ထောင်တစ်လကျသော အသက် (၈၂) နှစ် အရွယ် အဘွားအို ထပ်မံတရားစွဲခံရ


ထောင်ဒဏ်တစ်လပြစ်ဒဏ်ကျခံပြီး ပြန်လွတ်လာသည့် အသက် (၈၂) အရွယ်အဘွားအိုအပါအ၀င် ရွာသား ၁၂ ဦးအား နေပြည်တော်စည်ပင်သာ ယာရေးကော်မတီက ထပ်မံတရားစွဲဆိုထားကြောင်း သတင်းရရှိ သည်။

နေပြည်တော်ကောင်စီ လယ်ဝေးမြို့နယ်၊ ရှမ်းစုကျေးရွာ၊ ဆင် အုံကြို့ပင်ရွာမှ ကွင်းအမှတ် (၁၈၄၄) ကွင်းကို နေပြည်တော်စည်ပင်သာယာရေးကော်မတီက ဒက္ခိဏ ၉၂၀ကွင်း မြို့သစ်စီမံကိန်းအတွက် မြေကွက်များ
ဖော်ထုတ်ရန်ဟုဆိုကာ ၂၀၀၇ မှစ၍ သိမ်းဆည်းပြီး တောင်သူများကို ဖယ်ရှားစေခဲ့သည်ဟု တောင်သူ များထံမှ သတင်းရရှိသည်။

တောင်သူများဖယ်ရှားပေးမှု မရှိသည့်အတွက် နေပြည်တော် စည်ပင်သာယာရေးကော်မတီက အသက် (၈၂)နှစ်အရွယ် တောင်သူ ဒေါ်ညိုနှင့် ရွာသား၁၂ ဦးအား စည်ပင်ပုဒ်မ ၂၆ ဖြင့် ၂၀၁၂တွင် စတင်တရားစွဲ ဆိုခဲ့ကာ ၂၀၁၄ တွင် ပြစ်ဒဏ်များ အသီးသီးချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

‘‘ပထမတော့ အမေ့လယ်ထဲ အမေနေတာကို ကျူးကျော်တယ် တဲ့၊ ကျူးကျော်တယ်ဆိုပြီး ပုဒ်မ ၂၆ တပ်ပြီး တရားစွဲတယ်။ ၂ နှစ် လောက် ရုံးတက်ရတယ်။ တရားစွဲတဲ့ကာလအတွင်းမှာ ဖယ်မပေးလို့ဆိုပြီး ပြစ်ဒဏ် ချတယ်။ အမေ့ကို ပြစ်ဒဏ်ထောင်ဒဏ်တစ်လ ပြစ် ဒဏ်ချတယ်။ အခုပြန်လွတ်လာ တယ်။ ပြန်လွတ်လာပြီး ရက်နှစ် ဆယ်လောက်မှာ ပြန်စွဲတယ်’’ဟု ဒေါ်ညိုက ပြောသည်။

စီမံကိန်းနယ်မြေမှ ဖယ်ရှား ပေးမှုမရှိသည့်အတွက် ဒေါ်ညို အား ၂၀၁၄ စက်တင်ဘာတွင် စည်ပင်ပုဒ်မ ၂၆ ဖြင့် ထောင်ဒဏ် တစ်လကျခံစေခဲ့ပြီး ထောင်မှ ပြန် လွတ်လာပြီး ရက်နှစ်ဆယ်ခန့်တွင် ပုဒ်မ ၂၇ ဖြင့် ထပ်မံ တရားစွဲဆို လိုက်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

‘‘အမေတို့က ဒီနေရာမှာပဲ နှစ်ပေါင်းလေးဆယ်လောက်ရှိပြီ၊ ကိုယ့်လယ်ထဲပဲ ကိုယ်တဲထိုးပြီး တော့ နေတာ။ လယ်ဘုတ်ပိုင် တွေလည်း အကုန်ရှိတယ်။ ဒီရုံး မှာလည်း အကုန်တင်ပြပြီးပြီ၊ နိုင်ငံတော်ကို စပါးဆောင်ရ တယ်။ စပါး၁၅၀ လောက်မှာ တစ်ပြည်လောက်လိုနေရင်တောင် သွားပို့ရတယ်။ တစ်ပြည်မပို့လို့ရှိရင် ဖြတ် ပိုင်း မပေးဘူး။ ဒေါ်ညိုတိုင်ကျိုးကြေ ပါတယ်လို့ ဖြတ်ပိုင်းမပေးလို့ တစ်ပြည်လောက်အရင်သွားပို့ရ တယ်။ အဲဒီလိုတွေ အမေနိုင်ငံတော်ကို ဆောင်ခဲ့ရတာအမျိုးမျိုးပဲ၊ အဲဒါ အမေ့ကို ထောင်တစ်လချတာပဲ’’ဟု ဒေါ်ညို က ပြောသည်။

