ေဘာလုံးပြဲမွာ ျမန္မာက ထိုင္းတို႔အင္ဒိုတို႔ကို ရႈံးသြားလို႔ ေဘာလုံးမွာပဲ ရႈံးတယ္လို႔ထင္ပါသလား




Zawgyi ျဖင့္ဖတ္ရန္

ဒီေန႔ ေဘာလုံးပြဲမွာ ျမန္မာက ထိုင္းတို႔အင္ဒိုတို႔ကို ရႈံးသြားလို႔ ေဘာလုံးမွာပဲ ရႈံးတယ္လို႔ထင္ပါသလား မိတ္ေဆြ။ တကယ္ေတာ့ ျမန္မာ့လက္ေ႐ြးစင္ အသင္းတိုင္းနီးပါး ဟာ ယခု အႀကိမ္၃၀ေျမာက္ဖိလစ္ပိုင္SEAGAMES ၿပိဳင္ပြဲတိုင္းနီးပါးမွာ ထိုင္းနဲ႔ ေတြ႕ရင္ ရႈံးပါတယ္,အင္ဒိုနဲ႔ေတြ႕ရင္လည္းထိုနည္းတူစြာပါပဲယခုပြဲမတိုင္ခင္ ဖူဆယ္လဲ ရႈံးပါတယ္၊ ပိုက္ေက်ာ္ျခင္းမွာလဲ ရႈံးပါတယ္၊ ဘိလိရက္မွာလဲ ရႈံးပါတယ္၊ ေဘာ္လီေဘာမွာလည္း ရႈံးပါတယ္၊ ဘက္စကက္ေဘာမွာလည္း ရႈံးပါတယ္၊ ျမားပစ္မွာလည္း ရႈံးပါတယ္။ ရႈံးတာမွ အမ်ိဳးသားတစ္သင္းတည္း ရႈံးတာ မဟုတ္ပါ၊ အမ်ိဳးသားေကာ အမ်ိဳးသမီးေတြပါ ထိုင္းကို ဘယ္အားကစားမဆို ရႈံးၾကတာပါ။ ႏိုင္တဲ့ အားကစားေတြ ရွိပင္ရွိေသာ္ျငား ၁၀ ပြဲၿပိဳင္ရင္ ၇ ပြဲ ၈ ပြဲက ျမန္မာက ထိုင္းကို ရႈံးတာေတြခ်ည္းပါပဲ။ အဓိကကေတာ့ တိုင္းျပည္က အစိုးရတစ္ရပ္တည္း မကပါဘူး မိဘေတြနဲ႔လည္း သက္ဆိုင္ပါတယ္။ အားကစားလုပ္ဖို႔ တြန္းအားေပးတဲ့ မိဘမ်ား ဘယ္ႏွစ္ေယာက္ရွိပါသလဲ။ ကေလးေတြကို ေက်ာင္းၿပီး က်ဴရွင္ က်ဴရွင္ၿပီး သင္တန္းနဲ႔ အားကစားကို ပံ့ပိုးေပးလိုသူ မိဘဆိုတာ အနည္းအက်ဥ္းပါ။ မိဘက ပံ့ပိုးပါတဲ့ဦး ဘယ္မွာလဲ အားကစားလုပ္ဖို႔ အပိုဝင္ေငြ။ ဘယ္မွာလည္း အားကစားကြင္း။ တိုင္းျပည္က စီးပြားေရးက်ပ္တည္း ပညာေရးက ခုထိအစမ္းသပ္ခံျဖစ္နဲ႔ ဘာဆိုဘာမွ လုပ္မရပါ။ ေဘာလုံးကြင္းခဏထားဦး အခု ျမန္မာျပည္မွာ လူအခ်ိဳ႕က သူေဌးအားကစားလို႔ထင္ေနၾကတဲ့ ေဂါက္ကြင္းေတြ ရန္ကုန္မွာ ရွိလွ ၇ ကြင္းေပါ့။ ထိုင္းမွာ ဘန္ေကာက္တစ္ၿမိဳ႕တည္း ကြင္း ၂၀ ေလာက္ရွိတယ္။



