မှတ်တမ်းသေတ္တာမှ ရုရှားလေယာဉ်ပျက်ကျမှု သိရှိရေး အာဏာပိုင်များ ကြိုးပမ်း







ပြီးခဲ့တဲ့တပတ်က အီဂျစ်နိုင်ငံမှာ ပျက်ကျသွားတဲ့ ရုရှားလေကြောင်းလိုင်းလေယာဉ်နဲ့ ပတ်သက်ပြီး လေယာဉ်ပျက်ကျမှု စုံစမ်းရေးအာဏာပိုင်တွေက လေယာဉ်ပျံသန်းမှု မှတ်တမ်းတင် သေတ္တာတွေရဲ့ အချက်အလက်တွေ ထုတ်နိုင်ရေး အာရုစိုက်နေကြပါတယ်။

ဆိုင်းနိုင်းအခြေစိုက် အိုင်အက်စ်အကြမ်းဖက်တွေက ဒီလေယာဉ်ကို ဖျက်ချခဲ့တာလို့ တာဝန်ခံကြေညာပေမယ့် အီဂျစ်အာဏာပိုင်တွေက ငြင်းဆန်ထားပါတယ်။

ဒီလေယာဉ်ပျက်ကျမှုနဲ့ပတ်သက်ပြီး စုံစမ်းရေးအာဏာပိုင်တွေက လေယာဉ်ပျက်ကျရတဲ့အကြောင်းရင်းကို တရားဝင်ထုတ်ပြန်နိုင်ခြင်းမရှိသေးတဲ့အချိန်မှာ သုံးသပ်ပြောဆိုမှုတွေကတော့ အမျိုးမျိုးထွက်ပေါ်နေတာပါ။

အီဂျစ်သမ္မတ စီစီက လေယာဉ်ပျက်ကျရတဲ့အကြောင်းရင်း ပြောဆိုဖို့ စောသေးတယ်လို့ ဆိုပါတယ်။

ရုရှားလေကြောင်းကျွမ်းကျင်သူအဖွဲ့တဖွဲ့နဲ့ ဒီပျက်ကျသွားတဲ့လေယာဉ်ကို မှတ်ပုံတင်ထားတဲ့ အိုင်ယာလန်နိုင်ငံက အဖွဲ့တဖွဲ့ပါ အီဂျစ်စုံစမ်းရေးအာဏာပိုင်တွေကို လာရောက်ပူးပေါင်းတယ်လို့ အီဂျစ်အာဏာပိုင်တွေက ပြောပါတယ်။

လေယာဉ်ဟာ အီဂျစ်နိုင်ငံ၊ ရှမ်အယ်ရှိက် Sharm el-Sheikh အပန်းဖြေကမ်းခြေမြို့ကနေ ရုရှားနိုင်ငံ၊ စိန့်ပီတာဘတ်မြို့ St Petersburg ကို ပျံသန်းရင်း ဆိုင်းနိုင်းအလယ်ပိုင်းမှာ ပျက်ကျခဲ့တာပါ။

လေယာဉ်ပေါ်ပါသူ ၂၂၄ ဦးလုံး သေဆုံးခဲ့ပြီး အများစုဟာ ရုရှားကမ္ဘာ့လှည့်ခရီးသွားတွေဖြစ်ကြပါတယ်။

လေယာဉ်မှတ်တမ်းသေတ္တာတွေကနေ လေယာဉ်ပျက်ကျရတဲ့အကြောင်းရင်းအမှန်ကို သိရှိနိုင်မယ်လို့ လေယာဉ်ပျက်ကျမှု စုံစမ်းရေး ကျွမ်းကျင်သူတွေက မျှော်လင့်နေကြပါတယ်။

DVB
Previous
Next Post »

ConversionConversion EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng
Powered by Blogger.