အိမ္ရွင္ဖိလစ္ပိုင္ကို အႏိုင္ယူၿပီး အုပ္စုတက္ဖို႔ အခြင့္အေရးေကာင္းလားတဲ့ ျမန္မာ
Zawgyiျဖင့္ဖတ္ရန္
ဆီးဂိမ္းေဘာလုံးၿပိဳင္ပြဲရဲ႕ အုပ္စုဒုတိယပြဲစဥ္မွာျမန္မာယူ၂၂ အသင္းက အိမ္ရွင္ဖိလစ္ပိုင္ အသင္းကို ၂ဂိုး၁ဂိုးနဲ႔ အႏိုင္ယူၿပီး အုပ္စုတက္ဖို႔အခြင့္အေရးေကာင္းသြားခဲ့ပါတယ္။ျမန္မာအသင္းရဲ႕ပြဲထြက္လူစာ ရင္းမွာ မေလးရွားနဲ႔ပြဲကလူစာရင္းအတိုင္းပဲ အေျပာင္းအလဲမရွိပြဲထြက္ခဲ့ပါတယ္။ ဒါေပမယ့္ျမန္မာ အသင္းအေနနဲ႔ ေဘာလုံးပိုင္ဆိုင္မူအသာစီးနဲ႔ ကစားႏိုင္ခဲ့ေပမယ့္အႏိုင္ရလဒ္ဖို႔ ခက္ခက္ခဲခဲ ကစား ခဲ့ရတာျဖစ္ပါတယ္။ ပြဲခ်ိန္၁၇မိနစ္မွာ တိုက္စစ္မႉးေအာင္ေကာင္းမာန္က ျမတ္ေကာင္းခန႔္ရဲ႕ ေပးပို႔ မူကေန အပိုင္ကန္သြင္းၿပီး ဦးေဆာင္ဂိုးရယူခဲ့ပါတယ္။ ျမန္မာအသင္းက ေဘာလုံးပိုင္ဆိုင္မူအသာ နဲ႔ ထိန္းခ်ဳပ္ႏိုင္ခဲ့ေပမယ့္ဖိလစ္ပိုင္ရဲ႕ တန္ျပန္တိုက္စစ္ေတြနဲ႔ ျဖတ္တင္ေဘာေတြကိုေတာ့ ျမန္မာေနာက္ တန္းက ခက္ခက္ခဲခဲကစားခဲ့ရပါတယ္။
ျမန္မာကြင္းလယ္ခံစစ္က ေအာင္ႏိုင္ဝင္းနဲ႔ ဗဟိုခံစစ္ ကစားသမားေတြျဖစ္တဲ့ ရဲမင္းသူ၊ရဲရင့္ေအာင္ တို႔ရဲ႕ ခံစစ္ ကစားပုံဟာလည္းအားနည္းခ်က္ေတြရွိခဲ့ ၿပီး မာကင္လြတ္ေနခဲ့တာကိုေတြ႕ရပါတယ္။ဒုတိယပိုင္းၿပီးခါနီးမွာေတာ့ ဘယ္ျခမ္းကေန ျဖတ္တင္ေပးပို႔ တာကေန လူကပ္ခံရျခင္းမရွိတဲ့ ဂ်က္စတင္က အျပန္ကန္သြင္းခ်က္နဲ႔ ဖိလစ္ပိုင္အသင္းကေခ်ပဂိုး သြင္းခဲ့ပါတယ္။ဒုတိယပိုင္းအစမွာ ေတာ့ဖိလစ္ပိုင္အသင္းက ဝါရင့္ကြင္းလယ္လူ စတီဖင္ရွ႐ြက္ခ္ ရဲ႕ေပးပို႔မူေတြ နဲ႔ အတူ ျမန္မာအသင္းကို ဖိအားေပးကစားႏိုင္ခဲ့ပါတယ္။ဒါေပမယ့္ တိုက္စစ္ပိုင္းက အခြင့္အေရးတခ်ိဳ႕ ဂိုးမရခဲ့တာေၾကာင့္ ျမန္မာအသင္းသက္သာရရခဲ့ပါတယ္။ ျမန္မာအသင္းက ညာေနာက္ခံလူ စိုးမိုး ေက်ာ္ရဲ႕ေနရာမွာ ဝင္းမိုးေက်ာ္လူစားလဲခဲ့ပါတယ္။အဲဒီေနာက္ ျမန္မာအသင္းကျပန္လည္ဖိအားေပး ကစားႏိုင္ခဲ့ေပမယ့္ တိုက္စစ္မႉးေအာင္ေကာင္းမာန္ရဲ႕ကန္သြင္းခ်က္ ဂိုးသမားထိထြက္ခဲ့လို႔နစ္နာခဲ့ ရပါတယ္။ အဲဒီေနာက္ ေအာင္ေကာင္းမာန္အစားဝင္းႏိုင္ထြန္းကိုလူစားလဲ့ခဲ့တဲ့ ျမန္မာအသင္း ဟာ တိုက္စစ္ပိုင္းပိုမို လူပ္ ကစားႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္ အႏိုင္ဂိုးရဖို႔ေတာ့ ခက္ခဲေနခဲ့ၿပီး တိုက္စစ္ပိုင္းက အခ်ိတ္အဆက္မိဖို႔လိုအပ္ေနခဲ့ပါတယ္။ ပြဲခ်ိန္၇၉မိနစ္မွာေတာ့ ျမတ္ေကာင္းခန႔္က ညာေတာင္ပံတစ္ ေလွ်ာက္ ျဖတ္ေျပးယူသြားၿပီး ျပန္လည္ခ်ေပးခဲ့ရာမွာ အသင့္လိုက္ပါလာတဲ့ဝင္းႏိုင္ထြန္းက တစ္ခ်က္ထိန္းၿပီး အျပင္းကန္သြင္းခဲ့လို႔ ျမန္မာအသင္းအႏိုင္ဂိုးရ ခဲ့တာျဖစ္ပါတယ္။
အဲဒီေနာက္ မွာ ျမတ္ေကာင္းခန႔္အစား ေနမိုးႏိုင္ကို လူစားလဲၿပီး ျမန္မာအသင္းကအႏိုင္ရလဒ္ကိုထိန္းကစားခဲ့ပါတယ္။ ၿပီးခါနီးမွာ ဝင္ႏိုင္ထြန္း ဂိုးသမားနဲ႔တစ္ဦးခ်င္း ကန္သြင္းခြင့္ရခဲ့ေပမယ့္လည္း ဂိုးသမားထိထြက္ခဲ့တာ ေၾကာင့္တ စ္ဂိုး နစ္နာခဲ့ရပါတယ္။ ၿပီးခါနီးမွာ ဖိလစ္ပိုင္က အျမင့္ေဘာတခ်ိဳ႕နဲ႔ဖိအားေပးခဲ့ေပမယ့္ လည္း ျမန္မာဂိုးသမားနဲ႔ခံစစ္က ခုခံတားဆီးႏိုင္ခဲ့လို႔ ၂ဂိုး၁ဂိုးရလဒ္နဲ႔ပဲပြဲၿပီးခဲ့တာျဖစ္ပါတယ္။ျမန္မာအသင္းဟာ ဖိလစ္ပိုင္အသင္းနဲ႔ဆီးဂိမ္းၿပိဳင္ပြဲတစ္ေလွ်ာက္ မွာ စုစုေပါင္း ၄ႀကိမ္ေတြ႕ဆုံခဲ့ၿပီး ၄ႀကိမ္စလုံးဂိုးျပတ္ႏိုင္ပြဲေတြရခဲ့ေပမယ့္ အခုႏွစ္ဆီးဂိမ္းမွာေတာ့ ၂ဂိုး ၁ဂိုးရလဒ္နဲ႔ အႏိုင္ရလဒ္ကို ပုံေဖာ္ႏိုင္ခဲ့တာျဖစ္ပါတယ္။
ျမန္မာ-ဖိလစ္ပိုင္း ဆီးဂိမ္းမွာေတြ႕ဆုံမူမွတ္တမ္း ျမန္မာ ၁-၅ ဖိလစ္ပိုင္ (၂၀၁၅) ျမန္မာ ဝ-၅ ဖိလစ္ပိုင္ (၂၀၁၁) ျမန္မာ ၄-၁ ဖိလစ္ပိုင္ (၁၉၉၉) ျမန္မာ ၄-၁ ဖိလစ္ပိုင္ (၁၉၉၅)
Unicode ဖြင့်ဖတ်ရန်
