ရေးမယ်ရေးမယ်နဲ့ အခုမှပဲရေးဖြစ်တော့တယ်။ ဆီးကျောက်တည်တဲ့ဝေနာရှင်တွေအတွက်ပါ။ ကျွန်တော့်
အိမ်ရှင်ရဲ့ ကိုယ်တွေ့ ရောဂါပျောက်ကင်းခဲ့တဲ့ဆေးပါ။
လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ဆီးကျောက်တည်တဲ့ ရောဂါ ကြောင့် ပုဂ္ဂလိကအထူးကုဆေးခန်းကိုတက်ပြီးကုရတယ်။ လင်မယားနှစ်ယောက် မနည်းရုန်းနေရတဲ့ဘဝမို့ ကြာတော့ နေ့စဉ် မိုးထိုးနေတဲ့ဆေးကုသစရိတ်မတတ်နိုင်လောက် အောင်ဖြစ်လာတယ်။
အဲဒီအချိန်မှာ သူတို့လင်မယားနှစ်ယောက် အဆင်မပြေတာကိုသိတဲ့ male nurse တစ်ဦးက ဆေးနည်း
တစ်ခုပေးလိုက်တယ်။ လင်မယား ၂ ယောက်လည်း ဆေးနည်းရလာတာနဲ့ မဝံ့မရဲအားကိုးတကြီးနဲ့ အိမ်ပြန်လာတာပေါ့။
အိမ်ရောက်တာနဲ့ ညနေပိုင်းလည်းကျရော သူနာပြုမှာလိုက်တဲ့ဆေးနည်းအတိုင်း ချက်ပြုတ်စားသောက်
လိုက်တာ ညဦးပိုင်းကျတော့ဆီးထသွားပြီး အထဲမှာတည်နေတဲ့ ကျောက် တွေ အလုံးလိုက်ရော အပိုင်းအစတွေရော ဆီးနဲ့အတူထွက် လာပါသတဲ့။ အဲဒီအချိန်ကစပြီး သူလည်းဒီရောဂါနဲ့ ဆေးရုံ
ပြန်မတက်ရတော့ဘူးလို့ဆိုတယ်။
ပြန်မတက်ရတော့ဘူးလို့ဆိုတယ်။
ဆေးနည်းကတော့ ဗေဒါအမြစ်ပါပါတဲ့အဖုတ်လိုက်ခူးပြီးရေစင်စင်ဆေး (တစ်ဖုတ်လုံးမရရင်လည်း ဗေဒါ
ရိုးပေါ့) ပြီးတော့ ဝက်သားသုံးထပ်သားနဲ့ရောချက်ရပါမယ်။ ငြုပ်သီး လုံးဝမထည့်ရပါ။
အဲဒါဝက်သားဗေဒါအချိုချက်ကို ဘီယာနဲ့ဆွဲရမှာပါ။ ကြိုက်သလောက်သောက်ပြီး များများစားပေးရပါမယ်။ ထမင်းနဲ့စားရင်ဟင်းဖြစ်ပေမဲ့ ရောဂါပျောက်ဖို့အတွက်က ဘီယာနဲ့သာတွဲသောက်ရမှာပါ။
အရက်နဲ့တွဲသောက်လို့မရပါ။ ထန်းရည်စစ်စစ်ဆိုရင် တွဲဖက်သုံးဆောင်နိုင်ပေမဲ့ တကယ်စစ်ဖို့လိုပါတယ်တဲ့။ ဒါ့ကြောင့် ဘီယာနဲ့တွဲဖက်သုံးဆောင်ခိုင်းတဲ့ မူရင်းဆေးအညွှန်းအတိုင်းသာ အကောင်းဆုံးလို့ ဆိုပါတယ်။
ပုံထဲမှာပါတဲ့ဗေဒါတွေလှီးနေသူကတော့ အဆောင်က ညီလေးတစ်ယောက်ပါ။ သူနဲ့အိမ်ရှင်လင်မယား
မကြာခဏအခုလိုချက်စားကြပါတယ်။ Prevention အနေနဲ့လည်းချက်ပြုတ်စားသောက်နိုင်တယ်လို့
ဆိုကြောင်းပါခင်ဗျား။
ဝေဒနာရှင်များ သက်သာပျောက်ကင်းကြပါစေ ... ။ ။
မှတ်ချက် - ဘီယာသောက်ဖို့မြှောက်ပေးတာမဟုတ်ပါ။
ဆေးနည်းမျှဝေရုံသက်သက်ပါ။
ပထမတင်တုန်းက ကျောက်ကပ်ရောဂါလို့ မှားရေးလိုက်
မိတယ်။ ကျောက်ကပ်ရောဂါမဟုတ်ပါ။ ဆီးကျောက်တည်
တဲ့ရောဂါကိုပြောတာပါ။
ရဲကျော်သူရ
Sign up here with your email
ConversionConversion EmoticonEmoticon