅ နှစ်အရွယ်ဆိုတာ တရားနဲ့ပျော်မွေ့နေရမဲ့အချိန်မှာ လူကြားထဲမှာ လိုက်လံတောင်းရမ်းရတဲ့ အဖြစ်လေးကတော့ တကယ့်ကို ရင်နာစရာပါ…..ဒါလေးဖတ်ပြီး သြော် လောကမှာ ဒီလို သားသမီးလည်း ရှိသေးပါလားလို့ သံဝေဂရမိပါတယ်…..

Writer – HW (Shwe Yaung Lan)


Previous
Next Post »
Powered by Blogger.