ယုံၾကည္မႈအျပည့္ရွိတဲ့ Relationship တစ္ခုကို ဘယ္လိုတည္ေဆာက္မလဲ




Zawgyi ျဖင့္ဖတ္ရန္

Relationship တစ္ခုမွာ တစ္ေယာက္နဲ႔တစ္ေယာက္ ယုံၾကည္မႈရွိဖို႔က အရမ္းကို အေရးႀကီးပါတယ္။ ယုံၾကည္မႈမရွိရင္ ဘယ္ေလာက္ခ်စ္ခ်စ္ အဆင္မေျပပဲ ခဏခဏျပႆနာေတြ တက္ေနမွာပါ။ ဒါဆိုရင္ ယုံၾကည္မႈအျပည့္ရွိတဲ့ Relationship တစ္ခုကို ဘယ္လိုတည္ေဆာက္ၾကမလဲ?

တစ္ေယာက္နဲ႔တစ္ေယာက္ပြင့္လင္းပါ

တစ္ေယာက္နဲ႔ တစ္ေယာက္ ဘယ္ကိစၥမဆို ပြင့္ပြင့္လင္းလင္းရွိပါ။ ပြင့္လင္းမႈရွိမွ ယုံၾကည္မႈဆိုတာလည္း ရွိလာမွာပါ။ ကိုယ့္ခ်စ္သူအေပၚမွာလည္း ႐ိုးသားပါ။ တစ္ေယာက္မသိတာကို တစ္ေယာက္က မလုပ္ပါနဲ႔။ တစ္ခုခုဆိုရင္ ႀကိဳေျပာထားလိုက္ရင္ သံသယျဖစ္စရာလည္း ရွိေတာ့မွာမဟုတ္ပါဘူး။



မလိမ္ပါနဲ႔

လိမ္တာက အဆိုးဆုံးပါပဲ။ တစ္ခါလိမ္လိုက္တာနဲ႔ အလိမ္ခံရတဲ့သူက ေနာက္ဆိုရင္ေကာ ဒီလိုလိမ္မွာလား၊ အမွန္တိုင္းေျပာေနရင္ေတာင္ လိမ္ေနတာမ်ားလားဆိုၿပီး ေတြးမိလာပါတယ္။ လိမ္ထားတာကို သိသြားလို႔ စိတ္ဆိုးတာထက္စာရင္ အမွန္တိုင္းေျပာလိုက္လို႔ စိတ္ဆိုးသြားတာက ပိုေခ်ာ့ရလြယ္ပါတယ္။ ဒါေၾကာင့္ မလိမ္မိေအာင္ ႀကိဳးစားပါ။ ဒါဆိုရင္ တစ္ေယာက္နဲ႔တစ္ေယာက္ ယုံၾကည္မႈပိုတိုးလာပါလိမ့္မယ္။




သစၥာ႐ြိပါ

ကိုယ့္ခ်စ္သူအေပၚမွာ သစၥာရွိပါ။ သူ႔ေနာက္ကြယ္မွာလည္း သစၥာရွိေပးပါ။ ဒါမွ တစ္ေယာက္နဲ႔တစ္ေယာက္ ယုံၾကည္မႈေတြ ပိုခိုင္ၿမဲၿပီး ေပ်ာ္႐ႊင္တဲ့ Relationship တစ္ခုကို ပိုင္ဆိုင္ႏိုင္မွာပါ။



သံသယစိတ္ေတြမမ်ားပါနဲ႔

တစ္ေယာက္က မယုံၾကည္ေအာင္လုပ္ေနလို႔ သံသယျဖစ္တာမ်ိဳးက ဘာမွမျဖစ္ေပမယ့္ ဘာမွလည္းမလုပ္ပဲ ကိုယ့္အေတြးနဲ႔ကိုယ္၊ အေတြးေတြလြန္ၿပီး သံသယစိတ္မ်ားေနတာမ်ိဳး၊ တစ္ဖက္လူကို ဘာမွမေသခ်ာပဲ စြပ္စြဲေျပာဆိုတာ၊ ျပႆနာရွာတာမ်ိဳးမလုပ္ပါနဲ႔။ တစ္ခါတစ္ေလက်ရင္ သံသယစိတ္ေတြေၾကာင့္ပဲ ယုံၾကည္မႈေတြ ပိုပ်က္လာရပါတယ္။



