Zawgyi ျဖင့္ဖတ္ရန္
ရာသီဥတုေဖာက္ျပန္မႈေတြေၾကာင့္ ေႏြဆိုရင္ စြတ္ပူ ၊ ေဆာင္းဆိုရင္ အလြန္ေအးတတ္တဲ့ ကမာၻႀကီးမွာ ဗူးေလးရာ ဖ႐ုံဆင့္ ဆိုသလို အေအးလိုင္းက ထပ္မံျဖတ္သန္းတာေၾကာင့္ အားလုံးဂ႐ုစိုက္ရမယ့္ အေနအထားျဖစ္ပါတယ္။ ဒါကိုလည္း ျမန္မာႏိုင္ငံရဲ႕ မိုးေလဝသႏွင့္ ဇလေဗဒဦးစီးဌာနကေနၿပီးေတာ့ အမ်ားျပည္သူမ်ား သတိထားႏိုင္ေအာင္ႀကိဳတင္ေၾကညာထားတာကို သိၾကမွာပါေနာ္။
ထိုင္းႏိုင္ငံ ေျမာက္ပိုင္းမွာေတာ့ အေအးလိုင္းျဖတ္ၿပီး အေအးဓာတ္ပိုေနတာေၾကာင့္ လူ၃ဦး ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။ ၿပီးခဲ့တဲ့ ရက္ကလည္း အသက္ ၃၈ ႏွစ္အ႐ြယ္ရွိတဲ့ ဖခင္ဟာ သားသမီးေတြအတြက္ ၿခဳံေစာင္ မလုံေလာက္လို႔ သူေစာင္ကိုပါေပးၿပီးၿခဳံေစခဲ့တာေၾကာင့္ သူကေတာ့ အေအးပတ္ၿပီး ေသဆုံးခဲ့တယ္လို႔ စိတ္မခ်မ္းေျမ့ဖြယ္သိရွိရပါတယ္။
ဒီအမ်ိဳးသားကေတာ့ ဇနီးနဲ႔ကြဲကြာေနတာၾကာၿပီျဖစ္ၿပီးေတာ့ သမီး ၂ ေယာက္နဲ႔အတူ တူေနတယ္လို႔ သိရပါတယ္။ အခုလို အေအးလိုင္းျဖတ္တဲ့အခ်ိန္မွာ တစ္အိမ္လုံးမွာ ေစာင္ ၃ ထည္သာ ရွိတာေၾကာင့္ သမီးတစ္ဦးကိုေတာ့ ေဆြမ်ိဳးေတြအိမ္မွာ သြားအိပ္
ေစၿပီးေတာ့ က်န္တဲ့သမီးကိုေတာ့ ေစာင္ ၃ ထည္လုံးေပးၿခဳံခဲ့တာလို႔ သိရပါတယ္။
အဲ့ဒီေနာက္ေတာ့ သူဟာ အက်ီလက္ရွည္တစ္ထည္ကို ဝတ္ၿပီး အိပ္စက္ေပမယ့္ ၉ ဒီဂရီဆဲဆီးယပ္ မွ်ရွိတဲံ အေအးဒဏ္ေၾကာင့္ မနက္မိုးလင္းေတာ့ ေသဆုံးခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။သမီး ေလးဟာ တေရးႏိုးခ်ိန္မွာ အရမ္းခ်မ္းေနတဲ့အေဖ့အတြက္ သူမရဲ႕ ေစာင္ တစ္ထည္ကို မွ်ေပးခဲ့ေပမယ့္ မနက္မွာေတာ့ ႏိုးမရခဲ့ေတာ့တာျဖစ္ေၾကာင္း သိရပါတယ္။ဒါေၾကာင့္ ျမန္မာႏိုင္ငံတစ္နံတစ္လ်ားက မိဘျပည္သူမ်ားအေနနဲ႔ အေအးလိုင္းျဖတ္သန္းခ်ိန္မွာ မေပါ့ဆပဲ ေႏြးေထြးစြာေနၾကဖို႔ ၊သက္ႀကီးသူမ်ား ၊ ကေလးမ်ားကို ပိုမိုဂ႐ုစိုက္ႏိုင္ၾကေစဖို႔ အသိေပးတင္ျပလိုက္ပါတယ္ေနာ္။
Writer – SMT( Shwe Yaung Lan)
Unicode ဖြင့်ဖတ်ရန်
သမီးဖြစ်သူ ကိုရှိသမျှစောင်အကုန်ပေးခြုံခဲ့လို့ အအေးဒဏ်ကြောင့်သေဆုံးခဲ့ရတဲ့ ဖခင်ဖြစ်သူရဲ့ ဝမ်းနည်းစရာဖြစ်ရပ်
