Zawgyi ဖြင့်ဖတ်ရန်
လမ်းတောင် သူကောင်းကောင်းမလျောက်နိုင်ဘူး …
Unicode ဖြင့်ဖတ်ရန်
တို့ဆေး သတိထားကြပါ… သူငယ်ချင်း ၃ ယောက် ညစာ သွားစားပြီး အပြန်မှာ လှည်းတန်း ရောက်တော့
လတ်တလော မြန်မာနိုင်ငံမှာ ကလေးခိုးမှုတွေ ၊ လူကုန်ကူးမှုတွေ ၊ တို့ဆေးတွေ အတော်လေးကို ခေတ်စားနေတာ အားလုံး အသိပဲဖြစ်ပါတယ်နော်။ ဒီသတင်းတွေကိုလည်း အားလုံး နေ့စဉ်နဲ့အမျှ ဖတ်ကြရမှာပါ။ ဘယ်မြို့မှာတော့ ကလေး သူခိုး ဘယ်
နှစ်ယောက်မိပြန်ပြီ ၊ ဒီမြို့မှာတော့ ဘယ်နှစ်ယောက်ဆိုပြီးတော့ နေ့စဉ်တက်နေတာတွေဟာတော့ မိဘတွေအတွက် အတော်လေးကို ရတက်မအေးရတဲ့ ကိစ္စတစ်ရပ်ပဲဖြစ်မယ်ထင်ပါတယ်။
ဒီလိုပဲ ရန်ကုန်မြို့တော်လို နေရာကြီးမှာလည်း တို့ဆေးတွေက ခေတ်စားနေပါတယ်။တို့ဆေးနဲ့ အတို့ခံရပြီး ကိုယ်တိုင်ကြုံရသူတွေရှိနေသလို ၊ တို့ဆေး တစ်ကယ်မရှိဘူးလို့ပြောဆိုနေတဲ့ ဆရာဝန်တွေလည်း တွေ့ကြရမှာပါ။ ဒါပေမယ့် ယနေ့တိုင် တို့ဆေးနဲ့ အတို့ ခံရတယ်ဆိုတဲ့ လူတွေကလည်း ရှိနေတာကြောင့် အများပြည်သူမှာတော့ ကျီးလန့်စာစားဘဝနဲ့ နေ့စဉ်လူမှုဘဝတွေကို ရုန်းကန်နေရတာလည်း အားလုံး အသိပါပဲနော်။ဒီနေ့လည်း တို့ဆေးနဲ့ တို့တာကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ သူတစ်ယောက်က အခုလိုပဲ
ပြန်လည်မျှဝေပေးထားပါတယ်။
((((#အားလုံး သတိအကြီးကြီးထားကြပါ
( တစ်ကယ်ရှိတယ်ဟ တို့ဆေးဆိုတာ ဖြစ်ရပ်မှန်)
ဒီနေ့ ညနေလှည်းတန်းမှာ သူငယ်ချင်းသုံးယောက် ညစာသွားစားရင်း အပြန် မှာလှည်တန်းစင်တာရှေ့ မှာ ဖိနပ်ဆိုင်မှာ ဖိနပ်လေးဈေးမေးနေတုန်း အနောက်မှာရပ်စောင့်နေတဲ့ သူငယ်ချင်း ကောင်မလေးကို ဦးလေးကြီးတစ်ယောက်ဝင်တိုက်ပြီ သူ့လက်ကိုတို့ဆေးနဲ့ တို့သွားတယ် သူကပြောတယ် လက်ခေါက်နားမှာစူးကနဲဖြစ်သွားတယ်တဲ့ ကိုယ်တွေနစ်ယောက်သားကမယုံဘူး သူနောက်နေတာထင်တာ… ပြီးတော့ သူ့လက်ကိုသေချာကြည့်တာ ဖြစ်ဖြစ်ချင်းဆိုတော့လားမသိဘူး ဘားမတွေ့ဘူး ခဏကြာတော့ လက်ကနီလာတယ်အာ့တာနဲ့ ကျွန်တော်တို့ နည်းနည်ဇဝေဇဝါ ဖြစ်သွားတယ်…. တို့ခံရတဲ့သူက ပြောသေးတယ် တို့ဆေးမိရင် တို့တဲ့သူကို နောက်ကနေကန်ရင် တို့ဆေးပြေတယ်လို့ပြောတော့ နောက်ကသွားကန်မယ်တဲ့….
