မြန်မာနိုင်ငံအတွင်းသို့ ယူဆောင်လာသောဖုန်းဖြင့် စတင် ဆက်သွယ်မည်ဆိုပါက MPT GSM, MPT, MM 900 စသည့် ကွန်ရက်များကို ရွေးချယ် ရမည်ဖြစ်သည်။ မိမိ အသုံးပြုသည့် ဖုန်း၏ သက်ဆိုင်ရာ အော်ပရေတာမှ ကျသင့်ငွေကို ကောက်ခံမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသို့ ရောက်ရှိစဉ် ပြည်ပဖုန်းများ အသုံးပြုနိုင်မည့် စာရင်းကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဝက်ဘ်ဆိုက်ဖြစ်သည့် www.mpt.com.mm တွင် ထုတ်ပြန်ထားကြောင်း သိရသည်။
အသုံးပြုနိုင်သည့် စာရင်းများအရ တစ်နိုင်ငံလျှင် အော်ပရေတာတစ်ခု ရှိသကဲ့သို့ လေးခုအထိရှိသည်ကိုလည်း တွေ့ရသည်။ မြန်မာနိုင်ငံရောက်စဉ် ပြည်ပဖုန်းများ အသုံးပြုနိုင်မှုတွင် အိမ်နီးချင်းနိုင်ငံများလည်း ပါဝင်သကဲ့သို့ ဥရောပနိုင်ငံအများစုလည်း ပါဝင်သည်ကိုတွေ့ရသည်။ ယင်းအပြင် အာဆီယံနိုင်ငံများလည်း ပါဝင်သည်။
သြစတြေးလျ၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ တရုတ်၊ ပြင်သစ်၊ ဂျာမနီ၊ ဟောင်ကောင်၊ ဟန်ဂေရီ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ အီတလီ၊ ဂျပန်၊ လာအို၊ မလေးရှား၊ နော်ဝေး၊ နယူးဇီလန်၊ ဖိလစ်ပိုင်၊ ပိုလန်၊ စင်ကာပူ၊ စပိန်၊ ထိုင်း၊ ဗီယက်နမ်၊ အမေရိကန် အစရှိသည့် နိုင်ငံပေါင်း ၆၀ ဝန်းကျင်မှ အော်ပရေတာများ MPT ကွန်ရက်အတွင်း အသုံးပြုနိုင်မည်ဖြစ်သည်။
MPT ကွန်ရက်အနေဖြင့် International Roaming Outbound သွားရောက်သုံးစွဲနိုင်သော နိုင်ငံ ၃၅ နိုင်ငံ၊ အော်ပရေတာ စုစုပေါင်း ၃၇ ခုရှိကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ ထုတ်ပြန်ခဲ့ဖူးသည်။ အဆိုပါနိုင်ငံများတွင် အိမ်းနီးချင်းနိုင်ငံများဖြစ်သည့် ထိုင်း၊ စင်ကာပူ၊ လာအို၊ ကမ္ဘောဒီးယား အစရှိသည်တို့ ပါဝင် သကဲ့သို့ ပြင်သစ်၊ ဂျာမနီ၊ ရုရှား၊ အီဂျစ် အစရှိသည့် နိုင်ငံများလည်း ပါဝင်သည်ကို တွေ့ရသည်။
ထွန်းထွန်း - Internet Journal
Sign up here with your email
ConversionConversion EmoticonEmoticon