ျမန္မာျပည္မွာ ျမားပစ္အားကစားကို ေလ့လာခ်င္တယ္ ဘယ္မွာလဲ ျမားနဲ႔ ေလးတံေတြ professional ေရာင္းတဲ့ဆိုင္။ ေအာင္သူတို႔က ေျခဗလာနဲ႔ ေက်ာက္ခဲေတြျပည့္ေနတဲ့ သဲကြင္းေတြမွာ ေဘာလုံးကန္ရင္းေတာ္လို႔ တက္လာတယ္။ ထိုင္းကလူငယ္ေတြက ေဘာလုံးစကန္ကတည္းက အခု C Ronaldo တို႔ ဝတ္ေနတဲ့ nike addidas တို႔နဲ႔ စကစားလာတာ။ ကြၽန္ေတ္ာတို႔ ျမန္မာေတြ ေဘာလုံးပြဲရႈံးေတာ့ ကေလးေတြကို အပစ္တင္ၾကမယ္ ျပာတယ္ လူေပးမွားတယ္ ကြၽမ္းက်င္မႈ မရွိဘူး ဘာညာ။ အဲဒီ အပစ္တင္တဲ့သူေတြေကာ ကိုယ့္ႏွဖူးေပၚလက္တင္ၿပီး စဥ္းစားဖူးလား ငါတို႔ ဘာေတြလုပ္ခဲ့လို႔ ျမန္မာ့အားကစား နိမ့္က်သြားတာလဲလို႔။  ဒါေတြက အစိုးရ တာဝန္ရွိသူေတြနဲ႔ သက္ဆိုင္တယ္။ အစိုးရမွ အခုအစိုးရတင္မကဘူး ျမန္မာျပည္ကို အုပ္စိုးခဲ့တဲ့ သူေတြက ဘာဆိုဘာမွ next generation မ်ိဳးဆက္သစ္ ေတြကို ေကာင္းေကာင္း ေျမေတာင္မေျမႇာက္ေပးခဲ့…. ၿပီးေတာ့ လူငယ္ေတြကို ေျမေတာင္ေျမႇာက္လို႔ ထူးခြၽန္လာရင္ ပုန္ကန္မွာစိုးတယ္ဆိုတဲ့ အစိုးရ လူႀကီးမင္းအဆက္ဆက္နဲ႔ သက္ဆိုင္တယ္။ ေဘာလုံးကြင္းေတြ ဘယ္ေလာက္ေတာင္ အသိမ္းခံၿပီး ကန္ထ႐ိုက္တိုက္ေတြ ျဖစ္သြားသလဲ။ အားကစားကြင္းေတြမ်ား ဘယ္ႏွစ္ကြင္းေပ်ာက္ဆုံးသြားသလဲ။ ကေလးေတြ PT အခ်ိန္ေတြအစား အခ်ိန္ပို စာသင္တဲ့အခ်ိန္ေတြ အစားထိုးလာလို႔ ကေလးေတြ ကစားခ်ိန္ဘယ္ေလာက္ ေလ်ာ့သြားသလဲ။ ဘာေက်ာင္းေပါင္းစုံ အားကစားပြဲမွ မလုပ္ေတာ့လို႔ လူေတာ္ေတြ ေပၚထြက္လာရမွာ တိန္ေကာသြားသလဲ။

ထိုင္းႏိုင္ငံမွာ ဘက္စုံ အသုံးျပဳလို႔ရတဲ့ အားကစားကြင္းေတြ ၿမိဳ႕နယ္အဆင့္မေျပာနဲ႔ ရက္ကြက္တိုင္းမွာ ရွိတယ္ဆိုတာ သတိထားမိပါသလား။ ထိုင္းေတြကို ေက်ာင္းသားဘဝကတည္းက ႏြားႏို႔တိုက္တယ္ သန္စြမ္းႀကံ့ခိုင္ေစမယ့္ အစားအစာေတြ ေကြၽးထားတယ္။. ကေလးေတြ ဝါသနာပါတဲ့ သက္ဆိုင္ရာ အားကစားအလိုက္ တကယ့္ professional ေတြနဲ႔ ငယ္ငယ္ကတည္းက ေလ့က်င့္ေပးတယ္။



ဒါဟာ ဒီေန႔ ျမန္မာအသင္းအားလုံးနီးပါး ထိုင္းနဲ႔ေတြ႕ရင္ ရႈံးတဲ့ ရလာဒ္ပဲ။ ျမန္မာေတြက စိတ္ဓါတ္တစ္ခုပဲရွိတယ္။ က်န္တဲ့ကြၽမ္းက်င္မႈမွာ ထိုင္းကို မယွဥ္ႏိုင္ဘူး။ အင္ဒိုကိုမယွဥ္ႏိုင္ဘူးဒီေခတ္က စိတ္ဓါတ္တစ္ခုတည္းနဲ႔ ခ်လို႔ရတဲ့ ေခတ္မဟုတ္ေတာ့ဘူး။ ထိုင္းလည္း ထိုင္းစိတ္ဓါတ္ရွိတာပဲ အဲဒီေတာ့ ထိုင္းလဲႏိုင္လိုစိတ္ရွိ ျမန္မာလည္း ႏိုင္လိုစိတ္ရွိ စိတ္ဓါတ္ရွိၾကတာျခင္း တူတူဆိုရင္ ငယ္စဥ္ကတည္းက အဖက္ဖက္က စနစ္တက် ပံ့ပိုးထားတဲ့ အသင္းက ႏိုင္မွာပဲ။