ရာသီဥတုဖောက်ပြန်မှုတွေကြောင့် နွေဆိုရင် စွတ်ပူ ၊ ဆောင်းဆိုရင် အလွန်အေးတတ်တဲ့ ကမ္ဘာကြီးမှာ ဗူးလေးရာ ဖရုံဆင့် ဆိုသလို အအေးလိုင်းက ထပ်မံဖြတ်သန်းတာကြောင့် အားလုံးဂရုစိုက်ရမယ့် အနေအထားဖြစ်ပါတယ်။ ဒါကိုလည်း မြန်မာနိုင်ငံရဲ့ မိုး
လေဝသနှင့် ဇလဗေဒဦးစီးဌာနကနေပြီးတော့ အများပြည်သူများ သတိထားနိုင်အောင်ကြိုတင်ကြေညာထားတာကို သိကြမှာပါနော်။
ထိုင်းနိုင်ငံ မြောက်ပိုင်းမှာတော့ အအေးလိုင်းဖြတ်ပြီး အအေးဓာတ်ပိုနေတာကြောင့် လူ၃ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရက်ကလည်း အသက် ၃၈ နှစ်အရွယ်ရှိတဲ့ ဖခင်ဟာ သားသမီးတွေအတွက် ခြုံစောင် မလုံလောက်လို့ သူစောင်ကိုပါပေးပြီး
ခြုံစေခဲ့တာကြောင့် သူကတော့ အအေးပတ်ပြီး သေဆုံးခဲ့တယ်လို့ စိတ်မချမ်းမြေ့ဖွယ်သိရှိရပါတယ်။
ဒီအမျိုးသားကတော့ ဇနီးနဲ့ကွဲကွာနေတာကြာပြီဖြစ်ပြီးတော့ သမီး ၂ ယောက်နဲ့အတူ တူနေတယ်လို့ သိရပါတယ်။ အခုလို အအေးလိုင်းဖြတ်တဲ့အချိန်မှာ တစ်အိမ်လုံးမှာ စောင် ၃ ထည်သာ ရှိတာကြောင့် သမီးတစ်ဦးကိုတော့ ဆွေမျိုးတွေအိမ်မှာ သွားအိပ်
စေပြီးတော့ ကျန်တဲ့သမီးကိုတော့ စောင် ၃ ထည်လုံးပေးခြုံခဲ့တာလို့ သိရပါတယ်။
အဲ့ဒီနောက်တော့ သူဟာ အကျီလက်ရှည်တစ်ထည်ကို ဝတ်ပြီး အိပ်စက်ပေမယ့် ၉ ဒီဂရီဆဲဆီးယပ် မျှရှိတဲံ အအေးဒဏ်ကြောင့် မနက်မိုးလင်းတော့ သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။သမီး လေးဟာ တရေးနိုးချိန်မှာ အရမ်းချမ်းနေတဲ့အဖေ့အတွက် သူမရဲ့ စောင် တစ်ထည်ကို မျှပေးခဲ့ပေမယ့် မနက်မှာတော့ နိုးမရခဲ့တော့တာဖြစ်ကြောင်း သိရပါတယ်။ဒါကြောင့် မြန်မာနိုင်ငံတစ်နံတစ်လျားက မိဘပြည်သူများအနေနဲ့ အအေးလိုင်းဖြတ်သန်းချိန်မှာ မပေါ့ဆပဲ နွေးထွေးစွာနေကြဖို့ ၊သက်ကြီးသူများ ၊ ကလေးများကို ပိုမိုဂရုစိုက်နိုင်ကြစေဖို့ အသိပေးတင်ပြလိုက်ပါတယ်နော်။
Writer – SMT( Shwe Yaung Lan)
Sign up here with your email
ConversionConversion EmoticonEmoticon