မိမိရဲ႕ဆရာအေဟာင္းကို ေလယဥ္ေပၚမွာ မ်က္ရည္က်ေစခဲ့နဲ႔ ေလယဥ္ေမာင္း


Zawgyi ျဖင့္ဖတ္ရန္

လူတိုင္းလူတိုင္းရဲ႕ဘဝမွာ ကိုယ့္ကို အတတ္ပညာသင္ေပးခဲ့႐ုံသာမက သားသမီးလိုမ်ိဳး ေထြးေပြ႕ကာ ေႏြးေထြးမႈေပးခဲ့တဲ့ ဆရာ ဆရာမေတြဆိုတာ ရွိတတ္စၿမဲပါ။




တူရကီမွ ေလယာဥ္မႉးတစ္ေယာက္ကေတာ့ သူ႔ဘဝကို ပဲ့ျပင္ဆုံးမေပးခဲ့တဲ့ ေက်းဇူးႀကီးမားတဲ့ ဆရာကို သူေမာင္းႏွင္တဲ့ေလယာဥ္စီးလာစဥ္မွာ ေက်းဇူးတင္ေၾကာင္းေျပာကာ အံ့ၾသဝမ္းသာေအာင္လုပ္ခဲ့ပါတယ္။

Selahattin Onan ဟာ ေလယာဥ္အေမာင္းသင္စ လူငယ္ေတြရဲ႕ ဘဝကို စတင္ရာမွာ မ်ားစြာအကူအညီေပးခဲ့တဲ့ ေလယာဥ္ေမာင္းနည္းျပျဖစ္ပါတယ္။

သူ႔ရဲ႕ဆရာဟာ သူစီးနင္းလာတဲ့ေလယာဥ္မွာ ခရီးသည္အျဖစ္ လိုက္ပါလာေၾကာင္းသိတဲ့ေလယာဥ္မႉးဟာ သူငယ္ခ်င္းေတြနဲ႔အတူ ဆရာ့ကိုအံ့ၾသဝမ္းသာေအာင္ လုပ္ေပးခဲ့တာဟာ ျမင္ရသူအေပါင္း မ်က္ရည္ဝဲေစခဲ့ပါတယ္။

ကပၸတိန္အျဖစ္ ႏွစ္၂၀ၾကာ တာဝန္ထမ္းေဆာင္ခဲ့ၿပီး နည္းျပအျဖစ္ ၁၀ေက်ာ္တာဝန္ထမ္းေဆာင္ကာ သူတို႔လို ေလယာဥ္မႉးေတြကို ေမြးထုတ္ေပးခဲ့တဲ့ ဆရာျဖစ္သူရဲ႕ေက်းဇူးေၾကာင့္ သူတူရကီေလေၾကာင္းလိုင္းမွာ တာဝန္ထမ္းေဆာင္ႏိုင္တာျဖစ္ေၾကာင္း ေျပာျပခဲ့ပါတယ္။





ဆရာ့ရဲ႕ အႏႈိင္းအဆမဲ့တဲ့ ေက်းဇူးေတြ ဖခင္တစ္ဦးကို တပည့္ေတြအေပၚ သားသမီးအရင္းလိုဂ႐ုစိုက္ေပးတာေတြကို ေျပာမျပတတ္ေအာင္ ေက်းဇူးတင္ေနတဲ့ တပည့္ျဖစ္သူေတြရဲ႕စကားေတြနဲ႔ တျခားေလယာဥ္မႉးတပည့္ေတြရဲ႕ ဂုဏ္ျပဳပန္းစည္းေတြေၾကာင့္ ဆရာျဖစ္သူ ဘယ္ေလာက္ေတာင္ ဝမ္းသာပီတိျဖစ္ရလဲဆိုတာ အခုတင္ဆက္ေပးထားတဲ့ ဗြီဒီယိုေလးထဲမွာ ေတြ႕ႏိုင္မွာပါ။

ေလယာဥ္စီးသူအားလုံးကို မ်က္ရည္လည္ေစခဲ့တဲ့ ဆရာ့ေက်းဇူးကိုထုတ္ေဖာ္ဂုဏ္ျပဳတဲ့ျဖစ္ရပ္ေလးကို ပရိသတ္ႀကီးလည္း ၾကည္ႏူးရေစဖို႔ တင္ဆက္ေပးလိုက္ပါတယ္ေနာ္။