ဒါက အားကစားပဲ ရွိေသးတယ္။ တကယ္က ျမန္မာေတြ ထိုင္းကို အဖက္ဖက္က ရႈံးေနတာ။ စီးပြားေရးလည္း ရႈံးတည္း ႏိုင္ငံေရးလည္း ရႈံးတယ္ က်န္းမာေရးလည္း ရႈံးတယ္ ပညာေရးလည္း ရႈံးေနတယ္။ ဒါေၾကာင့္ ဒီေန႔ရႈံးတာ ကေလးေတြကို အပစ္မတင္ဘူး။ တင္ေနလို႔လည္း အပိုပဲ။ ဒီကေလးေတြ ဒီေလာက္အထိ လုပ္ျပႏိုင္တာပဲ ေက်းဇူးတင္ပါတယ္။ ကစားကြက္မွားတာ လူေပးမွားတာ နည္းျပလူထုတ္ပုံမွားတာေတြ ရွိေကာင္းရွိေပမယ့္ အျခားေသာ ပရိတ္သတ္ေတြ မျမင္ႏိုင္တဲ့ ငယ္စဥ္ကတည္းက စနစ္တက် ပံ့ပိုးမႈဆိုတာေတြ အမ်ားႀကီး ရွိပါေသးတယ္။ ကြၽန္ေတာ္အားကစားကို အရမ္းခ်စ္လို႔ ဒီစာကိုေရးတာပါ။ ကေလးရွိတဲ့ ကြၽန္ေတာ့္မိတ္ေဆြ မိဘေတြ ကိုယ့္သားသမီးကို ေက်ာင္းစာတစ္ခုတည္း ပစ္မထားပဲ အားကစားကိုလည္း လိုက္စားဖို႔ ပံ့ပိုးေပးႏိုင္ပါေစလို႔သာ တိုက္တြန္း ဆုေတာင္းလိုက္ရပါတယ္။ ေနာက္တစ္ခုေျပာ
ခ်င္တာကေတာ့ ကြၽန္ေတာ္တို႔ ျပည္သူေတြ စီးပြားေရးအရင္းရွင္ေတြကလည္း ေဘာ လုံး အားကစားနည္းမွလူရာသြင္းၿပီး အားေပးခ်င္ၾက စပြန္စာ ေပးခ်င္ၾကနဲ႔ အားေပးမႈေတြလည္းလြဲမွားေနတာ ခံယူခ်က္ေတြမွားယြင္းေနၾကတာ လက္ေတြ႕ေတြ႕ျမင္ေနရပါတယ္။ ေဘာလုံးၿပီးရင္ ဒုတိယအားေပးမႈအမ်ားဆုံးအားကစားနည္း ပိုက္ေက်ာ္ျခင္း ေခၚ Sepaktakraw ကေရာႏိုင္ငံအတြက္ အခက္ခဲေပါင္းမ်ားစြာထဲက Sea Games ၿပိဳင္ပြဲတိုင္းမွာ တိုင္းျပည္အတြက္ အနည္းဆုံးေငြ ၿပီးခဲ့တဲ့ ၂၉ ႀကိမ္ေျမာက္မေလးရွား ဆီးဂိမ္းမွာဆိုႏွစ္ေယာက္တြဲၿပိဳင္ပြဲ ေဇာ္ေဇာ္ေအာင္ ေအာင္မ်ိဳးေဆြ သန႔္ဇင္ဦး တို႔အတြဲက ေ႐ႊတံဆိပ္ေတာင္ ယူလာေပးႏိုင္ပါေသးတယ္!





ဆိုလိုတာက ပိုက္ေက်ာ္ျခင္းကိုအားေပးၾကတဲ့သူ အေျခခံလူတန္းစားေတြမ်ားၿပီးေရရွည္ Planning ခ်ၿပီးေသခ်ာေထာက္ပံ့ ေပးခ်င္တဲ့ Big Business စီးပြားေရးသမား ထိပ္တန္းေတြ အင္မတန္နည္းပါတယ္။ အဓိက ကစားသမားေကာင္းေတြ ဆုံးရႉံးရမႈ အနားယူၾကမႈ ေတြကလည္း ဦးစီးဦးေဆာင္ေနရာေတြယူေနၾကတဲ့သူေတြ ကလည္းဟန္သာရွိၾကၿပီး က်န္အားကစားနည္း ပံ့ပိုးေပးေသာစီးပြားေရး လုပ္ငန္းရွင္ ေတြလို မာန္မရွိတဲ့ အခြံေတြေၾကာင့္ပါပဲ လို႔ျမင္မိပါတယ္ေအာင္ျမင္သင့္သေလာက္ မေအာင္ျမင္ၾကေသာ အားကစားနည္းေတြ လုံးဝ မေအာင္ျမင္ပဲေနဝင္ခ်ိန္ လို အလင္းတန္းမျမင္ရေတာ့တဲ့ ႀကီးမားေသာဆုံးရႈံးမႈေတြ ျဖစ္ေနပါတယ္ ဒီလိုဆုံးရႉံးမႈေတြျပန္မျဖစ္ေအာင္ မိမိခ်စ္ျမတ္ႏိုးေသာ အားကစားနည္းေတြ ဖြံ႕ၿဖိဳးတိုးတက္လာေအာင္ အေျဖရွာသင့္ပါတယ္ အဓိက ကေတာ့ ဝါသနာရွင္တစ္ေယာက္အေနနဲ႔ မိမိခ်စ္ျမတ္ႏိုးေသာကစားနည္းအေပၚေဝဖန္မႈ ေပးပါ ဆိုလွ်င္ Positive အျမင္အရအားကစားအဖြဲ႕အစည္းတစ္ခု ေအာင္ျမင္မႈအလားအလာရွိပါလွ်က္ မေအာင္ျမင္ရျခင္းမွာ (M) သုံး (M) မရွိျခင္း မတည္ေဆာက္ႏိုင္ျခင္း တို႔ေၾကာင့္ လို႔ ျမင္မိပါတယ္ m သုံး m ဆိုသည္မွာ (၁) Money (၂) Men power (၃) Managements   (၁) Money   သိပ္ကိုအေရးႀကီးပါတယ္ အိမ္ေထာင္စုတစ္ခု မိသားစုတစ္ခု အဖြဲ႕စည္းတစ္ခု စီးပြားေရးလုပ္ငန္းတစ္ခု အစရွိသျဖင့္ ဘယ္ေနရာမွာပဲျဖစ္ျဖစ္ ဘဏၰာ ေငြ ေငြေၾကးအလုံအေလာက္ရွိမွသာလွ်င္ Strong Team တစ္ခုကိုေရရွည္ တည္ေဆာက္ႏိုင္မွာျဖစ္ပါတယ္။ မိသားစု တစ္ခုမွာေတာင္ ဆန္အိုး ဆီအိုးထဲမွာ ဆီဆန္ဆား အျပည့္မရွိလွ်င္ မိဘေတြ အၿမဲပူပင္ရပါၿပီ  မိသားစု ထမင္းလက္စုံ စားႏိုင္ဖို႔ ဟင္းေကာင္းထမင္းေကာင္းနဲ႔ ခ်စ္ခင္ၾကင္နာစြာ စားႏိုင္ဖို႔ဆိုတာ Money က သိပ္အေရးပါပါသည္။ ထိုနည္းတူစြာစီးပြားေရး လုပ္ငန္းနယ္ပယ္မ်ားမွာလည္းထိုနည္းလည္းေကာင္းပါပဲ လုပ္ငန္းရွင္က ေငြေၾကး Back up အျပည့္နဲ႔ လုပ္ငန္းလည္ပါတ္ႏိုင္မွ မိမိဝန္ထမ္းမ်ားကိုDuty Meal ေကာင္းေကာင္းေကြၽးကာ Bonus  မ်ားမ်ားေပးႏိုင္မွာပါ ထိုနည္းတူစြာပဲ ဘယ္အဖြဲ႕စည္းမွာမဆို ဘတ္ဂ်တ္ အားေကာင္းေကာင္းရွိ မွအဖြဲ႕စည္း ေခါင္းေဆာင္ က မိမိအဖြဲ႕စည္း အသင္းသူအသင္းသား Team ကို ေကာင္းစြာ ေထာက္ပံ့ ပံ့ပိုးေပးႏိုင္မွာျဖစ္ပါတယ္။ ပံ့ပိုးေပးမႈဆိုသည္မွာ နည္းနည္းေပးၿပီး အျမင့္ဆုံး ျပန္လိုခ်င္လို႔မရႏိုင္ပါဘူးဒါေၾကာင့္ အဖြဲ႕စည္း ထူေထာင္ထားေသာ ဥကၠထမ်ားအႀကီးကဲမ်ားသည္ ေငြ ရွိေသာ Big Business သမားမ်ား မလြဲဧကန္ျဖစ္ရပါမည္”



