Zawgyi ျဖင့္ဖတ္ရန္
မိန္းကေလးတိုင္းကေတာ့ ကိုယ့္ခ်စ္တဲ့သူနဲ႔ တစ္ဘဝလုံးလက္တြဲ သြားခ်င္ၾကတာပါပဲ။ ဒါေပမယ့္ တစ္ခါတစ္ေလမွာ ႏွစ္ဦးႏွစ္ဖက္ ဆက္ဆံေရး အဆင္မေျပျဖစ္လို႔၊ သေဘာထားမတိုက္ဆိုင္လို႔ မေပါင္းဖက္လိုက္ရတဲ့ ဇာတ္လမ္းေတြ အမ်ားႀကီး ရွိပါတယ္။ သင္ခ်စ္သူမွာ ဒီအခ်က္ေတြ ရွိေနခဲ့ရင္ေတာ့ သူဟာ သင့္ကို ဘယ္ေတာ့မွ ထားမသြားတဲ့ သူဆိုတာ သိႏိုင္ပါတယ္။
သင့္အေၾကာင္းကို အၿမဲေျပာတတ္တယ္
မိတ္ေဆြသူငယ္ခ်င္းေတြဆီမွာပဲျဖစ္ျဖစ္၊ မိသားစုဝင္ေတြဆီမွာပဲ ျဖစ္ျဖစ္ သူဟာ သင့္အေၾကာင္းကို အၿမဲေျပာျပတတ္ပါတယ္။ သူစကားေတြထဲမွာ သင္ဟာ တစ္နည္းနည္းနဲ႔ ပါဝင္လို႔ေနႏိုင္ပါတယ္။ ဥပမာ- သင့္ရဲ႕ စိတ္ေနစိတ္ထားေလးေတြ၊ သင္ႀကိဳက္တတ္တဲ့ အစားအစာေလးေတြကို တိုက္ဆိုင္တိုင္း ေျပာေနတတ္ပါတယ္။ ဒီလိုမ်ိဳး ေျပာတတ္တာကို သေဘာမက်တဲ့ ေကာင္မေလး ရွိမယ္မထင္ပါဘူး။
သင့္စကားကို ေလးေလနက္နက္ နားေထာင္ေပးတတ္တယ္
သင့္ရဲ႕ အေကာင္းအဆိုး မွန္သမွ်ကို ေသခ်ာနားေထာင္ေပးတတ္ၿပီး သင့္ကို အႀကံအဉာဏ္ေပးတတ္သူမ်ိဳး ျဖစ္ေနတတ္ပါတယ္။ ဘယ္လိုအေၾကာင္းအရာမ်ိဳးကိုမဆို ေလးေလးနက္နက္ နားေထာင္ေပးတတ္ၿပီး သင့္ကို ဘယ္ေတာ့မွ လ်စ္လ်ဴရႈၿပီး မေနတတ္ပါဘူး။ ဒီလိုလူမ်ိဳးကို ပိုင္ဆိုင္ထားရင္ေတာ့ သင္ဟာ ကံေကာင္းတဲ့ သူတစ္ေယာက္ပါ။
သူ႔ရဲ႕ အနာဂတ္မွာ သင္ပါဝင္ေနတယ္
ဒါကေတာ့ သင္နဲ႔အတူ တည္ေဆာက္မယ့္ အနာဂတ္ plan သူ႔မွာ ရွိေနပါတယ္။ အနာဂတ္မွာ သင္နဲ႔ အတူုသြားခ်င္တာေတြ၊ လုပ္ခ်င္တာေတြ စသျဖင့္ သူ႔ရဲ႕ အနာဂတ္ plan တစ္ခုလုံးဟာ သင္နဲ႔ ျပည့္ႏွက္လို႔ေနပါတယ္။ ဒီလိုမ်ိဳး ခ်စ္သူဟာ သင့္ကို ထားသြားဖို႔ အစီအစဥ္မရွိဘူးဆိုတာ ေဖာ္ျပေနတာပါပဲ။
သင့္ကို အခ်ိန္ေပးတတ္တယ္
ေယာက်္ားေလးေတြဟာ ခ်စ္သူသက္တမ္းႏုခ်ိန္မွာေတာ့ ခ်စ္သူကို ဂ႐ုစိုက္တတ္ၾကေပမယ့္ ခ်စ္သူသက္တမ္း ၾကာလာတာနဲ႔အမွ် ခ်စ္သူကို သိပ္အခ်ိန္မေပးတတ္ ၾကေတာ့ပါဘူး။ ဒါဟာ အခ်စ္ေလ်ာ့သြားတာလည္း ျဖစ္ႏိုင္သလို၊ ကိုယ့္လက္ထဲေရာက္ၿပီးသာ ပစၥည္းကို တန္ဖိုးထားရမွာ ေမ့ေနတာလည္း ျဖစ္ႏိုင္ပါတယ္။ သူတို႔ေတြကေတာ့ သင့္ကို အခ်ိန္ေပးဖို႔ မပ်က္ကြက္တတ္ပဲ ဘယ္ေတာ့မွလည္း မျငဴစူတတ္ၾကပါဘူး။ ဒါဟာ သင့္ကို တန္ဖိုးထားေၾကာင္း ျပသေနတဲ့ အခ်က္ေတြ ျဖစ္ပါတယ္။
Credit: Aunty may
Unicode ဖြင့်ဖတ်ရန်
သင့်ချစ်သူက သင့်ကို တစ်ဘဝလုံးစာ ရည်ရွယ်ထားတယ်ဆိုတာ သိနိုင်တဲ့ အချက်တွေ
