ေနထိုင္ရန္မေကာင္းဆုံး ၿမိဳ႕စာရင္းတြင္ ပါဝင္မႈအေပၚ ရန္ကုန္ၿမိဳ႕ ေတာ္ဝန္ တုံ႔ျပန္ၿပီ




Zawgyi ျဖင့္ဖတ္ရန္

ရန္ကုန္ၿမိဳ႕က ကမာၻေပၚမွာ ေနထိုင္ဖို႔ မေကာင္းဆုံးၿမိဳ႕စာရင္းမွာ ပါဝင္တယ္လို႔ ေဖာ္ျပခ်က္က ရွက္စရာမဟုတ္သလို ဂုဏ္ယူစရာလည္း မဟုတ္ဘူးလို႔ ရန္ကုန္ၿမိဳ႕ေတာ္ဝန္က ျပန္လည္ တုံ႔ျပန္လိုက္ပါတယ္။လန္ဒန္ Internations အဖြဲ႕က ၃ ႏွစ္ေျမာက္အျဖစ္ ျပည္ပမွာေနထိုင္သူေတြကို ေမးျမန္း သုေတသနျပဳထားတဲ့ ၿမိဳ႕ၫႊန္းကိန္း ၂၀၁၉ စာရင္းမွာ ရန္ကုန္ၿမိဳ႕က ေနထိုင္ဖို႔ မေကာင္းဆုံးၿမိဳ႕ စာရင္းေတြရဲ႕ ေအာက္ဆုံး ၁၀ ၿမိဳ႕စာရင္းမွာ ပါဝင္ေနတာပါ။



ႏိုင္ငံတကာက တိုက်ိဳ၊ ဆန္ဖရန္စစၥကိုစတဲ့ ၿမိဳ႕ႀကီးေတြနဲ႔ ႏိုင္ယွဥ္မယ္ဆိုရင္ေတာ့ ျဖစ္ႏိုင္သလို ရန္ကုန္ၿမိဳ႕က ဒီေလာက္အထိ အေျခအေနမဆိုးဘူးလို႔ ဒီဇင္ဘာလ ၉ ရက္ေန႔က က်င္းပတဲ့ သတင္းစာရွင္းလင္းပြဲမွာ ဒီဗြီဘီ သတင္းဌာနက ေမးျမန္းမႈကို ေျဖၾကားခဲ့တာပါ။ ဒါ့အျပင္ ကမာၻေပၚက ၿမိဳ႕ေတြက သူ႔အဆင့္နဲ႔သူ သတ္မွတ္ခ်က္ရွိၿပီး ဒီစစ္တမ္းက ဘယ္လိုေကာက္တာလဲ ဆိုတာလည္း မသိသလို စစ္တမ္းေကာက္သူရဲ႕ ရည္႐ြယ္ခ်က္က ဘာလဲ ဆိုတာလည္း သိဖို႔လိုအပ္ၿပီး ဒီလိုစာရင္းမွာပါတာက ရွက္စရာမဟုတ္သလို ဂုဏ္ယူစရာ မဟုတ္ပါဘူးလို႔ ၿမိဳ႕ေတာ္ဝန္ဦးေမာင္ေမာင္စိုးက ေျပာခဲ့တာပါ။Internations အဖြဲ႕ကကမာၻတဝန္း မိခင္ျပည္ပႏိုင္ငံေတြမွာေနထိုင္တဲ့ သူ ၂၀၂၅၉ ေယာက္ကို စစ္တမ္းေကာက္ယူခဲ့တာျဖစ္ၿပီး ေနထိုင္ဖို႔ အေကာင္းဆုံးၿမိဳ႕နဲ႔ ေနထိုင္ဖို႔ မေကာင္းဆုံးၿမိဳ႕ စာရင္းေတြကို ေဖာ္ျပထားတာလည္းျဖစ္ပါတယ္။





ကမာၻေပၚမွာ ေနထိုင္ဖို႔ မေကာင္းဆုံးကေတာ့ ကူဝိတ္ၿမိဳ႕ျဖစ္ၿပီး သူ႔ေနာက္မွာ ေရာမ (အီတလီ)၊ မီလန္ (အီတလီ)၊ လာဂို႔စ္ (ႏိုင္ဂ်ီးရီးယား)၊ ပဲရစ္ (ျပင္သစ္)၊ ဆန္ဖရန္စစၥကို (အေမရိကန္)၊ ေလာ့စ္အိန္ဂ်လိစ္ (အေမရိကန္)၊ လီမာ (ပီ႐ူး)၊ နယူးေယာက္ (အေမရိကန္)နဲ႔ ရန္ကုန္တို႔ ျဖစ္ပါတယ္။ ေနထိုင္ဖို႔အေကာင္းဆုံး ၿမိဳ႕ႀကီး ၁၀ ၿမိဳ႕ စာရင္းကိုလည္း ေဖာ္ျပထားၿပီး ထိုင္ဝမ္ရဲ႕ ၿမိဳ႕ေတာ္ တိုင္ေပက ထိပ္ဆုံးမွာ ရွိေနပါတယ္။ ဒီေနာက္မွာ ကြာလာလမ္ပူ (မေလးရွား)၊ ဟိုခ်ီမင္း (ဗီယက္နမ္)၊ စင္ကာပူ၊ မြန္ထရီယယ္ (ကေနဒါ)၊ လစၥဘြန္း (ေပၚတူဂီ)၊ ဘာစီလိုနာ (စပိန္)၊ ဇပ္က္ (ဆြစ္ဇာလန္)၊ သည္ဟိတ္ (နယ္သာလန္) နဲ႔ ဘာဆယ္ (ဆြစ္ဇာလန္) တို႔ျဖစ္ပါတယ္။

share from;burmese.asia

mm11-5

Unicode ဖြင့်ဖတ်ရန်

နေထိုင်ရန်မကောင်းဆုံး မြို့စာရင်းတွင် ပါဝင်မှုအပေါ် ရန်ကုန်မြို့ တော်ဝန် တုံ့ပြန်ပြီ