ဆီးဂိမ်းဘောလုံးပြိုင်ပွဲရဲ့ အုပ်စုဒုတိယပွဲစဉ်မှာမြန်မာယူ၂၂ အသင်းက အိမ်ရှင်ဖိလစ်ပိုင် အသင်းကို ၂ဂိုး၁ဂိုးနဲ့ အနိုင်ယူပြီး အုပ်စုတက်ဖို့အခွင့်အရေးကောင်းသွားခဲ့ပါတယ်။မြန်မာအသင်းရဲ့ပွဲထွက်လူစာ ရင်းမှာ မလေးရှားနဲ့ပွဲကလူစာရင်းအတိုင်းပဲ အပြောင်းအလဲမရှိပွဲထွက်ခဲ့ပါတယ်။ ဒါပေမယ့်မြန်မာ အသင်းအနေနဲ့ ဘောလုံးပိုင်ဆိုင်မူအသာစီးနဲ့ ကစားနိုင်ခဲ့ပေမယ့်အနိုင်ရလဒ်ဖို့ ခက်ခက်ခဲခဲ ကစား ခဲ့ရတာဖြစ်ပါတယ်။ ပွဲချိန်၁၇မိနစ်မှာ တိုက်စစ်မှူးအောင်ကောင်းမာန်က မြတ်ကောင်းခန့်ရဲ့ ပေးပို့ မူကနေ အပိုင်ကန်သွင်းပြီး ဦးဆောင်ဂိုးရယူခဲ့ပါတယ်။ မြန်မာအသင်းက ဘောလုံးပိုင်ဆိုင်မူအသာ နဲ့ ထိန်းချုပ်နိုင်ခဲ့ပေမယ့်ဖိလစ်ပိုင်ရဲ့ တန်ပြန်တိုက်စစ်တွေနဲ့ ဖြတ်တင်ဘောတွေကိုတော့ မြန်မာနောက် တန်းက ခက်ခက်ခဲခဲကစားခဲ့ရပါတယ်။
မြန်မာကွင်းလယ်ခံစစ်က အောင်နိုင်ဝင်းနဲ့ ဗဟိုခံစစ် ကစားသမားတွေဖြစ်တဲ့ ရဲမင်းသူ၊ရဲရင့်အောင် တို့ရဲ့ ခံစစ် ကစားပုံဟာလည်းအားနည်းချက်တွေရှိခဲ့ ပြီး မာကင်လွတ်နေခဲ့တာကိုတွေ့ရပါတယ်။ဒုတိယပိုင်းပြီးခါနီးမှာတော့ ဘယ်ခြမ်းကနေ ဖြတ်တင်ပေးပို့ တာကနေ လူကပ်ခံရခြင်းမရှိတဲ့ ဂျက်စတင်က အပြန်ကန်သွင်းချက်နဲ့ ဖိလစ်ပိုင်အသင်းကချေပဂိုး သွင်းခဲ့ပါတယ်။ဒုတိယပိုင်းအစမှာ တော့ဖိလစ်ပိုင်အသင်းက ဝါရင့်ကွင်းလယ်လူ စတီဖင်ရှရွက်ခ် ရဲ့ပေးပို့မူတွေ နဲ့ အတူ မြန်မာအသင်းကို ဖိအားပေးကစားနိုင်ခဲ့ပါတယ်။ဒါပေမယ့် တိုက်စစ်ပိုင်းက အခွင့်အရေးတချို့ ဂိုးမရခဲ့တာကြောင့် မြန်မာအသင်းသက်သာရရခဲ့ပါတယ်။ မြန်မာအသင်းက ညာနောက်ခံလူ စိုးမိုး ကျော်ရဲ့နေရာမှာ ဝင်းမိုးကျော်လူစားလဲခဲ့ပါတယ်။အဲဒီနောက် မြန်မာအသင်းကပြန်လည်ဖိအားပေး ကစားနိုင်ခဲ့ပေမယ့် တိုက်စစ်မှူးအောင်ကောင်းမာန်ရဲ့ကန်သွင်းချက် ဂိုးသမားထိထွက်ခဲ့လို့နစ်နာခဲ့ ရပါတယ်။ အဲဒီနောက် အောင်ကောင်းမာန်အစားဝင်းနိုင်ထွန်းကိုလူစားလဲ့ခဲ့တဲ့ မြန်မာအသင်း ဟာ တိုက်စစ်ပိုင်းပိုမို လူပ် ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အနိုင်ဂိုးရဖို့တော့ ခက်ခဲနေခဲ့ပြီး တိုက်စစ်ပိုင်းက အချိတ်အဆက်မိဖို့လိုအပ်နေခဲ့ပါတယ်။ ပွဲချိန်၇၉မိနစ်မှာတော့ မြတ်ကောင်းခန့်က ညာတောင်ပံတစ် လျှောက် ဖြတ်ပြေးယူသွားပြီး ပြန်လည်ချပေးခဲ့ရာမှာ အသင့်လိုက်ပါလာတဲ့ဝင်းနိုင်ထွန်းက တစ်ချက်ထိန်းပြီး အပြင်းကန်သွင်းခဲ့လို့ မြန်မာအသင်းအနိုင်ဂိုးရ ခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် မှာ မြတ်ကောင်းခန့်အစား နေမိုးနိုင်ကို လူစားလဲပြီး မြန်မာအသင်းကအနိုင်ရလဒ်ကိုထိန်းကစားခဲ့ပါတယ်။ ပြီးခါနီးမှာ ဝင်နိုင်ထွန်း ဂိုးသမားနဲ့တစ်ဦးချင်း ကန်သွင်းခွင့်ရခဲ့ပေမယ့်လည်း ဂိုးသမားထိထွက်ခဲ့တာ ကြောင့်တ စ်ဂိုး နစ်နာခဲ့ရပါတယ်။ ပြီးခါနီးမှာ ဖိလစ်ပိုင်က အမြင့်ဘောတချို့နဲ့ဖိအားပေးခဲ့ပေမယ့် လည်း မြန်မာဂိုးသမားနဲ့ခံစစ်က ခုခံတားဆီးနိုင်ခဲ့လို့ ၂ဂိုး၁ဂိုးရလဒ်နဲ့ပဲပွဲပြီးခဲ့တာဖြစ်ပါတယ်။မြန်မာအသင်းဟာ ဖိလစ်ပိုင်အသင်းနဲ့ဆီးဂိမ်းပြိုင်ပွဲတစ်လျှောက် မှာ စုစုပေါင်း ၄ကြိမ်တွေ့ဆုံခဲ့ပြီး ၄ကြိမ်စလုံးဂိုးပြတ်နိုင်ပွဲတွေရခဲ့ပေမယ့် အခုနှစ်ဆီးဂိမ်းမှာတော့ ၂ဂိုး ၁ဂိုးရလဒ်နဲ့ အနိုင်ရလဒ်ကို ပုံဖော်နိုင်ခဲ့တာဖြစ်ပါတယ်။
မြန်မာ-ဖိလစ်ပိုင်း ဆီးဂိမ်းမှာတွေ့ဆုံမူမှတ်တမ်း မြန်မာ ၁-၅ ဖိလစ်ပိုင် (၂၀၁၅) မြန်မာ ဝ-၅ ဖိလစ်ပိုင် (၂၀၁၁) မြန်မာ ၄-၁ ဖိလစ်ပိုင် (၁၉၉၉) မြန်မာ ၄-၁ ဖိလစ်ပိုင် (၁၉၉၅)
Credit: Burmese Asia
Sign up here with your email
ConversionConversion EmoticonEmoticon