(၁၁း၂၇ လက်ပံတန်း)
လုံခြုံရေးစည်း အချင်းချင်းထိတွေ့ရာမှာ တွန်းထိုး ရုန်းရင်းဆန်ခတ်မှု အနည်းငယ်ဖြစ်ပွားခဲ့ပြီး ခဏကြာပြန်လည် ငြိမ်သက်သွားခဲ့ပါတယ်။ ရုန်းရင်းဆန်ခတ်ဖြစ်တုန်းက အနောက်ကနေ ကျောင်းသားသမဂ္ဂ တံဆိပ်ကပ်ထားတဲ့ စွမ်းအားရှင်တချို့က ကျောင်းသားယောင်ဆောင်ပြီး ခဲနဲ့ပေါက်မှု ရှိခဲ့ပြီး လုံခြုံရေးစည်းချင်း တွန်းထိုးစဉ်မှာ ကျောင်းသူတယောက် အရိုက်ခံ ထိခိုက်မှုရှိခဲ့ပါတယ်။ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တုန်းက ရဲတွေဘက်က နံပါတ်တုတ် သုံးခဲ့သလို ရဲလုံခြုံရေးဘက်က ထွက်ကျလာတဲ့ ဂုံးသီးတွေကိုလည်း တွေ့ရှိရပါတယ်။
အဲဒီ့အချိန်က နှစ်ဖက်အပြန်အလှန်လုံခြုံရေးစည်းယူရာမှာ တဘက်က ရဲမေတွေကိုအများဆုံး ရှေ့တန်းမှာ နေရာယူထားသလို တဖက်မှာလည်း ကျောင်းသူတွေက မျက်နှာချင်းဆိုင် လုံခြုံရေးစည်းယူထားကြတာပါ။
အဲဒီ့နောက် လုံခြုံရေးစည်းယူထားတဲ ရဲမေတွေ နောက်ဆုတ်ပြီး ရဲသားတွေက ရှေ့တန်းနေရာယူထားပါတယ်။
(၁၁း၃၀ လက်ပံတန်း)
၁၁ နာရီ ခွဲ ရဲနဲ့ကျောင်းသား ထိပ်တိုက်တွေ့ ပါတယ်။ ရဲကလည်းရှေ့တိုး တယ်။ကျောင်းသားကလည်းရှေ့တိုးတယ် နှစ်ဖက်ဆိုင်ပြီးထိပ်တိုက်တွေ့တဲ့အချိန်မှာဘေးကလူတွေက ရဲတွေကိုခဲနဲ့ ဝိုင်းပေါက်တယ် အခုနောက်ဆုံး ရဲတွေကနောက်ဆုတ်သွားတယ်။
ရဲတွေဘက်ကရဲမေတွေကိုရှေ့တန်းတင်ပြီးတားတယ် ကျောင်းသားတွေဘက်ကလည်း ကျောင်းသူတွေကို ရှေ့တန်းတင်ပြီးရှေ့တိုးရာကနေနှစ်ဘက်တိပ်တိုက်တွေ့တာဖြစ်တယ်လို့သိရပါတယ် ။
(မနက် ၁၂း၀၀ နာရီ)
ကျောင်းသားများ ခဲနဲ့ ပေါက်၍ ရဲမေ ၂ ဦး ခေါင်းကွဲ၁၁ နာရီ ခွဲ ရဲနဲ့ကျောင်းသား ထိပ်တိုက်တွေ့ ပါတယ်။ ကျောင်းသားကရှေ့တိုးတယ် ရဲကလည်းရှေ့တိုးတယ်၊ နှစ်ဖက်ဆိုင်ပြီးထိပ်တိုက်တွေ့တဲ့အချိန်မှာ ဘေးကလူတွေက ရဲတွေကိုခဲနဲ့ ဝိုင်းပေါက်တယ်။ကျောင်းသားတွေက ဘေးကရပ်ကြည့်တဲ့ လူထုထဲ ရောဝင်ပြီး ခဲနဲ့ ပေါက်နေကြတယ် ပြောပါတယ်။ကျောင်းသားတွေ ခဲနဲ့ပစ်လို့ ရဲမေ ၂ ဦး ခေါင်းကွဲသွားပါပြီ။ အခုတော့ ကျောင်းသားရော ရဲရော နောက်ဆုတ်သွားပါပြီ။
ပြည်သူတွေက ရဲတွေကိုခဲနဲ့ ဝိုင်းပေါက်တယ် အခုနောက်ဆုံးရဲတွေက နောက်ဆုတ်သွားတယ်။သပိတ်မှောက်ကျောင်းသားများနှင့်လုံခြုံရေးများ ထိပ်တိုက်တွေ့ ဆုံ၍ ရုန်းရင်းဆန်ခတ်ဖြစ်ပွားကျောင်းသူ တစ်ဦး နံပါတ်တုတ်ဖြင့် အရိုက်ခံရ။
(၁း ၃၀ လက်ပံတန်း)
လက်ပံတန်း သပိတ်မှောက်ကျောင်းများကိုရဲတပ်ဖွဲ့ဝင်များ ကဆက်လက် တားဆီကာ ကျောင်းသားများကတော့လက်ရှိ ထိုင်သပိတ်၊ အစာငတ်ခံသပိတ် များပြုလုပ်နေပြီး ရဲများက ၆နာရီအတွင်းလူစုခွဲရန် သတိပေးကြေညာထားသည်။
ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ
Sign up here with your email
ConversionConversion EmoticonEmoticon