(၂) Men Power  သိပ္ကိုအေရးႀကီးပါတယ္ ဘယ္အဖြဲ႕စည္း မွာပဲျဖစ္ျဖစ္လူအား ဝန္ထမ္းအင္အား အားကစားအရန္အင္အားမရွိဘူးဆိုလွ်င္ တေန႔တာ အလုပ္လည္ပါတ္မႈအရမ္းခက္ခဲပါတယ္ အားကစားမွာ ဆိုလွ်င္အေတြ႕ႀကဳံ ရွိေသာ သဘာရင့္အားကစားသမားမ်ားအရည္ခ်င္းျပည့္မွီေသာအားကစားသမားမ်ားမ်ိဳးဆက္သစ္မ်ား အရန္အင္အားမ်ား နည္းျပေကာင္းမ်ား ဒိုင္ေကာင္းမ်ား စီမံခန႔္ခြဲမႈေကာင္းေသာအသင္းအုပ္ခ်ဴပ္သူမ်ား ေဆးအဖြဲ႕မ်ားAcademy မ်ားမ်ားစြာ ထူေထာင္ထားႏိုင္ဖို႔ အထူးလိုအပ္ပါတယ္။ ယခု လို men power ေကာင္းေတြ ရွိဖို႔ ထိမ္းသိမ္းထားႏိုင္ဖို႔ဆိုတာ ထိုက္ထိုက္တန္တန္ ခ်ီးျမႇင့္မႈ
မ်ား လစာ Salary မ်ား Bonus မ်ား ေပးထားႏိုင္ဖို႔ လိုပါတယ္ ဒုတိယအခ်က္ ျပည့္စုံဖို႔ဆိုလွ်င္ပထမအခ်က္ Money သည္ အင္မတန္မွအေရးႀကီးပါသည္ လူပိန္းမ်ားအၿမဲေျပာသလို လက္လႈပ္မွ ပါးစပ္လႈပ္ ဆီေပးမွဆန္ရ ထိုက္တန္ေသာ ေငြေၾကးခ်ီးျမႇင့္မႈေပးမွ လိုခ်င္ေသာ ပိုင္ဆိုင္မႈကိုရမွာပါ ”

