၂ဝ၁၅ ခုနှစ်၊ ဧပြီလ ၁ရ ရက်နေ့ ည ၉ နာရီ ၁၅ မိနစ်အချိန် ရန်ကုန်တိုင်း ဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၃/၃-၄)ကြားတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်းသတင်းအရ အမှတ်(၃)အမြန်လမ်းမကြီးရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့
သည်။
စစ်ဆေးချက်အရ နေပြည်တော်မှ ရန်ကုန်သို့ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ (တ/၁၅)ရပ်
စစ်ဆေးချက်အရ နေပြည်တော်မှ ရန်ကုန်သို့ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ (တ/၁၅)ရပ်
ကွက်နေ လှဝင်းထွန်း(၃ဝ)နှစ်မောင်းနှင်လာသော 8L/****ပစ်ကပ် လိုက်ထရပ်အဖြူရောင်ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ဘေးရှိ မြေသားလမ်းပေါ်သို့ ရောက်ရှိတိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသူ (၃၂)ဦးအနက် ယာဉ်မောင်း လှဝင်းထွန်းနှင့် တစ်ရပ်ကွက်တည်းနေ ကိုထွန်းထွန်းဝင်း(၃၆)နှစ်ပါ ကျား ၁၂ ဦး၊ မ ၁ဝ ဦး၊ စုစုပေါင်း (၂၂)ဦးတို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် လှည်းကူးပြည်သူ့ ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပြီး လှဝင်းထွန်းအား

အမှတ်(၃)အမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ)၁၃/၂ဝ၁၅၊ ပြစ်မှုပုဒ်မ ၃၃၈/၃၃ရ ဖြင့် အမှုဖွင့်အရေးယူ
ထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်
ရဲဇာနည်
Sign up here with your email
ConversionConversion EmoticonEmoticon