တစ်သက်စာမက တန်ဖိုးရှိတယ်."မိတ်ဆွေ"


အချိန် ၅ မိနစ်ပဲပေးဖက်လိုက်

ရာဟုလာ
***********
၁ ။ တစ်ခုဆိုတာ ဘာလဲ
၂ ။ နှစ်ခုဆိုတာ ဘာလဲ
၃ ။ သုံးခုဆိုတာ ဘာလဲ
၎ ။ လေးခုဆိုတာ ဘာလဲ
၅ ။ ငါးခုဆိုတာ ဘာလဲ
၆ ။ ခြောက်ခုဆိုတာ ဘာလဲ
၇ ။ ခုနှစ်ခုဆိုတာ ဘာလဲ
၈ ။ ရှစ်ခုဆိုတာ ဘာလဲ
၉ ။ ကိုးခုဆိုတာ ဘာလဲ
၁၀။ ဆယ်ခုဆိုတာ ဘာလဲ ~

၁ ။ ရာဟုလာ တစ်ခုဆိုတာဘာလဲ -

ရာဟုလာ - လူတိုင်းလူတိုင်းဟာ နေ့ စဉ်နှင့်အမျှ ရှောင်လို့ မရတဲ့ တစ်ခုဟာ အာဟာရပဲ၊ သတ္တဝါ
အားလုံးဟာ အစာကြောင့် အသက်ရှင်ကြရတယ်
အစာစားလို့ အသက်ရှင်ကြရတယ် ။ သတ္တဝါအား
လုံးဟာ တညီတည်းအမှီပြုပြီ အသက်ရှင်ကြရတဲ့
နေ့ စဉ်နှင့်အမျှ ရှောင်လွှဲလို့ မရအောင် မှီခိုအား
ထားနေရတာသည် အာဟာရပဲ ။ ။

၂ ။ နှစ်ခုဆိုတာဘာလဲ-

ရာဟုလာ - နှစ်ခုဆိုတာ ရုပ်/နဲ့ နာမ် ဖြစ်တယ် ။။

၃။ သုံးခုဆိုတာဘာလဲ -

ရာဟုလာ -သုံးခုဆိုတာ အခြားမဟုတ် အာရုံနဲ့ တွေ့ 
တဲ့အခါ မှာ ခံစားချက်သုံးမျိုးရှိတယ်။
ကောင်းတာနဲ့ တွေ့ ရင်ကြိုက်တယ်ဝမ်းသာတယ် ၊မ
ကောင်းတာနဲ့ တွေ့ ရင် မကြိုက်ဘူးစိတ်ညစ်တယ်၊
ကောင်းမကောင်းမဟုတ်ဘူးဆိုရင်တော့ ပျော်တာလဲ
မဟုတ် စိတ်ညစ်စရာလဲမဟုတ်ဆိုတာာရှိတယ်။

ဒါကြောင့်ခံစားမူသုံးမျိုးရှိသည်
သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပက္ခောဝေဒနာ။ ။

၎ ။ လေးခုဆိုတာဘာလဲ -

ရာဟုလာ လေးခုဆိုတာ သစ္စာလေးပါးပဲ။
အမှန်တရား လေးမျိုးရှိတယ် ရာဟုလာ
ဒုက္ခရယ် သမုဒယရယ် နိရောဓရယ် မဂ္ဂရယ်။
လောကကိုကြည့်လိုက်ရင်
တကယ်အမှန်တရားဆိုတာ ဒီလေးမျိုးပဲရှိတယ်။။

၅ ။ ငါးခုဆိုတာဘာလဲ -

ရာဟုလာ- လူတွေမှာတဏှာကို
ဒိဋ္ဌိအမြနဲ့ စွဲလမ်းတဲ့ ဥပဒါနက္ခန္ဓာငါးမျိုးရှိပါတယ်။
ရုပ်၊ ဝေဒနာ ၊သညာ၊ သိခါင်္ရ ၊ဝိဥာဏ်ဆိုတဲ့
ခန္ဓာငါးပါး အပေါ်မှာ စွဲလမ်းတဲ့ တဏှာအမြင် ဒိဋ္ဌိ
အမြင်တွေနဲ့ စွဲလမ်းနေတဲ့ ဥပါဒါနက္ခန္ဓာ ငါးပါးပဲ။။

၆ ။ ခြောက်ခုဆိုတာဘာလဲ -

ရာဟာလာ ခြောက်ခုဆိုတာဘာလဲဆိုတော့
ပြင်ဘက်ကအရာတွေနဲ့ ဆက်သွယ်ဖို့ ရာအတွက်
ခြောက်ခုဆိုတာရှိတယ်၊ အင်္ဂါရပ် ခြောက်ခုရှိတယ်။
မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊စိတ်ဆိုတဲ့ အင်္ဂါ
ခြောက်ခု ။

အဲ့ဒါတွေနဲ့ အာရုံခြောက်မျိုးကို
နေ့ စဉ်ဆက်သွယ်နေကြတယ် ။
အာရုံတွေနဲ့ အခြေခံ၊ စိတ်ပေါ်ရာ ဒီခြောက်ရှိတယ်။။