မိန်းကလေးတိုင်းကတော့ ကိုယ့်ချစ်တဲ့သူနဲ့ တစ်ဘဝလုံးလက်တွဲ သွားချင်ကြတာပါပဲ။ ဒါပေမယ့် တစ်ခါတစ်လေမှာ နှစ်ဦးနှစ်ဖက် ဆက်ဆံရေး အဆင်မပြေဖြစ်လို့၊ သဘောထားမတိုက်ဆိုင်လို့ မပေါင်းဖက်လိုက်ရတဲ့ ဇာတ်လမ်းတွေ အများကြီး ရှိပါတယ်။ သင်ချစ်သူမှာ ဒီအချက်တွေ ရှိနေခဲ့ရင်တော့ သူဟာ သင့်ကို ဘယ်တော့မှ ထားမသွားတဲ့ သူဆိုတာ သိနိုင်ပါတယ်။
သင့်အကြောင်းကို အမြဲပြောတတ်တယ်
မိတ်ဆွေသူငယ်ချင်းတွေဆီမှာပဲဖြစ်ဖြစ်၊ မိသားစုဝင်တွေဆီမှာပဲ ဖြစ်ဖြစ် သူဟာ သင့်အကြောင်းကို အမြဲပြောပြတတ်ပါတယ်။ သူစကားတွေထဲမှာ သင်ဟာ တစ်နည်းနည်းနဲ့ ပါဝင်လို့နေနိုင်ပါတယ်။ ဥပမာ- သင့်ရဲ့ စိတ်နေစိတ်ထားလေးတွေ၊ သင်ကြိုက်တတ်တဲ့ အစားအစာလေးတွေကို တိုက်ဆိုင်တိုင်း ပြောနေတတ်ပါတယ်။ ဒီလိုမျိုး ပြောတတ်တာကို သဘောမကျတဲ့ ကောင်မလေး ရှိမယ်မထင်ပါဘူး။
သင့်စကားကို လေးလေနက်နက် နားထောင်ပေးတတ်တယ်
သင့်ရဲ့ အကောင်းအဆိုး မှန်သမျှကို သေချာနားထောင်ပေးတတ်ပြီး သင့်ကို အကြံအဉာဏ်ပေးတတ်သူမျိုး ဖြစ်နေတတ်ပါတယ်။ ဘယ်လိုအကြောင်းအရာမျိုးကိုမဆို လေးလေးနက်နက် နားထောင်ပေးတတ်ပြီး သင့်ကို ဘယ်တော့မှ လျစ်လျူရှုပြီး မနေတတ်ပါဘူး။ ဒီလိုလူမျိုးကို ပိုင်ဆိုင်ထားရင်တော့ သင်ဟာ ကံကောင်းတဲ့ သူတစ်ယောက်ပါ။
သူ့ရဲ့ အနာဂတ်မှာ သင်ပါဝင်နေတယ်
ဒါကတော့ သင်နဲ့အတူ တည်ဆောက်မယ့် အနာဂတ် plan သူ့မှာ ရှိနေပါတယ်။ အနာဂတ်မှာ သင်နဲ့ အတူုသွားချင်တာတွေ၊ လုပ်ချင်တာတွေ စသဖြင့် သူ့ရဲ့ အနာဂတ် plan တစ်ခုလုံးဟာ သင်နဲ့ ပြည့်နှက်လို့နေပါတယ်။ ဒီလိုမျိုး ချစ်သူဟာ သင့်ကို ထားသွားဖို့ အစီအစဉ်မရှိဘူးဆိုတာ ဖော်ပြနေတာပါပဲ။
သင့်ကို အချိန်ပေးတတ်တယ်
ယောကျ်ားလေးတွေဟာ ချစ်သူသက်တမ်းနုချိန်မှာတော့ ချစ်သူကို ဂရုစိုက်တတ်ကြပေမယ့် ချစ်သူသက်တမ်း ကြာလာတာနဲ့အမျှ ချစ်သူကို သိပ်အချိန်မပေးတတ် ကြတော့ပါဘူး။ ဒါဟာ အချစ်လျော့သွားတာလည်း ဖြစ်နိုင်သလို၊ ကိုယ့်လက်ထဲရောက်ပြီးသာ ပစ္စည်းကို တန်ဖိုးထားရမှာ မေ့နေတာလည်း ဖြစ်နိုင်ပါတယ်။ သူတို့တွေကတော့ သင့်ကို အချိန်ပေးဖို့ မပျက်ကွက်တတ်ပဲ ဘယ်တော့မှလည်း မငြူစူတတ်ကြပါဘူး။ ဒါဟာ သင့်ကို တန်ဖိုးထားကြောင်း ပြသနေတဲ့ အချက်တွေ ဖြစ်ပါတယ်။
Credit: Aunty may
Sign up here with your email
ConversionConversion EmoticonEmoticon