အယ်လ်နီညိုနှစ်တွေမှာ ကြောက်စရာကောင်းတဲ့ ကူးစက်ရောဂါပိုးတွေပေါ်တတ်ပါတယ်။


H1N1 Virus (1918-20)

၁၉၁၈ ခုနှစ် ဖျားနာကူးစက်ရောဂါ H1N1 ဟာ ၁၉၁၈ ခုနှစ် ဇန်န၀ါရီလမှ ၁၉၂၀ ဒီဇင်ဘာလအထိ ကမ္ဘာအနှံ့ကူးစက် ပျံ့နှံ့ဖြစ်ပွားခဲ့ရာ၊ ထူးထူးခြားခြားအသေအပျောက်များခဲ့ပါတယ်။ လူပေါင်းသန်း(၅၀၀)ခန့်ကူးစက်ခံခဲ့ရပြီး၊ လူသူအရောက်အပေါက်နည်းပါးပြီးဝေးကွာလွန်းသော ပစိဖိတ်သမုဒ္ဒယာကျွန်းစုများနဲ့ အာတိတ်ရေခဲပြင်ဒေသများအထိ ကူးစက်ခဲ့ပါတယ်။ လူပေါင်းသန်း(၅၀)မှ သန်း(၁၀၀)ခန့် အသက်ဆုံးရှုံးခဲ့ရပါတယ်။ (ထိုစဉ်အချိန်က ကမ္ဘာ့လူဦးရေရဲ့ ၃% မှ ၅% ခန့်သေကြေခဲ့ရခြင်းဖြစ်ပါတယ်)။ လူသားများရဲ့သမိုင်းတွင် အသေအေပျာက်အများဆုံးသော သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်လာပါတယ်။ 

အဆိုပါ H1N1 ဖျားနာကူးစက်ရောဂါပိုး(virus) မှာ ခြင်မှ ကူးစက်ပြန့်ပွားခြင်းဖြစ်ပြီး၊ ၁၉၁၈-၁၉၂၀ ခုနှစ်တွင်ဖြစ်ပွားခဲ့ရာ၊ အဆိုပါ ၁၉၁၈-၁၉၂၀ မှာ အားကောင်းသောအယ်လ်နီညိုနှစ်ဖြစ်ပါ တယ်။

ZIKA Virus (2015-16)

ခြင်မှကူးစကင်ပြန့်ပွားလာသော ZIKA Virus ဟာလည်း ယခုအခါ ကမြာအနှံ့ပြန့်ပွားလျက်ရှိ နေပါတယ်။ ၂၀၁၅ ခုနှစ်၊ မေလတွင် ပထမဆုံးသော ZIKA virus ပြန့်ပွားမှု case ကို အမေရိကန်တိုက်နယ်ဒေသများတွင် ကူးစက်ပြန့်ပွာေးနကြောင်း Brazil နိုင်ငံမှ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ ထို့နောက် Brazil နိုင်ငံတွင်လည်း ကူးစက်ရောက်ရှိလာခဲ့ပြီး၊ အရွယ်မရောက်သေးသော ကလေးသူငယ်များတွင် ZIKA virus ကြောင့် ဦးခေါင်းသေးရောဂါ(Microcephaly)ခံစားကြရပြီးအသက်သေဆုံးကြရကြောင်းတွေ့ရှိခဲ့ပါတယ်။ ယခုအခါ အမေရိကတိုက်နယ်ဒေသတွင်းရှိ နိုင်ငံပေါင်း(၂၀)ကျော် ရောဂါကူးစက်ပြန့်ပွာေးနပြီး၊ နောက်ပိုင်းတွင် အခြားသော တိုက်နယ်ဒေသများကိုပါ ကူးစက်ပြန့်နှံ့သွားမှာကို စိုးရိမ်နေရပါတယ်။

ZIKA virus ကူးစက်မခံရစေရန် အကောင်းဆုံးသော ကာကွယ်ရေးနည်းလမ်းမှာ ခြင်ကိုက်မခံရမိဖို့ နဲ့ ခြင်ပေါက်ပွားရာဒေသများကို နှိမ်နင်းဖို့ပဲဖြစ်ပါတယ်။ ပူနွေးစွတ်စိုသောရာသီဥတုများ တွင် ပေါက်ပွားသောခြင်များကြောင့်ဖြစ်ရခြင်းဖြစ်တယ်လို့ ပညာရှင်များမှတ်ချက်ပြုကြပါတယ်။ ၂၀၁၅ ခုနှစ်၊ ဘရာဇီးလ်နိုင်ငံတွင် ZIKA virus ကူးစက်မှုကို လူပေါင်း ၄၄၀ ၀၀၀ မှ ၁ ၃၀၀ ၀၀၀ ခန့်အထိ ခံစားနေကြောင်း WHO ကခန့်မှန်းထားပါတယ်။ ၂၀၁၅-၁၆ ခုနှစ်များဟာ အားကောင်းတဲ့ အယ်လ်နီညိုနှစ်များဖြစ်ကြပါတယ်။

ဒေါက်တာထွန်းလွင်
Previous
Next Post »
Powered by Blogger.