၇ ။ ခုနှစ်ခုဆိုတာဘာလဲ -

ရာဟုလာ*** ခုနှစ်ခုဆိုတာအသိဥာဏ်ဖြစ်ဖို့ ရာ
အကြောင်းတရားခုနှစ်ခုရှိတယ် ။ ဗ္ဗောဇ္ဈင် (၇) ပါးပေါ့

ဗောဓိဆိုတာအသိဥာဏ်၊ အင်္ဂါဆိုတာရှိခြင်းရဲ့ အကြောင်းတရား ။ အသိဥာဏ်ရဖို့ ရအတွက်
ဒီစွမ်းရည်သတ္တိတွေနဲ့  ကိုယ်သန္တာန်မှာ အသိဥာဏ်
ဖြစ်အောင် လုပ်ရမယ်တဲ့ ။
ဒါတွေကို ကြည့်လိုက်မယ်ဆိုလို့ ရှိရင် အဆင့်ဆင့်
ကမ္မဋ္ဌာန်းပွားလို့ ရလာတဲ့ သဘောတွေကို
မြတ်စွာဘုရားဟောနေခြင်းဖြစ်တယ်။
ကလေးလေးရဲ့ တန်ရုံ ဂဏန်းသဘောတွေကို
မြတ်စွာဘုရားက မှတ်ခိုင်းထားဒါ ။။

၈ ။ ရှစ်ခုဆိုတာဘာလဲ -

ရာဟုလာ ရှစ်ခုဆိုတာ မဂ္ဂင်ရှစ်ပါးတဲ့။
မဂ္ဂဆိုတာ လမ်းကြောင်းပဲ ။
ဘယ်သွားမဲ့လမ်းကြောင်းဆိုတော့
နိဗ္ဗာန်သွားမယ့် လမ်းကြောင်းဖြစ်တယ်။

အဲ့ဒီ မဂ္ဂဆိုတာ ရှစ်ခုနဲ့ ဖွဲ့ စည်းထားတဲ့အရာဖြစ်တယ်
သမ္မာဝါစ၊ သမ္မာကမ္မန္န၊ သမ္မာအာဇီဝ၊ သမ္မာဒိဋ္ဌိ၊ သမ္မာ
သင်္ကပ္ပ၊ သမ္မာဝါယမ၊ သမ္မာသတိ၊ သမ္မာသမာဓိ လို့ 
ခေါ်တဲ့မဂ္ဂင်ရှစ်ပါး။ အဲ့ဒီမဂ္ဂင်ရှစ်ပါး ဒီအစွမ်းတွေ မိမိတို့ 
သန္တာန်မှာပြီဆိုရင် နိဗ္ဗာန်ထိအောင် ပေါက်မြောက်သွား
နိုင်တယ်တဲ့ အဲ့ဒါ (၈) ဂဏန်းအနေနဲ့  မြတ်စွာဘုရားက
သင်ကြားပေးတယ်။။

၉ ။ ကိုးခုဆိုတာ ဘာလဲ -

ရာဟုလာ - သုံးဆယ်တစ်ဘုံ သတ္တတွေကို ခြုံငုံပြီတော့
ကြည့်လိုက်မယ်ဆိုရင် သတ္တဝါတွေဟာ ကိုးမျိုးပဲရှိနိုင်
တယ် ။ သတ္တဝါနေတဲ့ဘုံဟာ (၉)မျိုးပဲရှိနိုင်တယ်တဲ့။
အဲ့ဒါကို သတ္တဝါသလို့ ခေါ်တယ်… သတ္တဝါတွေရဲ့ နေထိုင်ရာဘုံလို့ ပြောတာ ။ ကိုးမျိုးဆိုတာ သဘာဝ
အားဖြစ်ခွဲခြားပြီတော့ပြောတယ် ။

ဆိုပါစို .လူတွေဆိုတာ
မွေးလာတဲ့ စိတ်တွေလဲကွဲပြားခြားနားကြတယ်၊
ရုပ်တွေလဲကွဲပြားခြားနားကြတယ်၊ လူတွေဟာ
ခန္ဓာကြီးကလဲအမျိုးမျိုး၊ စိတ်တွေကလဲအမျိုးမျိုး၊
တိရစ္ဆာန်လောကလဲကြည့်အုန်း၊ ခွေးကတစ်မျိုး၊
ကြောင်ကတစ်မျိုး၊ ကြက်ကတစ်မျိုး၊ ကိုယ်ခန္ဓာတွေ
ကွဲပြားခြားနားမူတွေအတုညီကြဘူး။ အဲ့ဒီ မတူညီတဲ့
သတ္တဝါတွေရှိတဲ့ဘုံတွေစုပြီတော့ တစ်ခုယူတယ်။