(၃) Managements အေရးႀကီးဆုံးပါပဲ ဘယ္ေနရာမွာမဆို OperationManagements ကအေရးႀကီးဆုံးျဖစ္ပါလိမ့္မည္ဘယ္အဖြဲ႕စည္းမွာမဆို တာဝန္ယူမႈ တာဝန္ခံမႈရွိေသာLeaders ေကာင္းမ်ားနဲ႔ အလုပ္အတူတူတြဲလုပ္ခ်င္ၾကသည္ ၿပိဳင္ပြဲအတူတူကစားခ်င္ၾကသည္ စစ္အတူတူတိုက္ခ်င္ၾကသည္ ႐ိုး႐ိုးေလးပါ သမာသမတ္က်ေသာအတၱကင္းေသာ ပရစိတ္မ်ားေသာ ေခါင္းေဆာင္ေကာင္းမ်ား Managements Leaders မ်ား ရရွိဖို႔ဆိုလွ်င္အထက္ေဖာ္ျပပါ (၁)နဲ႔ (၂) ရွိလွ်င္ (၃) သည္ရွာေဖြဖို႔ မခက္ခဲေတာ့ပါ ေက်းဇူးအထူးတင္ပါသည္”ႀကဳံႀကိဳက္ခဲ့အခြင့္ေရးရလွ်င္ Bill တစ္ေသာင္းအျပည့္ထည့္ၿပီး ေလဖန္ေဝကန္ ကာ ေထာက္ျပေပးပါအုံးမည္” ျမန္မာျပည္ႀကီးအျမန္ေနေကာင္းပါေစ”။

share from :burmese.asia




Unicode ဖြင့်ဖတ်ရန်

ဘောလုံးပွဲမှာ မြန်မာက ထိုင်းတို့အင်ဒိုတို့ကို ရှုံးသွားလို့ ဘောလုံးမှာပဲ ရှုံးတယ်လို့ထင်ပါသလား

ဒီနေ့ ဘောလုံးပွဲမှာ မြန်မာက ထိုင်းတို့အင်ဒိုတို့ကို ရှုံးသွားလို့ ဘောလုံးမှာပဲ ရှုံးတယ်လို့ထင်ပါသလား မိတ်ဆွေ။ တကယ်တော့ မြန်မာ့လက်ရွေးစင် အသင်းတိုင်းနီးပါး ဟာ ယခု အကြိမ်၃၀မြောက်ဖိလစ်ပိုင်SEAGAMES ပြိုင်ပွဲတိုင်းနီးပါးမှာ ထိုင်းနဲ့ တွေ့ရင် ရှုံးပါတယ်,အင်ဒိုနဲ့တွေ့ရင်လည်းထိုနည်းတူစွာပါပဲယခုပွဲမတိုင်ခင် ဖူဆယ်လဲ ရှုံးပါတယ်၊ ပိုက်ကျော်ခြင်းမှာလဲ ရှုံးပါတယ်၊ ဘိလိရက်မှာလဲ ရှုံးပါတယ်၊ ဘော်လီဘောမှာလည်း ရှုံးပါတယ်၊ ဘက်စကက်ဘောမှာလည်း ရှုံးပါတယ်၊ မြားပစ်မှာလည်း ရှုံးပါတယ်။ ရှုံးတာမှ အမျိုးသားတစ်သင်းတည်း ရှုံးတာ မဟုတ်ပါ၊ အမျိုးသားကော အမျိုးသမီးတွေပါ ထိုင်းကို ဘယ်အားကစားမဆို ရှုံးကြတာပါ။ နိုင်တဲ့ အားကစားတွေ ရှိပင်ရှိသော်ငြား ၁၀ ပွဲပြိုင်ရင် ၇ ပွဲ ၈ ပွဲက မြန်မာက ထိုင်းကို ရှုံးတာတွေချည်းပါပဲ။ အဓိကကတော့ တိုင်းပြည်က အစိုးရတစ်ရပ်တည်း မကပါဘူး မိဘတွေနဲ့လည်း သက်ဆိုင်ပါတယ်။ အားကစားလုပ်ဖို့ တွန်းအားပေးတဲ့ မိဘများ ဘယ်နှစ်ယောက်ရှိပါသလဲ။ ကလေးတွေကို ကျောင်းပြီး ကျူရှင် ကျူရှင်ပြီး သင်တန်းနဲ့ အားကစားကို ပံ့ပိုးပေးလိုသူ မိဘဆိုတာ အနည်းအကျဉ်းပါ။ မိဘက ပံ့ပိုးပါတဲ့ဦး ဘယ်မှာလဲ အားကစားလုပ်ဖို့ အပိုဝင်ငွေ။ ဘယ်မှာလည်း အားကစားကွင်း။ တိုင်းပြည်က စီးပွားရေးကျပ်တည်း ပညာရေးက ခုထိအစမ်းသပ်ခံဖြစ်နဲ့ ဘာဆိုဘာမှ လုပ်မရပါ။ ဘောလုံးကွင်းခဏထားဦး အခု မြန်မာပြည်မှာ လူအချို့က သူဌေးအားကစားလို့ထင်နေကြတဲ့ ဂေါက်ကွင်းတွေ ရန်ကုန်မှာ ရှိလှ ၇ ကွင်းပေါ့။ ထိုင်းမှာ ဘန်ကောက်တစ်မြို့တည်း ကွင်း ၂၀ လောက်ရှိတယ်။