ဒေါ်ညိုကဲ့သို့ပင် ရွာသား ၁၂ ဦးမှာလည်း ထပ်မံတရားစွဲဆိုခံထားရသည့်အတွက် တရားရုံးချိန်းသွားနိုင်ရန် ခရီးစရိတ်နှင့် မိသားစုဝမ်းစာအတွက် ပတ်ဝန်းကျင်ရှိ အိမ်ရာတည်ဆောက်ရေးလုပ် ငန်းများတွင် နေ့စားအ လုပ်ဖြင့် ရပ်တည်နေရကြောင်း တောင်သူ ဦးသိန်းရွှေက ပြောသည်။

‘‘လယ်တွေလည်း မရှိတော့ ဘာမှလုပ်စားစရာမရှိတော့ဘူး။ လုပ်စားစရာမရှိတော့ နေ့စား လိုက်နေရ တယ်။ တစ်နေ့မှ သုံး ထောင့်ငါးရာပဲရတယ်။ ဒါလေးနဲ့ ပဲ မိသားစုရပ်တည်နေရတယ်’’ဟု ဦးသိန်းရွှေက ပြောသည်။

တောင်သူများ၏ လယ်ကွက်များ စတင်သိမ်းဆည်းဖယ်ရှားခဲ့စဉ်က သီးနှံလျော်ကြေးအဖြစ်သာ ကုန်းတစ် ဧကလျှင် ကျပ်နှစ်သိန်းခွဲ၊ လယ်တစ်ဧကလျှင် သုံးသိန်းခွဲဖြင့် လျော်ကြေးပေးခဲ့ပြီးမြေကွက်လျော်ကြေးအဖြစ် ပေးချေခဲ့ခြင်းမရှိကြောင်း တောင်သူ များက ပြောသည်။

တောင်သူများ လယ်ယာမြေ သိမ်းဆည်းခံရမှုနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးအပါအ၀င် ဒက္ခိဏမြို့ နယ်ခရိုင်အုပ်ချုပ်ရေး မှူးရုံး၊ မြို့နယ်ရုံးများသို့ အသနား ခံစာလေးကြိမ်တင်ပြခဲ့ပြီးသော်လည်း လာရောက်ဖြေ ရှင်းဆောင်ရွက်ပေးမှုမရှိကြောင်း သတင်းရရှိသည်။

‘‘အမေကတော့ အခုခံစား ချက်အတိုင်းပဲ ကနေ့ နေစရာပေး ရင် ကနေ့ရွှေ့ပေးလိုက်မယ်။ အ မေ့ကို နေစ ရာမပေးတော့ အမေ က ဘယ်သွားနေရမလဲ၊ အမေက နှစ်ပေါင်းလေးဆယ်ကျော်လာပြီ နေလာခဲ့တာ။ ဒါပဲ အမေပြောချင် တယ်’’ဟု ဒေါ်ညိုက ပြောသည်။

သမ္မတ တိုက်ရိုက်အုပ်ချုပ် သည့် နေပြည်တော်ကောင်စီနယ် မြေတွင် ဖေဖော်ဝါရီ ၂၈ ရက်က လည်း လယ်ဝေးမြို့နယ်၊ သမာပင်ကုန်းကျေးရွာ ကွင်းအမှတ် (၆)၊ နယ်မြေ (၁၃) ၌ နေထိုင်သည့် အသက် (၈၈)နှစ်ရှိ အဘွားအိုတစ် ဦးအား နေပြည်တော်စည်ပင်သာယာရေးကော်မတီက ကျူး ကျော်နေထိုင် သည်ဟု ဆိုကာ စည်ပင်ပုဒ်မ ၂၆ ဖြင့် တရားစွဲဆိုခဲ့ကာ ထောင်ဒဏ်တစ်လ ချမှတ်ခဲ့သည်။

နန်းအောင် 7Day
Previous
Next Post »
Powered by Blogger.