



Zawgyi ဖြင့်ဖတ်ရန်
















Unicode ဖြင့်ဖတ်ရန်


ခန္ဓာကိုယ်ပေါ်မှာ ရစ်ပတ်နေတဲ့ကြိုးကို ဖြုတ်ပေးဖို့ငါးဖမ်းသမားတွေဆီ လာရောက်အကူအညီတောင်ခံခဲ့တဲ့ ဝေလငါး(ရုပ်သံ)

သဘောင်္တွေရဲ့အနီးအနားသို့ လာရောက်လေ့ရှိတဲ့ ပင်လယ်ရေနေသတ္တဝါတွေထဲမှာဆိုရင် လင်းပိုင်တွေသာအများဆုံးဖြစ်ကြပါတယ် ။ သို့ပေမဲ့လည်း ဒီတစ်ခေါက်မှာတော့ ဝေလငါးကြီးတစ်ကောင်ဟာ ငါးဖမ်းသဘောင်္အနားသို့ အနီးကပ်ဆုံးသွားရောက်ခဲ့ပါတယ် ။ အဆိုပါအဖြစ်အပျက်ကတော့ ပြီးခဲ့တဲ့ December 1ရက်နေ့က မလေးရှားနိုင်ငံ ၊ Bintulu မြို့အနီးမှာရှိတဲ့ ပင်လယ်ကမ်းစပ်နှင့်မဝေးလွန်းတဲ့နေရာတစ်နေရာမှာ ဖြစ်ပျက်ခဲ့တာပါ ။



Video ထဲမှာတွေ့မြင်ရတဲ့အတိုင်းပါပဲ ဝေလငါးလေးဟာ ငါးဖမ်းသဘောင်္ဘေးကပ်လျက်လိုက်ပါလာခဲ့တဲ့အတွက် လှေပေါ်မှလူတွေလည်း အတော်ထူးဆန်းတယ်လို့ထင်မြင်ပြီး အနီးကပ်ကြည့်လိုက်ချိန်မှာတော့ ဝေလငါးဟာကြိုခွေတစ်ခုနှင့် ရစ်ပတ်နေမိလို့လာပြီး ဖြတ်ထုတ်ပေးဖို့အကူအညီတောင်ခံနေခဲ့တာကို သဘောင်္ပေါ်ရှိလူများက သတိထားမိခဲ့ပါတယ်

ထို့နောက် video ထဲမှာကြားရတဲ့အတိုင်း ကြိုးခွေကိုဖြတ်ထုတ်ပေဖို့ လူများကပစ္စည်းရှာနေကြတဲ့ အသံကိုကြားရမှာပါ ။ ထို့နောက် အမျိုးသားတစ်ယောက်ဟာ ရစ်ပတ်နေသောကြိုးကို သံကောက်ဖြင့် လှန်ဆွဲယူပြီး ဖြတ်ပေးဖို့ကြိုးစားနေခဲ့ပြီး ဝေလငါးလေးမှာလည်း လုံးဝယုံကြည်စိတ်ချတဲ့ပုံစံမျိုးနှင့် ရန်မူခြင်းများမရှိပဲ အလိုက်သင့်လေးလိုက်နေပေခဲ့ပါတယ် ။



နောက်ပိုင်း ဓားဖြင့်အဆိုပါရစ်ပတ်နေသောကြိုးကိုဖြတ်ထုတ်ပစ်လိုက်ပြီးချိန်မှာတော့ ဝေလငါးလေးဟာ အတော်ဝမ်းသာသွားခဲ့ပုံရပြီး သူ၏အမြှီးဖြင့်ရေကိုပုတ်ထုတ်ပြပြီး ငါးဖမ်းသမားများကိုနှုတ်ဆတ်သွားခဲ့ပါတယ် ။ ကူညီပေးခဲ့ကြတဲ့ ငါးဖမ်းသမားများကလည်း အတော်လေးကိုပျော်ရွှင်ခဲ့ကြပုံရပြီး ဝေလငါးလေးကိုအပြိုင်အဆိုင်နှုတ်ဆက်ခဲ့ကြပါတော့တယ် ။


share from: burmese.asia



Previous
Next Post »

1 comments:

Write comments
Unknown
AUTHOR
December 11, 2019 at 3:35 AM delete

ခ်စ္ဘ​ေ လာ့​​ေ ျျ ဖ ​ေ ပးပါ​ေ နာ္ဘိုင္​ေ တာင်းပန်ပါတယ်😭😭😭

Reply
avatar
Powered by Blogger.