



Zawgyi ဖြင့်ဖတ်ရန်












Unicode ဖြင့်ဖတ်ရန်

ချစ်သူဟောင်းကတရားစွဲထားတဲ့အမှုကနေ သိန်းတစ်ရာနဲ့အာမခံရသွားတဲ့ မိုးအောင်ရင်


မိုးအောင်ရင်ကို သူ့ရဲ့ချစ်သူဟောင်း ခင်မြတ်နိုးက ပုဒ်မ (၄၁၇) ကာမလိမ်လည်ရယူမှုနဲ့ အမှုဖွင့်တရားစွဲဆိုထားခဲ့တာအားလုံးသိကြမှာပါ။ ခင်မြတ်နိုးကတော့ မိုးအောင်ရင်ဟာ သူ့မိဘတွေရဲ့နောက်ကွယ်က ကြိုးကိုင်တာကိုမလွန်ဆန်နိုင်တာက အဓိကဖြစ်ပြီး သူမက မိုးအောင်ရင် ဆေးမှုနဲ့အမှုရင်ဆိုင်နေခဲ့တဲ့ ကာလတစ်လျှောက်လုံးရော အပြင်ပြန်ထွက်လာတော့ရော သူ့ဘေးမှာအမြဲတမ်း အတူတူရှိနေပေးခဲ့တယ်လို့ မီဒီယာတွေကိုပြောပြထားခဲ့ပါတယ်။ မိုးအောင်ရင်ကတော့ ရန်ကင်းမြို့နယ်တရားရုံးမှာ ၆.၁၂.၂၀၁၉ က ပထမဆုံးအကြိမ်ရုံးချိန်းရှိပြီး ရုံးချိန်းကိုသွားရောက်ခဲ့ခြင်းမရှိပဲ ပျက်ကွက်ခဲ့ပါတယ်။



ပထမရုံးချိန်းကိုမသွားခဲ့ပဲ ပျက်ကွက်ခဲ့ပေမယ့် မိုးအောင်ရင်က ဒုတိယရုံးချိန်းကိုတော့ လာရောက်ခဲ့တယ်လို့သိရပါတယ်။ မိုးအောင်ရင်အတွက်စိုးရိမ်နေကြတဲ့ပရိသတ်တွေအတွက် ဝမ်းသာစရာသတင်းတစ်ခုကတော့ထွက်လာခဲ့ပါပြီ။အဲဒါကတော့ မိုးအောင်ရင်ဟာ ကာမလိမ်လည်ရယူမှုကနေ သိန်းတစ်ရာနဲ့အာမခံရရှိသွားခဲ့တယ်ဆိုတဲ့သတင်းပါပဲ။ မိုးအောင်ရင်ဟာ ဒီနေ့မနက်ပိုင်းမှာ တရားရုံးကို ဒုတိယရုံးချိန်းတက်လာပြီး ပိုက်ဆံသိန်းတစ်ရာနဲ့ အာမခံရသွားခဲ့ပါတယ်။ အဲဒါကြောင့် အမှုရင်ဆိုင်နေရတဲ့အချိန်တစ်လျှောက်လုံး အပြင်မှာလွပ်လပ်စွာသွားလာခွင့်ရှိပြီးအမှုကိုအပြင်ကနေ ရုံးချိန်းတက်ပြီးရင်ဆိုင်ခွင့်ရပြီလို့ပြောရမှာပါ။



ပရိသတ်တွေက အနုပညာအလုပ်တွေပြန်စလုပ်တာ အရှိန်ရခါစသာရှိသေးတဲ့အချိန်မှာ ထပ်မံပြီး အမှုရင်ဆိုင်ရပြန်တဲ့ မိုးအောင်ရင်အတွက် စိတ်မကောင်းဖြစ်ပြီး စိုးရိမ်နေကြပေမယ့် အခုလို အာမခံရသွားတယ်ဆိုတဲ့သတင်းကောင်းကြောင့် စိတ်သက်သာရာရသွားရတယ်ဆိုရင်လည်းမမှားပါဘူး။ မိုးအောင်ရင်ဟာ အမှုရင်ဆိုင်နေရပေမယ့် ပထမရုံးချိန်းကိုတက်ရောက်ခဲ့ခြင်းမရှိပဲ မိသားစုကိုအချိန်ပေးပြီးမိသားစုနဲ့ခရီးတွေထွက်ကာ သူ့ရဲ့လူမှုကွန်ယက်မှာ မိသားစုနဲ့ ပျော်နေတဲ့ဓာတ်ပုံလေးတွေတင်ထားခဲ့တာကိုလည်းတွေ့ရပါတယ်။ ပြောချင်လွန်းလို့ပရိသတ်ကြီးရော မိုးအောင်ရင်ကိုချစ်ကြလား။ မိုးအောင်ရင် လက်ရှိရင်ဆိုင်နေရတဲ့အမှုအတွက်လည်း အားပေးစကားလေးတွေပြောခဲ့ကြပါဦး။

share from: theesaychin



Latest
Previous
Next Post »
Powered by Blogger.