


Zawgyi ဖြင့်ဖတ်ရန်













Unicode ဖြင့်ဖတ်ရန်

အသားမဲတယ်လို့ကဲ့ရဲ့ခံရတာကြောင့် မိန်းကလေးတစ်ဦး ကိုယ့်ကိုကို အဆုံးစီရင်


အိန္ဒိယနိုင်ငံမှာ အသက် ၂၁ နှစ်အရွယ် အိမ်ထောင်ရှင် အမျိုးသမီးတစ်ဦးဟာ လင်ဖြစ်သူက သူ့ကို အသားမည်းတာနဲ့ ပတ်သက်ပြီး အကြိမ်ကြိမ် ကဲ့ရဲ့ပြောဆိုတာကြောင့် နောက်ဆုံးမှာ ကိုယ်ကိုကို အဆုံးစီရင်သွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ရာဂျက်စသန်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်အတွင်း ကိုယ်ကိုကို သတ်သေသွားခဲ့သူ အမျိုးသမီးရဲ့ ဖခင်ဖြစ်သူဟာ သူ့သမီး သေဆုံးရတာအတွက် သမက်ဖြစ်သူကို ရဲစခန်းမှာ စွဲဆိုအမှုဖွင့်ထားတယ်လို့လည်း သိရပါတယ်။



ခုလို လာရောက် အမှုဖွင့်ထားတာ ရှိပေမယ့် ဖမ်းဆီးတာမျိုးတော့ မရှိသေးသလို အခု ဖြစ်ရပ်နဲ့ ပတ်သက်ပြီးလည်း ခင်ပွန်းဖြစ်သူဆီက တုံ့ပြန်ပြောဆိုမှု မရှိသေးပါ။
အိန္ဒိယမှာ တော်တော်များများက အသားဖြူသူတွေကို အသားမည်းသူတွေထက် ပိုပြီး အထက်တန်းကျတယ်လို့ မှတ်ယူထားတတ်ကြတာ ဖြစ်ပါတယ်။

သေဆုံးသူ အမျိုးသမီးရဲ့ ဖခင်ဖြစ်သူရဲ့ ရဲထံ တိုင်ကြားချက်မှာတော့ သူ့သမက်ဟာ သူ့ သမီး အသားမည်းတာကို အကြိမ်ကြိမ် ကဲ့ရဲ့အပြစ်ဆိုတာကြောင့် ခုလို ကိုယ့်ကိုကို အဆုံးစီရင်မှု ဖြစ်ရတယ်လို့ တိုင်ချက်ဖွင့်ထားတာ ဖြစ်ပါတယ်။



အသားမည်းတာနဲ့ ပတ်သက်ပြီး မခံချင်အောင် ပြောခံရလို့ အမျိုးသမီးတွေ ကိုယ့်ကိုကို အဆုံးစီရင်တာဟာ အိန္ဒိယနိုင်ငံအတွက် အခု ဖြစ်ရပ်က ပထမဆုံး မဟုတ်ပါ။

၂၀၁၄ ခုနှစ်အတွင်းက အသက် ၂၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ သူ့ယောက်ကျားဖြစ်သူရဲ့ သူ့ အသားမည်းတာကို မခံချင်အောင် ပြောခံရတာအတွက် ကိုယ့်ကိုကို သတ်သေခဲ့ပါတယ်။
၂၀၁၈ တုန်းကလည်း အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦးဟာ အတန်းဖော်တွေရဲ့ သူ အသားမည်းတာကြောင့် ရုပ်ဆိုးမလို့ အခေါ်ခံရပြီး အနိုင်ကျင့်ခံရတာကြောင့် ကိုယ့်ကိုကို သတ်သေခဲ့ဖူးပါတယ်။

Writer_ မောင်သံဆင့်(XYZ News)


Previous
Next Post »
Powered by Blogger.