မြန်မာပြည်မှာ မြားပစ်အားကစားကို လေ့လာချင်တယ် ဘယ်မှာလဲ မြားနဲ့ လေးတံတွေ professional ရောင်းတဲ့ဆိုင်။ အောင်သူတို့က ခြေဗလာနဲ့ ကျောက်ခဲတွေပြည့်နေတဲ့ သဲကွင်းတွေမှာ ဘောလုံးကန်ရင်းတော်လို့ တက်လာတယ်။ ထိုင်းကလူငယ်တွေက ဘောလုံးစကန်ကတည်းက အခု C Ronaldo တို့ ဝတ်နေတဲ့ nike addidas တို့နဲ့ စကစားလာတာ။ ကျွန်တေ်ာတို့ မြန်မာတွေ ဘောလုံးပွဲရှုံးတော့ ကလေးတွေကို အပစ်တင်ကြမယ် ပြာတယ် လူပေးမှားတယ် ကျွမ်းကျင်မှု မရှိဘူး ဘာညာ။ အဲဒီ အပစ်တင်တဲ့သူတွေကော ကိုယ့်နှဖူးပေါ်လက်တင်ပြီး စဉ်းစားဖူးလား ငါတို့ ဘာတွေလုပ်ခဲ့လို့ မြန်မာ့အားကစား နိမ့်ကျသွားတာလဲလို့။  ဒါတွေက အစိုးရ တာဝန်ရှိသူတွေနဲ့ သက်ဆိုင်တယ်။ အစိုးရမှ အခုအစိုးရတင်မကဘူး မြန်မာပြည်ကို အုပ်စိုးခဲ့တဲ့ သူတွေက ဘာဆိုဘာမှ next generation မျိုးဆက်သစ် တွေကို ကောင်းကောင်း မြေတောင်မမြှောက်ပေးခဲ့…. ပြီးတော့ လူငယ်တွေကို မြေတောင်မြှောက်လို့ ထူးချွန်လာရင် ပုန်ကန်မှာစိုးတယ်ဆိုတဲ့ အစိုးရ လူကြီးမင်းအဆက်ဆက်နဲ့ သက်ဆိုင်တယ်။ ဘောလုံးကွင်းတွေ ဘယ်လောက်တောင် အသိမ်းခံပြီး ကန်ထရိုက်တိုက်တွေ ဖြစ်သွားသလဲ။ အားကစားကွင်းတွေများ ဘယ်နှစ်ကွင်းပျောက်ဆုံးသွားသလဲ။ ကလေးတွေ PT အချိန်တွေအစား အချိန်ပို စာသင်တဲ့အချိန်တွေ အစားထိုးလာလို့ ကလေးတွေ ကစားချိန်ဘယ်လောက် လျော့သွားသလဲ။ ဘာကျောင်းပေါင်းစုံ အားကစားပွဲမှ မလုပ်တော့လို့ လူတော်တွေ ပေါ်ထွက်လာရမှာ တိန်ကောသွားသလဲ။

ထိုင်းနိုင်ငံမှာ ဘက်စုံ အသုံးပြုလို့ရတဲ့ အားကစားကွင်းတွေ မြို့နယ်အဆင့်မပြောနဲ့ ရက်ကွက်တိုင်းမှာ ရှိတယ်ဆိုတာ သတိထားမိပါသလား။ ထိုင်းတွေကို ကျောင်းသားဘဝကတည်းက နွားနို့တိုက်တယ် သန်စွမ်းကြံ့ခိုင်စေမယ့် အစားအစာတွေ ကျွေးထားတယ်။. ကလေးတွေ ဝါသနာပါတဲ့ သက်ဆိုင်ရာ အားကစားအလိုက် တကယ့် professional တွေနဲ့ ငယ်ငယ်ကတည်းက လေ့ကျင့်ပေးတယ်။



ဒါဟာ ဒီနေ့ မြန်မာအသင်းအားလုံးနီးပါး ထိုင်းနဲ့တွေ့ရင် ရှုံးတဲ့ ရလာဒ်ပဲ။ မြန်မာတွေက စိတ်ဓါတ်တစ်ခုပဲရှိတယ်။ ကျန်တဲ့ကျွမ်းကျင်မှုမှာ ထိုင်းကို မယှဉ်နိုင်ဘူး။ အင်ဒိုကိုမယှဉ်နိုင်ဘူးဒီခေတ်က စိတ်ဓါတ်တစ်ခုတည်းနဲ့ ချလို့ရတဲ့ ခေတ်မဟုတ်တော့ဘူး။ ထိုင်းလည်း ထိုင်းစိတ်ဓါတ်ရှိတာပဲ အဲဒီတော့ ထိုင်းလဲနိုင်လိုစိတ်ရှိ မြန်မာလည်း နိုင်လိုစိတ်ရှိ စိတ်ဓါတ်ရှိကြတာခြင်း တူတူဆိုရင် ငယ်စဉ်ကတည်းက အဖက်ဖက်က စနစ်တကျ ပံ့ပိုးထားတဲ့ အသင်းက နိုင်မှာပဲ။