ကိုးခုဆိုတာ သတ္တဝါဖြစ်ရာ
ဘုံကိုးမျိုးကို ပြောလိုက်တယ်။ သတ္တဝါဖြစ်ရာ
ဘုံကိုးမျိုးဆိုတာ ရုပ်ခန္ဓာတို့ ပဋိသန္ဓေစိတ်၊
အမှတ်သညာတို့ ကွဲပြား ခြားနားနဲ့ သတ္တတွေတည်ရှိရာ
ဘုံကတစ်မျိုး။ အဲ့ဒါတွေ လှည့်ပတ်ကြည့်လိုက်တဲ့အခါ
ရုပ်ခန္ဓာကွဲပြားပေမယ့်လို့  ပဋိသန္ဓေစိတ် အမှတ်သညာ
ချင်းတူတဲ့ သတ္တဝါတွေရဲ့ နေရာဋ္ဌာနကတစ်မျိုး။

နောက်ပဋိသန္ဓေသညာတုပြီတော့.ရုပ်ခန္ဓာကွဲပြားတဲ့
သတ္တဝါတွေရဲ့ ဘုံဋ္ဌာနကတစ်မျိုး။ ပဋိသန္ဓေလဲတူတယ်
ရုပ်ခန္ဓာလည်းတူတယ် ဆိုတဲ့ သတ္တဝါဘုံဋ္ဌာနကတစ်မျိုး၊
ပါဋိစာပေနဲ့ ပြောမယ်ဆိုရင် နာနတ္တကာယ၊ နာနတ္တသညီ ဒါက တစ်၊ နာနတ္တကာယ ဧကတ္တသညီ ဒါကနှစ်၊ ဧကတ္တကာယ နာနတ္တသညီ ဒါက သုံး၊ နံပါတ်
လေးကျတော့ ဧကတ္တကာယ ဧသတ္တသညီလို့ 
ဒီလို လေးမျိုးရတယ်။ နောက်တစ်ခါ အမှတ်သညာကင်း
မဲ့တဲ့သတ္တဝါဆိုတာ လောကမှာရှိသေးတယ်။ အဲ့ဒါကို
အသညသတ်ဘုံလို့ ခေါ်တယ်။ အဲ့ဒါက တစ်ဦး။
နောက်တစ်ခါ နာမ်ချည်းဖြစ်တဲ့.အရူပဘုံကတစ်မျိုး။
အားလုံးပေါင်းလိုက်တဲ့အခါ သတ္တဝါသ ဘုံကိုးဝလို့ 
ခေါ်တယ်။

သုံးဆယ်.တစ်ဘုံဆိုတာ ငြီးငွေ့ စရာချည်းပဲ။ မငြီးငွေ့ လို
သုံးဆယ်တစ်ဘုံမှာ ကျင်လည်နေမယ်ဆိုရင် ဒုက္ခတွေ
ရောက်မှာပဲလို့  ငြီးငွေ့ စေခြင်းဌာ ၉ ဂဏန်းကိုထုတ်တယ်။။

၁၀။ ဆယ်ခုဆိုတာ ဘာလဲ-

ရာဟုလာ ဒီလို ငြီးငွေ့ ပြီး တရားအားထုတ် ကျင့်ကြံလိုက်ရင် ရဟန္တာဖြစ်သွားမယ် ။
အဲ့ဒီ ရဟန္တာဖြစ်သွားမယ် ဆိုလို့ ရှိရင် ရဟန္တာမှာရှိတဲ့
အရည်အချင်းဟာ ဆယ်မျိုးရှိတယ်တဲ့။ အဲ့ဒီ ဆယ်မျိုး
ကိုရည်စူးပြီးတော့ မြတ်စွာဘုရားက (၁၀) ဂဏန်းကို
သင်ပေးတယ်။

ဆယ်ခုဆိုတာဘာလဲဆိုတော့ ရဟန္တာပုဂ္ဂိုလ်တွေဟာ
အင်္ဂါ ၁၀ ပါးနဲ့ ပြည့်စုံတယ်။ တရးဓမ္မကို မှန်မှန်ကန်ကန်
နဲ့ ကျင့်သုံးတောက်တည်သွားတဲ့ ရဟန္တာပုဂ္ဂိုလ်တွေမှာ
အင်္ဂါရပ် ၁၀ မျိုးရှိတယ်တဲ့။ ဘာတွေလဲဆိုတော့ မဂ္ဂင်ရှစ်
ပါးရယ် နောက်နှစ်ခုက သမ္မာဥာဏနဲ့ သမ္မာဝိမုတ္တိ ဖြစ်တယ် "အချစ်သားရာဟုလာ"။။

( ပါမောက္ခချုပ်ဆရာတော် အရှင်နန္ဒမာလဘိဝံသ
ဟောကြားတော်မူသော ရှင်ရာဟုလာ၏ဘဝနှင့်
မြတ်ဗုဒ္ဓအဆုံးအမ တရားတော် )

ကုသိုလ်အဖြစ်ရေးသားထားသော ဆရာတော်ဟော
ကြားတော်မူသော ဘုရားရှင်၏အဆုံးအမ တရားကို
အ"စ"အ"ဆုံး"ဖက်ပေးယုံနဲ့ ရေးရကျိုးနပ်၏။ ။
Previous
Next Post »
Powered by Blogger.