အနိမ့်ဆုံးလုပ်ခ တစ်ရက် ၃,၆၀၀ ကျပ် မပေးနိုင်သော လုပ်ငန်းရှင်များ လက်ထောင်ခိုင်းရာ လုပ်ငန်းရှင်အားလုံးက လက်ထောင်နေစဉ် (ဓာတ်ပုံ − ထက်အာကာ) |
အဆိုပါ ဆွေးနွေးပွဲတွင် တရုတ်အထည်ချုပ်စက်ရုံ ၃၀ ကျော်နှင့် ကိုရီးယား အထည်ချုပ် စက်ရုံ ၆၀ ကျော်တို့ ရပ်နားမည်ဟု ထုတ်ဖော်ပြောကြားခဲ့သော်လည်း နိုင်ငံသားပိုင်စက်ရုံများကမူ အလုပ်သမားများနှင့် လက်တွဲ၍ လုပ်ငန်းဆက်လက်လည်ပတ်သွားမည်ဖြစ်ပြီး ရပ်တည်ရန်မဖြစ်နိုင်တော့သည့် အချိန်မှသာ စက်ရုံပိတ်သိမ်းမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
‘‘တစ်ရက်လုပ်ခငွေ ၃,၆၀၀ ကျပ်ကို အစိုးရက အတည်ပြု လိုက်မယ်ဆိုရင် ၉ လပိုင်းမှာ စက်ရုံပိတ်သွားဖို့ စီစဉ်နေပါတယ်’’ဟု တရုတ်အထည်ချုပ်စက်ရုံလုပ် ငန်းရှင်များကိုယ်စား အထည်ချုပ် လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် မစန္ဒာက ပြောသည်။
အနည်းဆုံး အခကြေးငွေ သတ်မှတ်ခြင်းဆိုင်ရာ အမျိုးသား ကော်မတီက ထုတ်ပြန်ကြေညာ ထားသည့် တစ်ရက်လုပ်ခအဆိုပြုနှုန်း ၃,၆၀၀ ကျပ်နှင့် ပတ်သက်၍ အထည်ချုပ် လုပ်ငန်းရှင်များ၏ သဘောထား ရယူခဲ့ရာ တက် ရောက်လာသူ လုပ်ငန်းရှင်အား လုံးနီးပါးက ကန့်ကွက်ခဲ့ကြပြီး အ ဆိုပါ နိုင်ငံခြားသားပိုင်စက်ရုံများ က လုပ်ငန်းလည်ပတ်မှု ရပ်နား မည့်အချိန်ကာလကို သတ်မှတ် ကြေညာခဲ့ခြင်း ဖြစ်သည်။
အဆိုပါဆွေးနွေးပွဲတွင် တက်ရောက်လာသော ပြည်တွင်း၊ ပြည် ပအထည်ချုပ်လုပ်ငန်းရှင် ၁၄၅ ဦးရှိပြီး ကျပ် ၃,၆၀၀ မပေးနိုင်သော စက်ရုံများနှင့် လုပ်ငန်းဆက်လက် လည်ပတ်နိုင်ခြင်းမရှိသော စက်ရုံ ပိုင်ရှင်များအား လက်ထောင်၍ သဘောထားရယူခဲ့ရာ အားလုံးနီး ပါးက လက်ထောင်၍ မတတ်နိုင် ကြောင်း ဆန္ဒပြုခဲ့ကြသည်။
ပိတ်သိမ်းမည် ဆိုသော တရုတ်အထည်ချုပ် စက်ရုံများ တွင် အလုပ်သမားဦးရေ ခုနစ် သောင်းခန့်နှင့် ကိုရီးယားအထည်ချုပ်စက်ရုံများတွင် အလုပ်သမားဦးရေ တစ်သိန်းလေးသောင်းခန့်ရှိသည့်အတွက် စုစုပေါင်း နှစ်သိန်းခန့်မှာ အလုပ်လက်မဲ့ရှိလာနိုင်၍ ယင်းအပေါ်စိုးရိမ်ပူပန်မိကြောင်း ဒေါ်စန္ဒာက ပြောသည်။
အဆိုပါအထည်ချုပ်စက်ရုံ လုပ်ငန်းများအနေဖြင့် တစ်ရက် လုပ်ခငွေကျပ် ၂,၅၀၀ သာ အမြင့် ဆုံးပေးနိုင်ပြီး ယင်းနှုန်းထားထက် ပိုမိုပေးရမည်ဆိုပါက အစိုးရ ဘက်က ဖြေလျှော့မှုများနှင့် ထောက်ပံ့ကူညီပေးမှုများ လိုအပ်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။
