လူအုပ်စုဖြင့် မဲဆွယ်မှု ဥပဒေထုတ်ပြန်တားဆီးသင့်ဟု ဦးလှဆွေပြော


လူအုပ်စု၊ ယာဉ်တန်း ဖျော်ဖြေရေးတွေနဲ့ လှည့်လည် မဲဆွယ်စည်းရုံးတာကို စိတ်ပျက်မိကြောင်းနဲ့ ဥပဒေထုတ်ပြန် တားဆီးသင့်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်း ဦးလှဆွေက ပြောပါတယ်။

နိုဝင်ဘာ ၃ ရက်နေ့က မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလှဆွေဟာ ယဉ်တန်းတွေ၊ လူအုပ်စုတွေနဲ့ မဲဆွယ်စည်းရုံးရေးသွားခဲ့ပြီးနောက် အခုလို ပြောကြားလိုက်တာပါ။

“ကျနော်စိတ်အရင်းအမှန်ဆိုရင် ဒီလိုမျိုးပွဲကြီးတွေလိုက်ပြီးတော့ ဖျော်ဖြေရေးကြီးတွေ လုပ်နေရတာဟာ စိတ်ပျက်စရာကြီး၊ ဒါပေမယ့် နိုင်ငံတာကာမှာလည်း ဒီလိုမျိုးရှိနေတော့ ခက်တာပေါ့ဗျာ။ ဒီပိုက်ဆံတွေကို အကျိုးရှိတဲ့နေရာတွေမှာသာ သုံးမယ်နိုင်ရင် သိပ်ကောင်းမှာပဲလို့ ကျနော်တွေးမိတယ်။ တဖြည်းဖြည်းနဲ့ ဒါမျိုးတွေ စိတ်ပျက်စရာပဲလို့ ကျနော်မြင်တယ်။ လူအုပ်ကြီးတွေက သွားနေတာတွေ သိပ်မနှစ်မြို့ဘူး၊ သူတို့ဟာ သူတို့ ကြိုက်ရင်ထည့် မကြိုက်ရင်နေ၊ ဘယ်သူ့မှ မဲမဆွယ်နဲ့ဆို ပိုကောင်းတယ်။ ဒါမှမဟုတ်ရင် စာရွက်တွေဝေ။ လူအုပ်ကြီးနဲ့ သွားရင် မရဘူးဆိုပြီး ဥပဒေပြဋ္ဌာန်းရင်ကောင်းမယ်လို့ ထင်တယ်။ ဒါကြီးက စိတ်ပျက်စရာပဲ။”

မကွေးတိုင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁၂) မှာ ကြံ့ခိုင်ရေးပါတီက ဦးလှဆွေနဲ့ အတူ အမျိုသားဒီမိုကရစီအဖွဲ့ချုပ်က ဦးပြူးလွင်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ဦးဖေညို၊ နဲ့ တသီးပုဂ္ဂလအမတ် ဦးမြင့်အောင်တို့ ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၅ ရက်နေ့မှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ အနုပညာရှင်တွေ လာရောက်ဖျော်ဖြေပြီး မဲဆွယ်စည်းရုံးကြမှာ ဖြစ်ပါတယ်။

အန်အယ်လ်ဒီနဲ့ အဓိက ယှဉ်ပြိုင်ရမယ့်အခြေအနေအပေါ် ဦးလှဆွေက “ကျနော်တို့ ဂန့်ဂေါမှာက အဖြေထွက်ပြီးသားလေ။ နိုဝင်ဘာ ၈ ရက် ကျော်လာတာကြာပြီ။ မြင်တဲ့အတိုင်းပဲ။ ဂန့်ဂေါသူ ဂန့်ဂေါသားတွေက မအားကြပါဘူး။ သူတို့ဒေသကို ဘယ်သူ အမှန်တကယ် အကျိုးဖြစ်ထွန်းစေသလဲဆိုတာ သူတို့ ရွေးချယ်တတ်ပါတယ်။ ဒါကြောင့်မို့ ကျနော်က နိုဝင်ဘာ ၈ ရက်က ကျနော့်အနေနဲ့ ကျော်သွားပြီ၊ အဖြေက ထွက်ပြီးသားပါလို့ ပြောချင်တယ်” လို့ ဆိုပါတယ်။

DVB

ConversionConversion EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng
Powered by Blogger.