အဲ့လိုလုပ်တော့ ကိုယ်တွေနစ်ယောက်က မေးတယ် မှတ်မိလားလို့အဲ့လူကိုလို့ သူကမှတ်မိတယ် သွားဖင်ပိတ်ကန်မယ်တဲ့ အာ့တာနဲ့စိတ်ကထင်တာပါဆိုပြီး ကားဂိတ်ကိုလာခဲ့တယ် ကားဂိတ်တောင်မရောက်ပါဘူးကားကမီးပွိုင့်ပိတ်နေတော့ အသင်ရောက်နေတဲ့ ၂၁ ကားကိုစီးလာခဲ့ကြတယ် မဟာမြိုင်မှတ်တိုင်ထိပေါ့…. နေရာမရတော့ မတပ်ရပ်စီးလာခဲ့ကြတယ်သုံးယောက်သား စိုက်ပျိုးရေးမှတ်တိုင်တောင်မရောက်သေး သူက ပူတယ်ဆိုပြီး အပေါ်ကအင်းကျီလက်ရှည်ကို ချွတ်မလို့လုပ်တယ် ပြီးတော့စိုက်ပျိုးရေးမှတ်တိုင်ရောက်တော့ ခုံတစ်နေရာလွတ်သွားတယ် သူဝင်ထိုင်လိုက်တယ် သူ့တစ်ကိုယ်လုံး ချွေးတွေအပြည့်နဲ့မျက်လုံးပိတ်ပြီး လစ်သွားတယ် သူဘားမသိတော့ပုံရတယ်.. အဲ့တာနဲ့မဟာမြိုင်မှတ်တိုင်လည်း ရောက်တော့ အနီးဆုံးဆေးခန်းကို အပြေးလိုက်ပြ လိုက်ရတယ်… ဆေးခန်းရောက်တော့ ဆေးတစ်ချောင်း ထိုးပြီးအိမ်လိုက်ပို့လိုက်ရတယ်…သူ့အိမ်လည်းရောက်တော့ ချက်ခြင်းအိပ်ပျော်သွားတယ်
လမ်းတောင် သူကောင်းကောင်းမလျောက်နိူင်ဘူး …
အားပျက်သလို ဖြစ်သွားတယ်ထင်တယ်….အိမ်ရောက်တော့ သံပုရာရည်တစ်ခွက်တိုက်ပြီး အိပ်ခိုင်းလိုက်တယ်….သူ့ကိုသက်သားလားမေးကြည့်တော့ခေါင်းတွေ အရမ်းမူးတယ်တဲ့…..တစ်ကယ်လို့ သူငယ်ချင်းတွေမပါရင် ကျွန်တော်တို့သူငယ်ချင်းမိန်းကလေးတစ်ယောက်တော့ မတွေးဝံ့စရာပဲပေါ့…..ကိုယ်တွေလို… မဖြစ်ရအောင် post ကိုshare ပေးကြပါမိန်းကလေးတွေ တစ်ယောက်ထဲအပြင်မထွက်ပါနဲ့ခေတ်ကကြောက်စရာ ကောင်းနေပြီ…)))))
ဒီအကြောင်းကိုတော့ ကျော်ဇင်ဖြိုးဆိုတဲ့ လူမှုကွန်ရက်က ပြန်လည်မျှဝေထားတာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ တို့ဆေး တကယ်ရှိမရှိဆိုတာထက် ကြုံတွေ့ရတဲ့ အဖြစ်အပျက်လေး
တွေ့ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ အားလုံးပဲ ဂရုစိုက်နိုင်ကြပါစေ။
Writer – SMT( Shwe Yaung Lan)
Sign up here with your email
ConversionConversion EmoticonEmoticon