သာယာဝတီအထက (၁)ကျောင်း ပထမတန်းစာမေးပွဲ မြန်မာစာမေးခွန်းတွင်‘တပည့် ၀တ်’ခေါင်းစဉ်နှင့် စာသားလွဲမှား နေခြင်းကို မတ်လ ၁ရက်(ယနေ့) တွင် စတင်စုံစမ်းစစ်ဆေးမည်ဖြစ် ကြောင်းအမှတ်(၁) အခြေခံပညာ ဦးစီးဌာနမှသတင်းရရှိသည်။
အထက(၁)သာယာဝတီ တွင်ဖေဖော်ဝါရီ ၂၇ရက်က ပထမ တန်းပုံမှန်စစ်ဆေးမှုလပတ်စာ မေးပွဲမြန်မာ စာမေးခွန်း၏ ခုနစ် မှတ်ခွဲတန်မေးခွန်း၌ လက်ရေး လှကူးရေးရန် ပေးထားသည့် စာပုဒ်တွင် ခေါင်းစဉ်မှာ ‘တပည့် ၀တ်’ဖြစ်ပြီးအတွင်း၌ ‘သားသမီး ၀တ်’၏ စာသားများကိုထည့်သွင်း မေးမြန်းခဲ့ခြင်းဖြစ်သည်။
အဆိုပါမေးခွန်းလွှာကို ရိုက် ကူးထားသည့်ဓာတ်ပုံများ လူမှု ကွန်ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာ များ၌ ပျံ့နှံ့ လာခဲ့ပြီးနောက် ပညာ ရေးစနစ်ပြုပြင်ပြောင်းလဲရန် မ ဖြစ်မနေလိုအပ်နေကြောင်း ဖြန့် ဝေသူများက ဝေဖန်ပြောကြား သည်။
သာယာဝတီခရိုင်ပညာရေး မှူးရုံးမှ စစ်ဆေးရေးအဖွဲ့ကအဆို ပါ ဖြစ်စဉ်နှင့်ပတ်သက်သည့် အ ထက(၁)မှ ကျောင်းအုပ်အပါအ ၀င် စာစစ်အဖွဲ့၊ မေးခွန်းပြုစု သည့်ဆရာ၊ စာစီစာရိုက်တို့ကို စစ်ဆေးမည်ဖြစ်ကြောင်း သိရ သည်။
‘‘ဒီကိစ္စနဲ့ ပတ်သက်လို့ ပတ် သက်တဲ့သူတွေအားလုံးကို စုံစမ်း စစ်ဆေးမှုတွေပြုလုပ်သွားမယ်။ အရေးယူ တာတော့ ပြင်းပြင်းထန် ထန်မဖြစ်လောက်ပါဘူး။ ဒါက မေးခွန်းထုတ်တဲ့ဆရာ သတိမ ထားမိသွားတာ။ ပြန်စစ်တဲ့အဖွဲ့ က မမြင်လိုက်တာမျိုးပါ’’ဟု အ မှတ်(၁)အခြေခံပညာဦးစီးဌာနအဆင့်မြင့်အရာရှိတစ်ဦး ကပြော သည်။
ယခု ပညာသင်နှစ်တွင် အခြေခံပညာအဆင့်အလိုက် မူ လတန်းအောက်ဆင့် သူငယ်တန်း နှင့် ပထမတန်း တို့၌ သင်ကြား ပြီးစီးမှုအပေါ် ပုံမှန်စစ်ဆေးမှုနှင့် ဒုတိယအတွက် နှစ်ဆုံး၊ အခန်း ဆုံးစစ်ဆေးမှုကို ဖေဖော် ၀ါရီ ၂၇ ရက်တွင် တစ်နေ့နှစ်ဘာသာနှုန်း စစ်ဆေးခဲ့ခြင်းဖြစ်သည်။
ဇော်မျိုးလှိုင် | 7 Day
Sign up here with your email
ConversionConversion EmoticonEmoticon