Zawgyiျဖင့္ဖတ္ရန္
ထိုင္းႏိုင္ငံအေရွ႕ပိုင္း အိစံစီရင္စုရွိ ဘီယာဆိုင္တစ္ဆိုင္တြင္ အေပါင္းအသင္းမ်ားနဲ႔ ဘီယာေသာက္ၿပိဳင္ပြဲလုပ္ခဲ့ရာ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့သူ အသက္ ၂၈ ႏွစ္အ႐ြယ္ လူငယ္တစ္ဦး သတ္မွတ္ထားသည့္ ဘီယာခြက္အေရအတြက္အားလုံးကို အျမန္ဆုံးကုန္ေအာင္ ေသာက္ႏိုင္ခဲ့ၿပီးေနာက္ ေနရာမွာတင္ လဲက်ေသဆုံးသြားခဲ့ေၾကာင္း သိရပါတယ္။
အေပ်ာ္တမ္းအေနနဲ႔ ဘီယာၿပိဳင္ေသာက္တဲ့ ဓေလ့ဟာ ထိုင္းလူငယ္မ်ားၾကားမွာ ထြန္းကားေနခဲ့တာ ၾကာၿပီျဖစ္ပါတယ္။ ဇြန္လ ၂၉ ရက္ေန႔က ျဖစ္ပြားခဲ့တဲ့ ျဖစ္စဥ္မွာလည္း လူငယ္ဟာ သူငယ္ခ်င္းမ်ားနဲ႔အတူ အေပ်ာ္တမ္း ဘီယာၿပိဳင္ေသာက္ခဲ့ရာက အသက္ေသဆုံးခဲ့ရတာျဖစ္ပါတယ္။
လူငယ္ဟာ စကၠန႔္ပိုင္းအတြင္း ဘီယာခြက္ အားလုံးကို ကုန္ေအာင္ေသာက္ခဲ့ၿပီးေနာက္ သူႏိုင္ေၾကာင္း သူငယ္ခ်င္းမ်ားအားေျပာၿပီး လမ္းေလွ်ာက္အလာ ေျခလွမ္းသုံးလွမ္းမွာ လဲက်သြားခဲ့တာျဖစ္ပါတယ္။
အစပိုင္းမွာ သူငယ္ခ်င္းေတြက သူ႔ရဲ႕အျဖစ္ပ်က္ကို မရိပ္မိပဲ မူးၿပီးလဲက်သြားတယ္လို႔ ထင္မွတ္ကာ စ၊ေနာက္၊ေလွာင္ေျပာင္ခဲ့ၾကပါေသးတယ္။ ဒါေပမယ့္ ေနာက္ဆုံးမွာ လူငယ္ရဲ႕ ပါးစပ္က အျမဳတ္တစီစီထြက္ၿပီး တကိုယ္လုံး အေၾကာဆြဲသလို ျဖစ္ကာ ေသဆုံးသြားခဲ့ပါတယ္။
ဘီယာေသာက္ပြဲမွာ ပါဝင္ခဲ့ၿပီး ဒီအျဖစ္ပ်က္အကုန္လုံးကို မ်က္ဝါးထင္ထင္ေတြ႕ခဲ့ရတဲ့ Mtlokesara (ေဖ့စ္ဘြခ္အမည္) က သူ႔ရဲ႕ လူမႈကြန္ယက္ေပၚမွာ ေအာက္ပါအတိုင္း ေရးသားေဖာ္ျပခဲ့ပါတယ္။
“ကြၽန္ေတာ့္ရဲ႕ ညီေလးတစ္ေယာက္ ဘီယာေသာက္ပြဲမွာ သတိလစ္လဲက်ၿပီး ေသသြားခဲ့တယ္၊ တစ္ကယ္စိတ္မေကာင္းပါဘူး။ ကြၽန္ေတာ္က ဘီယာေသာက္ၿပိဳင္ပြဲေပါင္း မ်ားစြာၿပိဳင္ဖူးပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္ ခုခ်ိန္ထိ အသက္ရွင္လွ်က္ပါပဲ။ တစ္ေယာက္ေယာက္က ၿပိဳင္ဖို႔ ဖိတ္ေခၚမယ္ဆိုရင္လည္း ကြၽန္ေတာ္ ၿပိဳင္ႏိုင္ပါေသးတယ္၊ ဒါေပမယ့္ အခုေတာ့ မၿပိဳင္ခ်င္ေတာ့ပါဘူး။