ဒါက အားကစားပဲ ရှိသေးတယ်။ တကယ်က မြန်မာတွေ ထိုင်းကို အဖက်ဖက်က ရှုံးနေတာ။ စီးပွားရေးလည်း ရှုံးတည်း နိုင်ငံရေးလည်း ရှုံးတယ် ကျန်းမာရေးလည်း ရှုံးတယ် ပညာရေးလည်း ရှုံးနေတယ်။ ဒါကြောင့် ဒီနေ့ရှုံးတာ ကလေးတွေကို အပစ်မတင်ဘူး။ တင်နေလို့လည်း အပိုပဲ။ ဒီကလေးတွေ ဒီလောက်အထိ လုပ်ပြနိုင်တာပဲ ကျေးဇူးတင်ပါတယ်။ ကစားကွက်မှားတာ လူပေးမှားတာ နည်းပြလူထုတ်ပုံမှားတာတွေ ရှိကောင်းရှိပေမယ့် အခြားသော ပရိတ်သတ်တွေ မမြင်နိုင်တဲ့ ငယ်စဉ်ကတည်းက စနစ်တကျ ပံ့ပိုးမှုဆိုတာတွေ အများကြီး ရှိပါသေးတယ်။ ကျွန်တော်အားကစားကို အရမ်းချစ်လို့ ဒီစာကိုရေးတာပါ။ ကလေးရှိတဲ့ ကျွန်တော့်မိတ်ဆွေ မိဘတွေ ကိုယ့်သားသမီးကို ကျောင်းစာတစ်ခုတည်း ပစ်မထားပဲ အားကစားကိုလည်း လိုက်စားဖို့ ပံ့ပိုးပေးနိုင်ပါစေလို့သာ တိုက်တွန်း ဆုတောင်းလိုက်ရပါတယ်။ နောက်တစ်ခုပြော
ချင်တာကတော့ ကျွန်တော်တို့ ပြည်သူတွေ စီးပွားရေးအရင်းရှင်တွေကလည်း ဘော လုံး အားကစားနည်းမှလူရာသွင်းပြီး အားပေးချင်ကြ စပွန်စာ ပေးချင်ကြနဲ့ အားပေးမှုတွေလည်းလွဲမှားနေတာ ခံယူချက်တွေမှားယွင်းနေကြတာ လက်တွေ့တွေ့မြင်နေရပါတယ်။ ဘောလုံးပြီးရင် ဒုတိယအားပေးမှုအများဆုံးအားကစားနည်း ပိုက်ကျော်ခြင်း ခေါ် Sepaktakraw ကရောနိုင်ငံအတွက် အခက်ခဲပေါင်းများစွာထဲက Sea Games ပြိုင်ပွဲတိုင်းမှာ တိုင်းပြည်အတွက် အနည်းဆုံးငွေ ပြီးခဲ့တဲ့ ၂၉ ကြိမ်မြောက်မလေးရှား ဆီးဂိမ်းမှာဆိုနှစ်ယောက်တွဲပြိုင်ပွဲ ဇော်ဇော်အောင် အောင်မျိုးဆွေ သန့်ဇင်ဦး တို့အတွဲက ရွှေတံဆိပ်တောင် ယူလာပေးနိုင်ပါသေးတယ်!



ဆိုလိုတာက ပိုက်ကျော်ခြင်းကိုအားပေးကြတဲ့သူ အခြေခံလူတန်းစားတွေများပြီးရေရှည် Planning ချပြီးသေချာထောက်ပံ့ ပေးချင်တဲ့ Big Business စီးပွားရေးသမား ထိပ်တန်းတွေ အင်မတန်နည်းပါတယ်။ အဓိက ကစားသမားကောင်းတွေ ဆုံးရှူံးရမှု အနားယူကြမှု တွေကလည်း ဦးစီးဦးဆောင်နေရာတွေယူနေကြတဲ့သူတွေ ကလည်းဟန်သာရှိကြပြီး ကျန်အားကစားနည်း ပံ့ပိုးပေးသောစီးပွားရေး လုပ်ငန်းရှင် တွေလို မာန်မရှိတဲ့ အခွံတွေကြောင့်ပါပဲ လို့မြင်မိပါတယ်အောင်မြင်သင့်သလောက် မအောင်မြင်ကြသော အားကစားနည်းတွေ လုံးဝ မအောင်မြင်ပဲနေဝင်ချိန် လို အလင်းတန်းမမြင်ရတော့တဲ့ ကြီးမားသောဆုံးရှုံးမှုတွေ ဖြစ်နေပါတယ် ဒီလိုဆုံးရှူံးမှုတွေပြန်မဖြစ်အောင် မိမိချစ်မြတ်နိုးသော အားကစားနည်းတွေ ဖွံ့ဖြိုးတိုးတက်လာအောင် အဖြေရှာသင့်ပါတယ် အဓိက ကတော့ ဝါသနာရှင်တစ်ယောက်အနေနဲ့ မိမိချစ်မြတ်နိုးသောကစားနည်းအပေါ်ဝေဖန်မှု ပေးပါ ဆိုလျှင် Positive အမြင်အရအားကစားအဖွဲ့အစည်းတစ်ခု အောင်မြင်မှုအလားအလာရှိပါလျှက် မအောင်မြင်ရခြင်းမှာ (M) သုံး (M) မရှိခြင်း မတည်ဆောက်နိုင်ခြင်း တို့ကြောင့် လို့ မြင်မိပါတယ် m သုံး m ဆိုသည်မှာ (၁) Money (၂) Men power (၃) Managements   (၁) Money   သိပ်ကိုအရေးကြီးပါတယ် အိမ်ထောင်စုတစ်ခု မိသားစုတစ်ခု အဖွဲ့စည်းတစ်ခု စီးပွားရေးလုပ်ငန်းတစ်ခု အစရှိသဖြင့် ဘယ်နေရာမှာပဲဖြစ်ဖြစ် ဘဏ္ဏာ ငွေ ငွေကြေးအလုံအလောက်ရှိမှသာလျှင် Strong Team တစ်ခုကိုရေရှည် တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ မိသားစု တစ်ခုမှာတောင် ဆန်အိုး ဆီအိုးထဲမှာ ဆီဆန်ဆား အပြည့်မရှိလျှင် မိဘတွေ အမြဲပူပင်ရပါပြီ  မိသားစု ထမင်းလက်စုံ စားနိုင်ဖို့ ဟင်းကောင်းထမင်းကောင်းနဲ့ ချစ်ခင်ကြင်နာစွာ စားနိုင်ဖို့ဆိုတာ Money က သိပ်အရေးပါပါသည်။ ထိုနည်းတူစွာစီးပွားရေး လုပ်ငန်းနယ်ပယ်များမှာလည်းထိုနည်းလည်းကောင်းပါပဲ လုပ်ငန်းရှင်က ငွေကြေး Back up အပြည့်နဲ့ လုပ်ငန်းလည်ပါတ်နိုင်မှ မိမိဝန်ထမ်းများကိုDuty Meal ကောင်းကောင်းကျွေးကာ Bonus  များများပေးနိုင်မှာပါ ထိုနည်းတူစွာပဲ ဘယ်အဖွဲ့စည်းမှာမဆို ဘတ်ဂျတ် အားကောင်းကောင်းရှိ မှအဖွဲ့စည်း ခေါင်းဆောင် က မိမိအဖွဲ့စည်း အသင်းသူအသင်းသား Team ကို ကောင်းစွာ ထောက်ပံ့ ပံ့ပိုးပေးနိုင်မှာဖြစ်ပါတယ်။ ပံ့ပိုးပေးမှုဆိုသည်မှာ နည်းနည်းပေးပြီး အမြင့်ဆုံး ပြန်လိုချင်လို့မရနိုင်ပါဘူးဒါကြောင့် အဖွဲ့စည်း ထူထောင်ထားသော ဥက္ကထများအကြီးကဲများသည် ငွေ ရှိသော Big Business သမားများ မလွဲဧကန်ဖြစ်ရပါမည်”