ရန်ကုန်မြို့က ကမ္ဘာပေါ်မှာ နေထိုင်ဖို့ မကောင်းဆုံးမြို့စာရင်းမှာ ပါဝင်တယ်လို့ ဖော်ပြချက်က ရှက်စရာမဟုတ်သလို ဂုဏ်ယူစရာလည်း မဟုတ်ဘူးလို့ ရန်ကုန်မြို့တော်ဝန်က ပြန်လည် တုံ့ပြန်လိုက်ပါတယ်။လန်ဒန် Internations အဖွဲ့က ၃ နှစ်မြောက်အဖြစ် ပြည်ပမှာနေထိုင်သူတွေကို မေးမြန်း သုတေသနပြုထားတဲ့ မြို့ညွှန်းကိန်း ၂၀၁၉ စာရင်းမှာ ရန်ကုန်မြို့က နေထိုင်ဖို့ မကောင်းဆုံးမြို့ စာရင်းတွေရဲ့ အောက်ဆုံး ၁၀ မြို့စာရင်းမှာ ပါဝင်နေတာပါ။



နိုင်ငံတကာက တိုကျို၊ ဆန်ဖရန်စစ္စကိုစတဲ့ မြို့ကြီးတွေနဲ့ နိုင်ယှဉ်မယ်ဆိုရင်တော့ ဖြစ်နိုင်သလို ရန်ကုန်မြို့က ဒီလောက်အထိ အခြေအနေမဆိုးဘူးလို့ ဒီဇင်ဘာလ ၉ ရက်နေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒီဗွီဘီ သတင်းဌာနက မေးမြန်းမှုကို ဖြေကြားခဲ့တာပါ။ ဒါ့အပြင် ကမ္ဘာပေါ်က မြို့တွေက သူ့အဆင့်နဲ့သူ သတ်မှတ်ချက်ရှိပြီး ဒီစစ်တမ်းက ဘယ်လိုကောက်တာလဲ ဆိုတာလည်း မသိသလို စစ်တမ်းကောက်သူရဲ့ ရည်ရွယ်ချက်က ဘာလဲ ဆိုတာလည်း သိဖို့လိုအပ်ပြီး ဒီလိုစာရင်းမှာပါတာက ရှက်စရာမဟုတ်သလို ဂုဏ်ယူစရာ မဟုတ်ပါဘူးလို့ မြို့တော်ဝန်ဦးမောင်မောင်စိုးက ပြောခဲ့တာပါ။Internations အဖွဲ့ကကမ္ဘာတဝန်း မိခင်ပြည်ပနိုင်ငံတွေမှာနေထိုင်တဲ့ သူ ၂၀၂၅၉ ယောက်ကို စစ်တမ်းကောက်ယူခဲ့တာဖြစ်ပြီး နေထိုင်ဖို့ အကောင်းဆုံးမြို့နဲ့ နေထိုင်ဖို့ မကောင်းဆုံးမြို့ စာရင်းတွေကို ဖော်ပြထားတာလည်းဖြစ်ပါတယ်။



ကမ္ဘာပေါ်မှာ နေထိုင်ဖို့ မကောင်းဆုံးကတော့ ကူဝိတ်မြို့ဖြစ်ပြီး သူ့နောက်မှာ ရောမ (အီတလီ)၊ မီလန် (အီတလီ)၊ လာဂို့စ် (နိုင်ဂျီးရီးယား)၊ ပဲရစ် (ပြင်သစ်)၊ ဆန်ဖရန်စစ္စကို (အမေရိကန်)၊ လော့စ်အိန်ဂျလိစ် (အမေရိကန်)၊ လီမာ (ပီရူး)၊ နယူးယောက် (အမေရိကန်)နဲ့ ရန်ကုန်တို့ ဖြစ်ပါတယ်။ နေထိုင်ဖို့အကောင်းဆုံး မြို့ကြီး ၁၀ မြို့ စာရင်းကိုလည်း ဖော်ပြထားပြီး ထိုင်ဝမ်ရဲ့ မြို့တော် တိုင်ပေက ထိပ်ဆုံးမှာ ရှိနေပါတယ်။ ဒီနောက်မှာ ကွာလာလမ်ပူ (မလေးရှား)၊ ဟိုချီမင်း (ဗီယက်နမ်)၊ စင်ကာပူ၊ မွန်ထရီယယ် (ကနေဒါ)၊ လစ္စဘွန်း (ပေါ်တူဂီ)၊ ဘာစီလိုနာ (စပိန်)၊ ဇပ်က် (ဆွစ်ဇာလန်)၊ သည်ဟိတ် (နယ်သာလန်) နဲ့ ဘာဆယ် (ဆွစ်ဇာလန်) တို့ဖြစ်ပါတယ်။

share from;burmese.asia

Previous
Next Post »
Powered by Blogger.