မြန်မာလုပ်သားနှစ်ဦး မိဘများကို ရန်ကုန်ပြန်ပို့သူ အမည်မည်းစာရင်းသွင်းခံရ

ဖမ်းဆီးခံမြန်မာလုပ်သားနှစ်ဦး၏ မိဘများကိုရန်ကုန်မြို့သို့ ပြန်လည်ပို့ဆောင်ပေးခဲ့သော မြန်မာသံရုံးအထူး အဖွဲ့မှ ဦးကျော်သောင်းကို မြန်မာလူဝင်မှုကြီးကြပ်ရေးဌာနက နာမည်ပျက် (Black List) စာရင်းသွင်းခံရ
ကြောင်း သတင်းရရှိသည်။ဦးကျော်သောင်းသည် ဖမ်းဆီးခံမြန်မာလုပ်သားနှစ်ဦးအား နိုဝင်ဘာ ၄ ရက်ည ပိုင်းက မြန်မာနိုင်ငံသို့လိုက်လံပို့ဆောင်ပြီး နိုဝင်ဘာ ၆ ရက်က ထိုင်းနိုင်ငံပြန်ရန် ရန်ကုန်လေဆိပ်၌ လူဝင် မှုကြီးကြပ်ရေးဌာနကို ဖြတ်သန်းချိန်မှသာ၎င်း၏ နာမည်မှာ နာမည်ပျက်စာရင်းသွင်းခံထားရကြောင်းကို သိရှိခဲ့ရသည်ဟု  ယခု ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်နေပြီဖြစ်သော ဦးကျော်သောင်းက 7Day သို့ ပြော သည်။

ဦးကျော်သောင်းသည် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာလုပ်သားများအရေး အကူအညီပေးနေသူတစ် ဦး ဖြစ်သည်။လိပ်ကျွန်းလူသတ်မှုဖြင့် ဖမ်းဆီးခံရသော မြန်မာလုပ်သားနှစ်ဦးအမှုအား ကူညီဆောင်ရွက်ပေး ရန်ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးအမတ်ကြီး ဦးဝင်းမောင်က ဖွဲ့စည်းထားသော မြန်မာသံရုံးအဖွဲ့တွင် ဦးဆောင်ပါဝင်သူလည်း ဖြစ်သည်။‘‘ဒီနေ့ မနက်မှာ သံရုံးမှာ အထူးအစည်းရှိလို့ မနက်လေယာဉ်နဲ့ ပြန်လာ ဖို့အတွက် လ၀ကကို ဖြတ်တဲ့အချိန်မှာ လ၀ကကနာမည်ပျက်စာရင်းသွင်းထာတယ်လို့ ပြောတယ်။

အဲဒါနဲ့ လ၀ကရုံးက ခေါ်ပြောတာ အချိန်တစ်နာရီလောက်ကြာတယ်။ထိုင်းမှာရှိတဲ့ မြန်မာတွေကို ကူညီနေ တဲ့သူကို နာမည်ပျက်စာရင်းသွင်းတာ လ၀ကကို နားမလည်ဘူး။ ဒီခရီးစဉ်ကိုလည်းသံအမတ်ကြီးက လိုက် ပို့ခိုင်းတာပါ။ နာမည်ပျက်စာရင်းသွင်းခံရတာနဲ့ပတ်သက်လို့ သတင်းစာရှင်းလင်းပွဲလုပ်သွားမယ်’’ဟု ဦးကျော်သောင်းက ပြောသည်။

ဦးကျော်သောင်းသည် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာလုပ်သားများ၏ ပြဿနာများကို လိုက်လံကူညီဖြေ ရှင်းပေးနေသူ ဖြစ်သည်။လိပ်ကျွန်းလူသတ်မှုဖြင့် ဖမ်းဆီးခံရသော မြန်မာလုပ်သားနှစ်ဦးအမှုအား ကူညီ
ဆောင်ရွက်ပေးရန်ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးသံအမတ်ကြီး ဦးဝင်းမောင်က ဖွဲ့စည်းထားသော မြန်မာ သံရုံးအဖွဲ့တွင် ဦးဆောင်ပါဝင်သူ ဖြစ်သည်။‘‘အလုပ်သမားအရေးဆောင်ရွက်နေတဲ့သူ ကို မြန်မာအစိုး ရ၀န်ကြီးဌာနအချို့က အခုလိုနာမည်ပျက်စာရင်းသွင်းတာဟာ အလုပ်သင့်မလုပ်ထိုက်တာပဲ။ အခုလိုမျိုး နာမည်ပျက်စာရင်းသွင်းခံရတာဟာ အထူးသဖြင့် လိပ်ကျွန်းအမှုလုပ်ဆောင်နေချိန်မှာ ဒီလိုမျိုးဖြစ်တာဟာ လုပ်ငန်းအတွက် အတားအဆီးဖြစ်စေပါတယ်’’ဟု မြန်မာသံရုံးအထူးအဖွဲ့မှ ဦးထူးချစ်က ပြောသည်။

ဦးကျော်သောင်းသည် ဖမ်းဆီးခံမြန်မာလုပ်သားနှစ်ဦး၏ မိဘများကို အောက်တိုဘာ ၂၂ ရက်ကထိုင်းနိုင်ငံ သို့ သွားရောက်ရန် လာရောက်ခေါ်ဆောင်ခဲ့ပြီး နိုဝင်ဘာ ၄ ရက်တွင် ရန်ကုန်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ သူ ဖြစ်သည်။

7day

ConversionConversion EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng
Powered by Blogger.