ကြၽန္ေတာ္ဘာေၾကာင့္ မေသေသးတာလဲသိလား..? လူေတြဟာ တစ္ေယာက္နဲ႔ တစ္ေယာက္ ခႏၶာကိုယ္ဖြဲ႕စည္းပုံမတူၾကပါဘူး၊ တစ္ေယာက္က ခံႏိုင္ရည္ရွိေပမယ့္ ေနာက္တစ္ေယာက္မွာေတာ့ ေသႏိုင္ပါတယ္၊ ဘာေၾကာင့္လဲဆိုေတာ့ အယ္လ္ကိုေဟာရဲ႕ အစြမ္းေၾကာင့္ပါ။ တစ္အားျမန္ျမန္ႀကီး ေသာက္ေလေလ အယ္လကိုေဟာက ေသြးထဲမွာ ျမန္ျမန္ႀကီး တိုးဝင္ၿပီး ပင္မအာ႐ုံေၾကာစနစ္ႀကီးကို ဖိစီးျပစ္လိုက္တယ္ အဲဒါေၾကာင့္ ေဆးလြန္သလိုျဖစ္ၿပီး လည္းပင္းအစ္တာ၊ ေအာ့အန္တာ၊ အသက္ရႈၾကပ္တာ၊ အသက္ရႈရပ္သြားတာေတြျဖစ္ၿပီး သတိလစ္ၿပီး ေသႏိုင္ပါတယ္။
ညီငယ္ေလး ေသဆုံးသြားတဲ့အတြက္ အရမ္းဝမ္းနည္းမိပါတယ္၊ က်န္တဲ့သူေတြလည္း ဘီယာၿပိဳင္မေသာက္ၾကဖို႔ သတိေပးခ်င္ပါတယ္။ ျမန္ျမန္စားတာ၊ ျမန္ျမန္ေသာက္တာက လူကို ေသေစတတ္လို႔ပါ” ဟု ေရးသားခဲ့ပါတယ္။
Credit:Popolay
Unicodeဖြင့်ဖတ်ရန်
ဘီယာသောက်ပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့လူငယ် နေရာတင်လဲကျသေဆုံး
ထိုင်းနိုင်ငံအရှေ့ပိုင်း အိစံစီရင်စုရှိ ဘီယာဆိုင်တစ်ဆိုင်တွင် အပေါင်းအသင်းများနဲ့ ဘီယာသောက်ပြိုင်ပွဲလုပ်ခဲ့ရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ အသက် ၂၈ နှစ်အရွယ် လူငယ်တစ်ဦး သတ်မှတ်ထားသည့် ဘီယာခွက်အရေအတွက်အားလုံးကို အမြန်ဆုံးကုန်အောင် သောက်နိုင်ခဲ့ပြီးနောက် နေရာမှာတင် လဲကျသေဆုံးသွားခဲ့ကြောင်း သိရပါတယ်။
အပျော်တမ်းအနေနဲ့ ဘီယာပြိုင်သောက်တဲ့ ဓလေ့ဟာ ထိုင်းလူငယ်များကြားမှာ ထွန်းကားနေခဲ့တာ ကြာပြီဖြစ်ပါတယ်။ ဇွန်လ ၂၉ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်မှာလည်း လူငယ်ဟာ သူငယ်ချင်းများနဲ့အတူ အပျော်တမ်း ဘီယာပြိုင်သောက်ခဲ့ရာက အသက်သေဆုံးခဲ့ရတာဖြစ်ပါတယ်။
လူငယ်ဟာ စက္ကန့်ပိုင်းအတွင်း ဘီယာခွက် အားလုံးကို ကုန်အောင်သောက်ခဲ့ပြီးနောက် သူနိုင်ကြောင်း သူငယ်ချင်းများအားပြောပြီး လမ်းလျှောက်အလာ ခြေလှမ်းသုံးလှမ်းမှာ လဲကျသွားခဲ့တာဖြစ်ပါတယ်။