share from: theesaychin


Unicode ဖြင့်ဖတ်ရန်

ယုံကြည်မှုအပြည့်ရှိတဲ့ Relationship တစ်ခုကို ဘယ်လိုတည်ဆောက်မလဲ



Relationship တစ်ခုမှာ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုရှိဖို့က အရမ်းကို အရေးကြီးပါတယ်။ ယုံကြည်မှုမရှိရင် ဘယ်လောက်ချစ်ချစ် အဆင်မပြေပဲ ခဏခဏပြဿနာတွေ တက်နေမှာပါ။ ဒါဆိုရင် ယုံကြည်မှုအပြည့်ရှိတဲ့ Relationship တစ်ခုကို ဘယ်လိုတည်ဆောက်ကြမလဲ?

တစ်ယောက်နဲ့တစ်ယောက်ပွင့်လင်းပါ

တစ်ယောက်နဲ့ တစ်ယောက် ဘယ်ကိစ္စမဆို ပွင့်ပွင့်လင်းလင်းရှိပါ။ ပွင့်လင်းမှုရှိမှ ယုံကြည်မှုဆိုတာလည်း ရှိလာမှာပါ။ ကိုယ့်ချစ်သူအပေါ်မှာလည်း ရိုးသားပါ။ တစ်ယောက်မသိတာကို တစ်ယောက်က မလုပ်ပါနဲ့။ တစ်ခုခုဆိုရင် ကြိုပြောထားလိုက်ရင် သံသယဖြစ်စရာလည်း ရှိတော့မှာမဟုတ်ပါဘူး။



မလိမ်ပါနဲ့

လိမ်တာက အဆိုးဆုံးပါပဲ။ တစ်ခါလိမ်လိုက်တာနဲ့ အလိမ်ခံရတဲ့သူက နောက်ဆိုရင်ကော ဒီလိုလိမ်မှာလား၊ အမှန်တိုင်းပြောနေရင်တောင် လိမ်နေတာများလားဆိုပြီး တွေးမိလာပါတယ်။ လိမ်ထားတာကို သိသွားလို့ စိတ်ဆိုးတာထက်စာရင် အမှန်တိုင်းပြောလိုက်လို့ စိတ်ဆိုးသွားတာက ပိုချော့ရလွယ်ပါတယ်။ ဒါကြောင့် မလိမ်မိအောင် ကြိုးစားပါ။ ဒါဆိုရင် တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုပိုတိုးလာပါလိမ့်မယ်။



သစ္စာရွိပါ

ကိုယ့်ချစ်သူအပေါ်မှာ သစ္စာရှိပါ။ သူ့နောက်ကွယ်မှာလည်း သစ္စာရှိပေးပါ။ ဒါမှ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုတွေ ပိုခိုင်မြဲပြီး ပျော်ရွှင်တဲ့ Relationship တစ်ခုကို ပိုင်ဆိုင်နိုင်မှာပါ။



သံသယစိတ်တွေမများပါနဲ့

တစ်ယောက်က မယုံကြည်အောင်လုပ်နေလို့ သံသယဖြစ်တာမျိုးက ဘာမှမဖြစ်ပေမယ့် ဘာမှလည်းမလုပ်ပဲ ကိုယ့်အတွေးနဲ့ကိုယ်၊ အတွေးတွေလွန်ပြီး သံသယစိတ်များနေတာမျိုး၊ တစ်ဖက်လူကို ဘာမှမသေချာပဲ စွပ်စွဲပြောဆိုတာ၊ ပြဿနာရှာတာမျိုးမလုပ်ပါနဲ့။ တစ်ခါတစ်လေကျရင် သံသယစိတ်တွေကြောင့်ပဲ ယုံကြည်မှုတွေ ပိုပျက်လာရပါတယ်။



share from: theesaychin

Previous
Next Post »
Powered by Blogger.