တောင်ကြီးမီးပုံးပျံထပ်မံပြုတ်ကျ၍ ကလေးငယ်တစ်ဦးသေဆုံး

တောင်ကြီးမီးပုံပျံပြိုင်ပွဲမြင်ကွင်း (ဓာတ်ပုံ - တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံချစ်သူများ)
တောင်ကြီးတန်ဆောင် တိုင်ပွဲတော်(၆)ရက်မြောက်ည တွင် ရာသီဥတုဆိုးရွားမှုကြောင့် မီးပုံးပျံတစ်လုံး ထပ်မံပြုတ်ကျပြီး ကလေးငယ်တစ်ဦးသေဆုံးသွား ကြောင်း သတင်းရရှိသည်။

ပွဲတော်(၆)ရက်မြောက်ည နိုဝင်ဘာ ၄ရက် ညဥ့်သန်းခေါင်ယံ တွင် ရောင်စုံလူငယ်အဖွဲ့ကလွှတ် တင်လိုက် သည့် မီးကျည်မီးပုံးပျံ သည် ပေငါးရာအမြင့်ခန့်မှပြုတ် ကျသွားခြင်းဖြစ်ပြီး ပွဲခင်းအပြင် ဘက်ဈေးဆိုင်တန်း အနီးရှိ တဲပေါ် သို့ ပြုတ်ကျရာကလေးငယ်တစ်ဦး မီးလောင်သေဆုံးသွားကြောင်း ဒေသခံများကပြောသည်။

‘‘ကလေးတစ်ယောက် သေ သွားတာဟုတ်တယ်။ ပွဲခင်းထဲမှာ တော့မဟုတ်ဘူး။ အပြင်ဘက်မှာ ပါ’’ဟု
တောင်ကြီးတန်ဆောင် တိုင်ပွဲတော် လုံခြုံရေးကွပ်ကဲရေးရုံးမှ ရဲအရာရှိတစ်ဦးကအတည်ပြု ပြောကြား သည်။

မီးပုံးပျံစလွှတ်လွှတ်ချင်းနေ ရာတွင် မီးသတ်ကားများအသင့် အနေအထားဖြင့် လုံခြုံရေးအလုံ အလောက် ထားစောင့်ကြည့်နေ ကြောင်း၎င်းကပြောသည်။

တောင်ကြီးလူငယ်အဖွဲ့မှ ကိုစိုင်းရန်နောက်က မီးပုံးပျံကို အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ပြီး ပေငါးရာခန့် အရောက်တွင် ရာသီ ဥတုဆိုးရွားမှုကြောင့် ပြုတ်ကျ သည့်မတော်တဆမှုဖြစ်ကြောင်း ပြောသည်။

‘‘ကျွန်တော်တို့ လူငယ်တွေ လည်းစောင့်ပေးနေတယ်။ ပွဲခင်း ထဲမှာ ဘာပြဿနာမှမရှိဘူး။ မိုးရွာပြီး ကွင်း အပြင်ဘက်ကိုကျ သွားတာ’’ဟု ၎င်းကပြောသည်။

နိုဝင်ဘာ ၄ရက် ညကမီးပုံးပျံဆယ်လုံးခန့်လွှတ်တင်ရန် ပြင်ဆင်ထားသော်လည်း လေး လုံးကိုအောင်မြင် စွာလွှတ်တင်နိုင် ခဲ့ပြီး သုံးလုံးမှာ ရာသီဥတုဆိုးရွား မှုကြောင့် မအောင်မြင်ခဲ့ပေ။ ကျန် သုံးလုံးမှာမူ လွှတ် တင်ရန်ပြင်ဆင် ပြီးကာမှ ပြန်ရုပ်သိမ်းခဲ့ရသည်။

နိုဝင်ဘာ ၁ ရက် အစောပိုင်းကလည်း ခွန်တန်ညမီးကျည်အမျိုးအစားမီးပုံပျံတစ်လုံးပေနှစ်ရာခန့်အမြင့် မှ ပြုတ်ကျမှုကြောင့် ပရိသတ်နှစ်ဦးသေဆုံးခဲ့ရပြီးလူ ၁၃ ဦးဒဏ်ရာရှိခဲ့သည်။ ယခုရက်ပိုင်းတွင် ရှမ်းပြည် နယ်အပါအ၀င် ဒေသအချို့၌ မိုးသည်းထန်စွာရွာသွန်းနေခြင်းကြောင့် မီးပုံးပျံလွှတ်ရာတွင် အခက်အခဲ ရှိနေကြောင်း သတင်းရရှိသည်။ သို့သော်ပွဲတော်မှာမူ ယခင်နှစ်များအတိုင်း ပုံမှန်စည်ကားနေကြောင်း ကိုစိုင်း ရန်နောင်ကပြောသည်။

အောင်သစ်လွင် ၊ ဖြူဖွေးသန့် | 7day


ConversionConversion EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng
Powered by Blogger.