အစပိုင်းမှာ သူငယ်ချင်းတွေက သူ့ရဲ့အဖြစ်ပျက်ကို မရိပ်မိပဲ မူးပြီးလဲကျသွားတယ်လို့ ထင်မှတ်ကာ စ၊နောက်၊လှောင်ပြောင်ခဲ့ကြပါသေးတယ်။ ဒါပေမယ့် နောက်ဆုံးမှာ လူငယ်ရဲ့ ပါးစပ်က အမြုတ်တစီစီထွက်ပြီး တကိုယ်လုံး အကြောဆွဲသလို ဖြစ်ကာ သေဆုံးသွားခဲ့ပါတယ်။
ဘီယာသောက်ပွဲမှာ ပါဝင်ခဲ့ပြီး ဒီအဖြစ်ပျက်အကုန်လုံးကို မျက်ဝါးထင်ထင်တွေ့ခဲ့ရတဲ့ Mtlokesara (ဖေ့စ်ဘွခ်အမည်) က သူ့ရဲ့ လူမှုကွန်ယက်ပေါ်မှာ အောက်ပါအတိုင်း ရေးသားဖော်ပြခဲ့ပါတယ်။
“ကျွန်တော့်ရဲ့ ညီလေးတစ်ယောက် ဘီယာသောက်ပွဲမှာ သတိလစ်လဲကျပြီး သေသွားခဲ့တယ်၊ တစ်ကယ်စိတ်မကောင်းပါဘူး။ ကျွန်တော်က ဘီယာသောက်ပြိုင်ပွဲပေါင်း များစွာပြိုင်ဖူးပါတယ်။ ဒါပေမယ့် ကျွန်တော် ခုချိန်ထိ အသက်ရှင်လျှက်ပါပဲ။ တစ်ယောက်ယောက်က ပြိုင်ဖို့ ဖိတ်ခေါ်မယ်ဆိုရင်လည်း ကျွန်တော် ပြိုင်နိုင်ပါသေးတယ်၊ ဒါပေမယ့် အခုတော့ မပြိုင်ချင်တော့ပါဘူး။
ကျွန်တော်ဘာကြောင့် မသေသေးတာလဲသိလား..? လူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် ခန္ဓာကိုယ်ဖွဲ့စည်းပုံမတူကြပါဘူး၊ တစ်ယောက်က ခံနိုင်ရည်ရှိပေမယ့် နောက်တစ်ယောက်မှာတော့ သေနိုင်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ အယ်လ်ကိုဟောရဲ့ အစွမ်းကြောင့်ပါ။ တစ်အားမြန်မြန်ကြီး သောက်လေလေ အယ်လကိုဟောက သွေးထဲမှာ မြန်မြန်ကြီး တိုးဝင်ပြီး ပင်မအာရုံကြောစနစ်ကြီးကို ဖိစီးပြစ်လိုက်တယ် အဲဒါကြောင့် ဆေးလွန်သလိုဖြစ်ပြီး လည်းပင်းအစ်တာ၊ အော့အန်တာ၊ အသက်ရှုကြပ်တာ၊ အသက်ရှုရပ်သွားတာတွေဖြစ်ပြီး သတိလစ်ပြီး သေနိုင်ပါတယ်။
ညီငယ်လေး သေဆုံးသွားတဲ့အတွက် အရမ်းဝမ်းနည်းမိပါတယ်၊ ကျန်တဲ့သူတွေလည်း ဘီယာပြိုင်မသောက်ကြဖို့ သတိပေးချင်ပါတယ်။ မြန်မြန်စားတာ၊ မြန်မြန်သောက်တာက လူကို သေစေတတ်လို့ပါ” ဟု ရေးသားခဲ့ပါတယ်။
Credit:Popolay
Sign up here with your email
ConversionConversion EmoticonEmoticon