Writer -LLA ( Shwe Yaung Lan )



Unicode ဖြင့်ဖတ်ရန်


မိမိရဲ့ဆရာအဟောင်းကို လေယဉ်ပေါ်မှာ မျက်ရည်ကျစေခဲ့နဲ့ လေယဉ်မောင်း

လူတိုင်းလူတိုင်းရဲ့ဘဝမှာ ကိုယ့်ကို အတတ်ပညာသင်ပေးခဲ့ရုံသာမက သားသမီးလိုမျိုး ထွေးပွေ့ကာ နွေးထွေးမှုပေးခဲ့တဲ့ ဆရာ ဆရာမတွေဆိုတာ ရှိတတ်စမြဲပါ။


တူရကီမှ လေယာဉ်မှူးတစ်ယောက်ကတော့ သူ့ဘဝကို ပဲ့ပြင်ဆုံးမပေးခဲ့တဲ့ ကျေးဇူးကြီးမားတဲ့ ဆရာကို သူမောင်းနှင်တဲ့လေယာဉ်စီးလာစဉ်မှာ ကျေးဇူးတင်ကြောင်းပြောကာ အံ့သြဝမ်းသာအောင်လုပ်ခဲ့ပါတယ်။

Selahattin Onan ဟာ လေယာဉ်အမောင်းသင်စ လူငယ်တွေရဲ့ ဘဝကို စတင်ရာမှာ များစွာအကူအညီပေးခဲ့တဲ့ လေယာဉ်မောင်းနည်းပြဖြစ်ပါတယ်။

သူ့ရဲ့ဆရာဟာ သူစီးနင်းလာတဲ့လေယာဉ်မှာ ခရီးသည်အဖြစ် လိုက်ပါလာကြောင်းသိတဲ့လေယာဉ်မှူးဟာ သူငယ်ချင်းတွေနဲ့အတူ ဆရာ့ကိုအံ့သြဝမ်းသာအောင် လုပ်ပေးခဲ့တာဟာ မြင်ရသူအပေါင်း မျက်ရည်ဝဲစေခဲ့ပါတယ်။

ကပ္ပတိန်အဖြစ် နှစ်၂၀ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး နည်းပြအဖြစ် ၁၀ကျော်တာဝန်ထမ်းဆောင်ကာ သူတို့လို လေယာဉ်မှူးတွေကို မွေးထုတ်ပေးခဲ့တဲ့ ဆရာဖြစ်သူရဲ့ကျေးဇူးကြောင့် သူတူရကီလေကြောင်းလိုင်းမှာ တာဝန်ထမ်းဆောင်နိုင်တာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။



ဆရာ့ရဲ့ အနှိုင်းအဆမဲ့တဲ့ ကျေးဇူးတွေ ဖခင်တစ်ဦးကို တပည့်တွေအပေါ် သားသမီးအရင်းလိုဂရုစိုက်ပေးတာတွေကို ပြောမပြတတ်အောင် ကျေးဇူးတင်နေတဲ့ တပည့်ဖြစ်သူတွေရဲ့စကားတွေနဲ့ တခြားလေယာဉ်မှူးတပည့်တွေရဲ့ ဂုဏ်ပြုပန်းစည်းတွေကြောင့် ဆရာဖြစ်သူ ဘယ်လောက်တောင် ဝမ်းသာပီတိဖြစ်ရလဲဆိုတာ အခုတင်ဆက်ပေးထားတဲ့ ဗွီဒီယိုလေးထဲမှာ တွေ့နိုင်မှာပါ။

လေယာဉ်စီးသူအားလုံးကို မျက်ရည်လည်စေခဲ့တဲ့ ဆရာ့ကျေးဇူးကိုထုတ်ဖော်ဂုဏ်ပြုတဲ့ဖြစ်ရပ်လေးကို ပရိသတ်ကြီးလည်း ကြည်နူးရစေဖို့ တင်ဆက်ပေးလိုက်ပါတယ်နော်။

Writer -LLA ( Shwe Yaung Lan )


Previous
Next Post »
Powered by Blogger.