(၂) Men Power  သိပ်ကိုအရေးကြီးပါတယ် ဘယ်အဖွဲ့စည်း မှာပဲဖြစ်ဖြစ်လူအား ဝန်ထမ်းအင်အား အားကစားအရန်အင်အားမရှိဘူးဆိုလျှင် တနေ့တာ အလုပ်လည်ပါတ်မှုအရမ်းခက်ခဲပါတယ် အားကစားမှာ ဆိုလျှင်အတွေ့ကြုံ ရှိသော သဘာရင့်အားကစားသမားများအရည်ချင်းပြည့်မှီသောအားကစားသမားများမျိုးဆက်သစ်များ အရန်အင်အားများ နည်းပြကောင်းများ ဒိုင်ကောင်းများ စီမံခန့်ခွဲမှုကောင်းသောအသင်းအုပ်ချူပ်သူများ ဆေးအဖွဲ့များAcademy များများစွာ ထူထောင်ထားနိုင်ဖို့ အထူးလိုအပ်ပါတယ်။ ယခု လို men power ကောင်းတွေ ရှိဖို့ ထိမ်းသိမ်းထားနိုင်ဖို့ဆိုတာ ထိုက်ထိုက်တန်တန် ချီးမြှင့်မှု
များ လစာ Salary များ Bonus များ ပေးထားနိုင်ဖို့ လိုပါတယ် ဒုတိယအချက် ပြည့်စုံဖို့ဆိုလျှင်ပထမအချက် Money သည် အင်မတန်မှအရေးကြီးပါသည် လူပိန်းများအမြဲပြောသလို လက်လှုပ်မှ ပါးစပ်လှုပ် ဆီပေးမှဆန်ရ ထိုက်တန်သော ငွေကြေးချီးမြှင့်မှုပေးမှ လိုချင်သော ပိုင်ဆိုင်မှုကိုရမှာပါ ”

(၃) Managements အရေးကြီးဆုံးပါပဲ ဘယ်နေရာမှာမဆို OperationManagements ကအရေးကြီးဆုံးဖြစ်ပါလိမ့်မည်ဘယ်အဖွဲ့စည်းမှာမဆို တာဝန်ယူမှု တာဝန်ခံမှုရှိသောLeaders ကောင်းများနဲ့ အလုပ်အတူတူတွဲလုပ်ချင်ကြသည် ပြိုင်ပွဲအတူတူကစားချင်ကြသည် စစ်အတူတူတိုက်ချင်ကြသည် ရိုးရိုးလေးပါ သမာသမတ်ကျသောအတ္တကင်းသော ပရစိတ်များသော ခေါင်းဆောင်ကောင်းများ Managements Leaders များ ရရှိဖို့ဆိုလျှင်အထက်ဖော်ပြပါ (၁)နဲ့ (၂) ရှိလျှင် (၃) သည်ရှာဖွေဖို့ မခက်ခဲတော့ပါ ကျေးဇူးအထူးတင်ပါသည်”ကြုံကြိုက်ခဲ့အခွင့်ရေးရလျှင် Bill တစ်သောင်းအပြည့်ထည့်ပြီး လေဖန်ဝေကန် ကာ ထောက်ပြပေးပါအုံးမည်” မြန်မာပြည်ကြီးအမြန်နေကောင်းပါစေ”။

share from :burmese.asia

Previous
Next Post »
Powered by Blogger.