ဗကသ ကျောင်းသား ၄ ဦး ထောင်ဒဏ်အသီးသီး ချမှတ်ခံရ







၃ လလောက် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မန္တလေး ရတနာပုံ တက္ကသိုလ်က ဗကသ ကျောင်းသား ၄ ဦးဖြစ်တဲ့ ကိုနိုင်ရဲဝေ၊ ကိုအောင်ဆန်းဦး၊ ကိုဂျစ်တူးနဲ့ ဉာဏ်လင်းထက်တို့ ၄ ဦးကို အမရပူရတရားရုံးက ဒီနေ့ ထောင်ဒဏ်တွေ အသီးသီးအမိန့်ချမှတ်လိုက်ပါတယ်။

ရတနာပုံတက္ကသိုလ်ရှေ့မှာ မှုတ်ဆေးနဲ့ အစိုးရကို ဝေဖန်တဲ့ ကန့်ကွက်စာတွေရေးသားခဲ့တာကြောင့် အခုလို ထောင်ဒဏ်ချမှတ်ခံရတာဖြစ်ပြီး ကိုနိုင်ရဲဝေကို ထောင်ဒဏ် ၉ လ၊ ကျန်တဲ့ ၃ ဦးကို ထောင်ဒဏ် ၆ လစီ တပေါင်းတည်း ချမှတ်ခဲ့ပါတယ်။ သူတို့အားလုံးဟာ ချုပ်ရက် ၃ လနီးပါးစီ ရှိခဲ့ပြီး ဖြစ်ပါတယ်။

ဓာတ်ပုံ – ကျော်ဇေ / DVB
Previous
Next Post »
Powered by Blogger.