‘‘အခုအခြေအနေက အစိုးရ ရဲ့ ထောက်ပံ့ကူညီမှုမပါဘဲ ဆက်လက်ရပ်တည်ဖို့ မဖြစ်နိုင်ဘူး။ လုပ်ငန်းရှင်တွေ အသက်ရှူချောင် ဖို့ အပေါက်တွေဖောက်ပေးရ မယ်’’ဟု ၎င်းက ဆိုသည်။
လုပ်ခစားလုပ်ငန်း (CMP) များကို အတိုးနှုန်းနည်းပါးသည့် ချေးငွေများအလုံအလောက်ဖန် တီးပေးရန်၊ နိုင်ငံခြားငွေလဲလည် နှုန်းထားတည်ငြိမ်အောင်လုပ် ဆောင်ရန်၊ အချိန်ပိုသတ်မှတ်နှုန်း ထားလျှော့ချပေးရန်၊ တနင်္ဂနွေရုံး ပိတ်ရက်တွင် ကုန်ထုတ်လုပ်မှုမရှိ ဘဲ လုပ်ခပေးနေရခြင်းကို ပြန် လည်သုံးသပ်ပေးရန်၊ လုပ်ခလစာ ကြီးမြင့်လာခြင်းနှင့်အတူ အလုပ် ရှင်က အလုပ်သမားများအတွက် ပေးဆောင်ရသည့် လူမှုဖူလုံရေး အာမခံကြေးများအား စဉ်းစားပေး ရန်၊ စက်မှုဇုန်များ၏ သွားလာရေးကောင်းမွန်ရန် စသည့်အချက်များ ကို အစိုးရက ဖြည့်ဆည်းထောက်ပံ့ ကူညီမည်ဆိုပါက လုပ်ငန်းရှင်များအတွက် အသက်ရှူချောင်သည့် အခြေအနေ ရှိလာနိုင်ကြောင်း အထည်ချုပ် လုပ်ငန်းရှင်များက တင်ပြသည်။ အလုပ်သမား တစ်ဦးအား ကျပ် ၃,၆၀၀ ပေးချေရမည်ဆိုပါ က တစ်လလျှင် တနင်္ဂနွေ လေးရက်အတွက် ၁၄,၄၀၀ ကျပ်ပေးသွားမည်ဖြစ်ပြီး အလုပ်သမားဦးရေ သုံးရာရှိသည့် အလုပ်ရုံတွင် တစ်လလျှင် ကျပ် ၄၃ သိန်းကျော်၊ အလုပ်သမားဦးရေ တစ်ထောင်ရှိသည့် အလုပ်ရုံတွင် ကျပ် ၁၄၄ သိန်း ပေးဆောင်နေရမည်ဟု လုပ်ငန်းရှင်များက တွက်ပြသည်။
လူမှုဖူလုံကြေးထည့်ဝင်နေ ရသည့်ကိစ္စနှင့်ပတ်သက်၍လည်း လုပ်သားတစ်ဦးအား ကျပ် ၃,၆၀၀ပေးရမည်ဆိုပါက တစ်လလျှင် အလုပ်ရှင်က ၎င်းအတွက် ထည့်ဝင်ပေးရမည့် လူမှုဖူလုံကြေးမှာ တစ်လလျှင် ကျပ် ၅,၆၀၀ ခန့် ဖြစ် သွားမည်ဖြစ်ပြီး အလုပ်သမား အရေအတွက် တစ်ထောင်ရှိမည့် စက်ရုံတွင် ကျပ် သိန်း ၅၆၀ ခန့် အပိုကုန်ကျမှုရှိလာမည်ဟုလည်း ဆိုသည်။
လက်ရှိ အထည်ချုပ်စက်ရုံ များတွင် ဘွဲ့ရဦးရေမှာ ၃ ရာခိုင် နှုန်းသာရှိပြီး မူလတန်းနှင့် အ လယ်တန်းအောင် ၉၀ ရာခိုင်နှုန်း နှင့် အမျိုးသမီးလုပ်သားထု ၉၁ ရာခိုင်နှုန်းခန့်အပ်ထားခြင်းကြောင့် ဆင်း ရဲနွမ်းပါးမှုလျှော့ချစေရေးကို အထောက်အကူပြုသော လုပ်ငန်း ဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။
အဆိုပါအချက်များကို ဖြည့် ဆည်းပေးနိုင်ခြင်းမရှိပါက ကျပ် ၂,၅၀၀ ထက်ပို၍ တိုးမြှင့်ပေးနိုင်မည်မဟုတ်ကြောင်း အထည်ချုပ်လုပ်ငန်းရှင်များက တညီတညွတ်တည်းပြောကြားခဲ့သည်။
ဆွေးနွေးပွဲတွင် တရုတ်နိုင်ငံ သားအထည်ချုပ်လုပ်ငန်းရှင်များ က အနည်းဆုံးအခကြေးငွေနှုန်း ထား ကျပ် ၃,၆၀၀ မပေးနိုင်၍ လုပ်ငန်းလည်ပတ်မှု ရပ်နားလိုက်ရ မည်ဆိုပါက ၎င်းတို့ ရပ်နားလို စိတ်မရှိဘဲ ရပ်နားရခြင်းဖြစ်သော ကြောင့် အလုပ်သမားများအား လျော်ကြေးပေးရန် ဆန္ဒမရှိကြောင်း ပြောကြားခဲ့သည်။
ယင်းပြောကြားမှုအပေါ် မြန် မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင် အသင်းက အစိုးရတာဝန်ရှိသူများ နှင့် တွေ့ဆုံရာတွင် ထည့်သွင်း တင်ပြနိုင်ရန် မှတ်တမ်းတင်ထား မည်ဖြစ်ကြောင်း ယင်းအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောသည်။
အနည်းဆုံး အခကြေးငွေ သတ်မှတ်နိုင်ရန် အစိုးရ၊ အလုပ်သမား၊ အလုပ်ရှင်သုံးပွင့်ဆိုင်ပါဝင်သော အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့၌ ဇွန် ၂၂ နှင့် ၂၃ ရက်တွင် ပြုလုပ်ခဲ့ပြီး အလုပ်ရှင်အလုပ်သမားများ၏ အဆိုပြုနှုန်းကို တောင်းယူခဲ့သည်။ ထိုစဉ်က အလုပ်သမားများက တစ်ရက်လုပ်ခ ၄,၀၀၀ ကျပ်၊ အလုပ်ရှင်များက ၂,၅၀၀ ကျပ်ဖြင့် အသီးသီးအဆိုပြုခဲ့ကြသည်။
အနည်းဆုံး အခကြေးငွေ သတ်မှတ်ခြင်းဆိုင်ရာ အမျိုးသား ကော်မတီက ဇွန်လ ၂၉ ရက်တွင် အနည်းဆုံး အခကြေးငွေအဖြစ် တစ်ရက်လုပ်ခ ၃,၆၀၀ ကျပ်၊ တစ်နာရီလုပ်ခ ၄၅၀ ကျပ်အဖြစ် အဆိုပြုနှုန်းသတ်မှတ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းသတ်မှတ်နှုန်းထားကို လက်ခံနိုင်ပါက သက်ဆိုင်ရာ အသင်းအဖွဲ့များ၊ လူပုဂ္ဂိုလ်များအနေဖြင့် နှစ်ပတ်အ တွင်း ကန့်ကွက်ခြင်း၊ အကြံပြုခြင်းများပြုလုပ်နိုင်မည် ဖြစ်သည်။
ကော်မတီမှ သတ်မှတ်အဆို ပြုသည့် ကျပ် ၃,၆၀၀ ကို အလုပ် သမား အများစုက လက်ခံကြသော်လည်း အလုပ်ရှင်များကမူ မိမိ လုပ်ငန်းအလိုက် သီးခြားကန့် ကွက်မှုများပြုလုပ်သွားမည်ဖြစ် ကြောင်း မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောကြားသည်။
မိုးမင်း / ထက်အာကာ - 7day daily
Sign up here with your email
ConversionConversion EmoticonEmoticon